Border News Agency
နေပြည်တော်၊ သြဂုတ် ၁၁။
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ မိုင်းလားအဖွဲ့ (NDAA)ဟာ ဩဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်မှာတွေ့ကြပါတယ်။
အဲဒီမှာဒေသတွင်းဖွံ့ဖြိုးရေးအပြင် ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြုပြင်ရေးနဲ့ မိုင်းယု-ကျိုင်းယန်းတံတားကို ပုံမှန်ပြန်ဖြတ်သန်းသွားလာနိုင်ဖို့ နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ကြတာပါ။
အဲဒီအပြင် မိုင်းလားနယ်စပ်ဒေသက ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မြှင့်တင်ရေး၊ဆေးဘက်ဆိုင်ရာ သင်တန်းတွေပေးရေးနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပေါင်းလုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီးစိုက်ပျိုးရေးထွက်ကုန်တွေအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုတွေလုပ်ပေးဖို့ ဆွေးနွေးခဲ့ကြသလို ဆွေးနွေးချက်တွေကိုလည်း နှစ်ဖက်မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ NDAA ဥက္ကဋ္ဌဦးထိန်လင်းက ဧရာဝတီတိုင်း၊လေးမျက်နှာရေဘေးအတွက် အလှူငွေတွေပေးခဲ့ပါတယ်။










