Border News Agency
အင်ဒိုနီးရှား၊ ဩဂုတ် ၁၆။
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၊အရှေ့နူဆာတန်ဂါရာပြည်နယ်၊ဖလိုရက်စ်ကျွန်းမှာ ဩဂုတ်လ ၁၅ ရက်၊မနက်ပိုင်းက ပြင်းအား ခုနှစ် ဒသမ ခုနှစ်ရှိအားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
အဲဒီငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူငါးဆယ့်တဦးရှိလာပြီး ပြည်သူငါးထောင်နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထွက်ပြေးနေကြရပါတယ်။
အဲဒီအပြင်နောက်ဆက်တွဲ ငလျင်သုံးရာလေးဆယ့်တကြိမ်အထိ ဆက်လက်လှုပ်ခတ်ခဲ့တာကြောင့် လူသုံးဆယ့်ခြောက်ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကာ ခုနှစ်ဆယ့်ခုနှစ်ဦးအနည်းငယ်ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်အရှိန်ကြောင့် နေအိမ်တထောင်သုံးရာကျော်ပျက်စီးခဲ့ရသလို လမ်းတွေ၊မြေပြိုပိတ်ဆို့တာနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေကြုံတွေ့နေရပါတယ်။
အဲဒီငလျင်အပြင်းအထန်လှုပ်ခတ်သွားတဲ့နေရာတွေမှာ အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေကို ရှာဖွေနိုင်ဖို့ ဟယ်လီကော့ပတာသုံးစီးနဲ့ သင်္ဘောတွေအသုံးပြုပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေးပေါ် ဆက်လက် ဆောင်ရွက်ပေးနေကြပါတယ်။










