Border News Agency
ဆီလက်၊ ဇူလိုင် ၃၀။
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ အမေရိကန်စစ်တပ်ကြားပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ ဇူလိုင်လ ၂၉ ရက်၊ မနေ့ကပြီးသွားပြီလို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ထုတ်ပြန်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆီလက်မြို့ရှိ ဂျလာလာဘတ်စစ်စခန်းမှာ ဇူလိုင်လ ၁၉ ရက်နေ့က စတင်လေ့ကျင့်ခဲ့ကြတာဖြစ်ပြီး “လျှပ်စစ်ကျား” လို့ အမည်ပေးထားတာပါ။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ဘင်္ဂလားဒေ့ရှ်စစ်သားကိုးဆယ်နှစ်ဦးနဲ့ အမေရိကန်စစ်သားရှစ်ဆယ်ရှစ်ဦးပါဝင်ခဲ့ကြပါတယ်။


















