Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

​ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ် သွားရောက်တွေ့ဆုံ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊သြဂုတ် ၃။

​ဒေါ်အောင်ဆန်းစုကြည်ဆီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque က ဩဂုတ်လ ၃ ရက်၊ ဒီနေ့မနက်ကသွားရောက်တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာတွေမှာဖော်ပြပါတယ်။

အဲ​ဒီလိုသွားရောက်တွေ့ဆုံရာမှာ ဘာကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ နှစ်ဖက်စလုံးကသတင်းအသေးစိတ်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

​အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမှာ စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ အခုလို ICRC ဌာနနေကိုယ်စားလှယ်သွားရောက်တွေ့ဆုံတဲ့ သတင်းထွက်ပေါ်လာတာပါ။

​အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲ့ အာဏာသိမ်းစစ်တပ်ရောက်ရှိနေတဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဝင်ရောက်ကူညီနိုင်ဖို့ အာဏာသိမ်းစစ်တပ်ဆီ အမြဲတမ်းတောင်းဆိုထားတာဖြစ်ပါတယ်။

​ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ICRC ရဲ့ ထောင်ဝင်စာကြည့်ရှုခွင့်တွေနဲ့ အကျဉ်းသားတွေကို လွတ်လပ်စွာတွေ့ဆုံခွင့်တွေကို ပိတ်ပင်ကန့်သတ်ထားဆဲပဲဖြစ်ပါတယ်။

မြေပြင်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအများအပြားဟာ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာ၊ အကျဉ်းထောင်ထဲမှာ ဖိနှိပ်ခံရတာတွေကို ကြုံတွေ့နေရတယ်လို့ အကျဉ်းထောင်ကူညီစောင့်ရှောက်ရေး အဖွဲ့တွေကဆိုပါတယ်။

​လက်ရှိမှာအသက် ၈၁ နှစ်ကျော်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တွေရဖို့ ခက်ခဲနေဆဲဖြစ်ပြီး ICRC လိုပဲ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လွတ်လပ်စွာတွေ့ဆုံခွင့်ရဖို့ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

PrevPreviousတာ့ခ်မှာကလေးတွေအပါအဝင် မြန်မာလေးဆယ့်ရှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)
Nextသံတွဲမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်နေNext
Previous Post

တာ့ခ်မှာကလေးတွေအပါအဝင် မြန်မာလေးဆယ့်ရှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

Next Post

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တမူးမြို့နယ်ရှိ မက်သဒစ်ဘုရားကျောင်းကို စစ်တပ်လေကြောင်းတိုက်

August 8, 2026
ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု

ကနီမှာ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်

August 8, 2026
(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

Releated Post

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 8, 2026
(ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများသပိတ်ကော်မတီ)

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

August 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page