Border News Agency
နေပြည်တော်၊ သြဂုတ် ၆။
နေပြည်တော်မှာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးတွေအဖွဲ့ချုပ် ဥက္ကဋ္ဌကာဒီနယ်ချားလ်စ်ဘို ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ ၅ ရက်နေ့ကတွေ့ခဲ့ပါတယ်။
အဲဒီကာဒီနယ်ချားလ်စ်ဘိုက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ရတာ ဝမ်းမြောက်ကြောင်းနဲ့စိန်ခေါ်မှုတွေကြားတာဝန်ထမ်းဆောင်နေတာကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ဘာသာရေးနဲ့ပတ်သက်ပြီး ခွဲခြားမှုမထားရှိဘဲ ဘာသာတရားကတဆင့် ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးနိုင်ဖို့ အားပေးနေတယ်လို့ပြောခဲ့ပါတယ်။














