Border News Agency
ကျောက်ထု၊ ဩဂုတ် ၁၆။
ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၃၆၈ အမြောက်တပ်မှ အင်အားတရာခန့်ပါစစ်ကြောင်းဟာ ဩဂုတ်လ ၁၆ ရက်၊ဒီနေ့မနက် ၆ နာရီအချိန်က ပန်းဆန်ကျေးရွာမှတဆင့် မြောက်ဘက်ကားလမ်းမကြီးအတိုင်း ကြီးရွာဘက်သို့ဦးတည်ထွက်ခွာလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျောက်ထုတပ်မှ ပန်းဆန်ကျေးရွာသို့ ယောချောင်းကိုဖြတ်ကူးပြီးထွက်ခွာလာချိန် လမ်းတလျှောက်နဲ့ပန်းဆန်ကျေးရွာရှိတဲ့ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
”လမ်းမှာတွေ့ရတဲ့လူတွေကို ဖမ်းသွားတာပါ။ အရေအတွက်တော့အတိအကျ မပြောတတ်ပါဘူး။ များတာကတော့ များပါတယ်။ မိအယ်ဘက်လမ်းအတိုင်း မြောက်ဘက်ကိုထွက်သွားပါတယ်။”လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
အဲဒီအာဏာသိမ်းစစ်ကြောင်းဟာ ပန်းဆန်လမ်းဆုံမှ ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဘက်သို့ထွက်ခွာနေပြီး ဖမ်းဆီးခံရတဲ့ ဓားစာခံအရေအတွက်ကို မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ဆောနဲ့ကျောက်ထုကိုအခြေပြုပြီး ချင်းတောင်ကိုထိုးစစ်ဆင်နေပေမယ့် မထိုးဖောက်နိုင်တာမို့ အရပ်သားတွေကို လူသားဒိုင်းကာလုပ်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။








