Border News Agency
ရသေ့တောင်၊သြဂုတ် ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ကို ဩဂုတ်လ ၁၈ ရက်၊ဒီနေ့မနက် ၉ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်အုပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနဲ့လိုင်ဂွင်ကျေးရွာဖက်ကို ဒီနေ့ နံနက် ၉ နာရီကျော်အချိန်မှ ၁၀ နာရီကျော်အချိန်ထိ တနာရီနီးပါးလေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်ခဲ့တာပါ။
အဲဒီရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို ဩဂုတ်လ ၁၇ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်လေးဆယ်ရှစ်နှစ်အရွယ်ဒေါ်သန်းမေနုဒဏ်ရာရခဲ့ပြီး လူနေအိမ်သုံးလုံးပျက်စီးခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ ပြည်သူတွေသေဆုံးဒဏ်ရာ
ရနေကြပါတယ်။






