Border News Agency
တောင်ကုတ်၊ သြဂုတ် ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ် အောင်စိတ်ကေမြစ်ထဲ စက်လှေမှောက်ပြီးပျောက်ဆုံးနေတဲ့ ခရီးသည်ခုနှစ်ဦးလုံးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့လို့ စုစုပေါင်းသေဆုံးသူကိုးဦးထိရှိလာပါတယ်။
ထပ်တွေ့သူတွေထဲမှာ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဆရာမအေးအေးမူ၊ အသက်ငါးဆယ်နှစ်အရွယ် ဦးတင်ထွန်းနဲ့ အသက်နှစ်ဆယ့်နှစ် နှစ်အရွယ် ဇော်ဝင်းလှိုင်တို့ပါဝင်ပါတယ်။
အဲဒီအပြင် အသက်လေးဆယ့်နှစ်နှစ်အရွယ် ဦးညီဆန်းချေ၊ အသက်တဆယ့်ရှစ်နှစ်အရွယ် ကျောင်းသားမျိုးမင်းထွန်း၊ အသက်နှစ်ဆယ့်ငါး နှစ်အရွယ် ဆရာမအိဖြူနဲ့ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် ပြည့်စုံဟိန်းတို့ဖြစ်ပါတယ်။
စက်လှေမှောက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာပဲ ပါဝင်သူဆယ့်သုံးဦးထဲကလေးဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တာပါ။
အခုတွေ့ရှိတဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာကစိစစ်ပြီး မိသားစုတွေဆီပြန်လည်အပ်နှံကာသင်္ဂြိုဟ်ပေးခဲ့ပါတယ်။






