Border News Agency
ပဲခူး၊သြဂုတ် ၆ါ
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အင်တိုင်းကုန်းကျေးရွာကို သြဂုတ်လ ၅ ရက်နေ့က အာဏာသိမ်း စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအင်တိုင်းကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခြောက်ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာပါ။
အဲဒီအသက်တနှစ်အရွယ် မောင်ဟိန်းထက်ပိုင်၊ အသက်တဆယ့်နှစ်နှစ်အရွယ်မချစ်၊ အသက်သုံးဆယ့်ငါးနှစ်အရွယ် မယုယုမော်၊ အသက်လေးဆယ့်လေး နှစ်အရွယ် ဦးသန်းဇော်၊ အသက်လေးဆယ့်ခှုနှစ်နှစ်အရွယ် ဒေါ်ဌေးဌေးဦးနဲ့ အသက်ခုနှစ်ဆယ်နှစ်အရွယ် ဦးမဲကြီးတို့ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲက မချစ်နဲ့ ဒေါ်ဌေးဌေးဦးတို့ နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေရရှိထားတာဖြစ်ပါတယ်။
အဲဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလူနေအိမ်သုံးလုံးလည်း ပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။













