Border News Agency
မြဝတီ၊ သြဂုတ် ၇။
အမှတ် ၁ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား မဲဆောက်ဘက်ခြမ်းတံတားထိပ်မှာ စည်းကမ်းမဲ့ယာဉ်ရပ်တန့်မှုတွေကြောင့် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပြီး သွားလာရေးကြန့်ကြာနေရပါတယ်။
အဲဒါကြောင့်တံတားပေါ် ဖြတ်သန်းသွားလာရာမှာ လမ်းအလယ်စည်းကျော်ရပ်တာ၊ ယာဉ်တွေတစောင်းရပ်တာနဲ့ နှစ်ထပ်ရပ်တန့်တာတွေကို လုံးဝမပြုလုပ်ကြဖို့ သတိပေးထားတာပါ။
အဲဒီအပြင် မဲဆောက်ဘက်အဝင် တံဆိပ်တုံးရိုက်နှိပ်ဖို့စောင့်ဆိုင်းချိန်မှာလည်း လက်ဝဲဘက်မှာ စနစ်တကျတန်းစီရမှာဖြစ်ပြီး ရှေ့ယာဉ်ကို ကျော်တက်တာမျိုးမလုပ်ဖို့ နှိုးဆော်ထားပါတယ်။
အဲဒီစည်းကမ်းတွေကိုဖောက်ဖျက်ရင် ပထမအကြိမ်တပတ်၊ ဒုတိယအကြိမ်တလနဲ့ တတိယအကြိမ်မှာသုံးလထိ တံတားဖြတ်သန်းခွင့်ပိတ်အရေးယူသွားမှာပါ။
အဲဒီစည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို ပြည်သူတွေလည်း မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးပို့တိုင်ကြားနိုင်ပြီး တိုင်ကြားလာပါက ထိရောက်စွာ အရေးယူသွားမယ်လို့ဆိုပါတယ်။







