Border News Agency
ရန်ကုန်၊ ဩဂုတ် ၁၆။
ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊အဖျောက်မြို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်တက်လာနေပါတယ်။
အဲဒီမြစ်ရေဝင်ရောက်မှုကြောင့် အဖျောက်မြို့ရှိ အခြေခံပညာစာသင်ကျောင်းငါးကျောင်းရဲ့ ကျောင်းဝင်းတွေအတွင်း ရေတွေစတင်ဝင်ရောက်နေတာပါ။
အဲဒါကြောင့်ကျောင်းသား၊ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သဲရိုး၊ရေပြန်၊ရေလဲကြီး၊ မအူကုန်း မူလတန်းကျောင်းတွေနဲ့ အလယ်ကင်းအလယ်တန်းကျောင်းခွဲကို ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ယာယီပိတ်ထားတ ယ်လို့ မြို့နယ်ပညာရေးမှူးရုံးကထုတ်ပြန်ပါတယ်။
အဲဒီစာသင်ကျောင်းတွေကို မြစ်ရေပြန်လည်ကျဆင်းချိန်မှသာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းပိတ်ထားစဉ်ကာလ သင်ခန်းစာတွေကိုလည်းအစားထိုး ပြန်လည်သင်ကြားပေးသွားမယ်လို့ဆိုပါတယ်။
မြန်မာပြည်အနှံ့မြို့နယ်တချို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်ကျော်နေတာမို့ လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဆေးရုံတွေ ပိတ်ထားကြရပါတယ်။












