Border News Agency
ရုရုား၊ ဩဂုတ် ၁၆။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီရက်ပိုင်းရုရှားသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၅ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီရုရှားသမ္မတပူတင်၊ဝန်ကြီးချုပ်၊ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ပြီး နှစ်နိုင်ငံလုံခြုံရေး၊ စီးပွားရေးဆိုင်ရာ မဟာဗျူဟာမြောက်ပေါင်းလုပ်မှာတွေကို ဆွေးနွေးမှာဖြစ်သလို မြန်မာ-ရုရှားစီးပွားရေးဖိုရမ်သို့လည်းတက်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လက်နက်ဝယ်ယူရေးနဲ့အပြည်ပြည်ဆိုင်ရာထောက်ခံမှုရရှိရေးအတွက် ရုရှားနိုင်ငံကို အဓိကအားကိုးနေရတာပါ။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာပြီး ခဲ့တဲ့လတွေကလည်း အိန္ဒိယ၊တရုတ်နဲ့လာအို၊ထိုင်းနိုင်ငံသို့သွားခဲ့ကာ သံတမန်ရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်တွေကြောင့် နယ်မြေအများအပြားနဲ့ စခန်းပေါင်းများစွာဆုံးရှုံးထားရသလို ဘက်ပေါင်းစုံမှ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပခရီးစဉ်တွေကိုဆက်တိုက်ထွက်နေတာလည်းဖြစ်ပါတယ်။










