Border News Agency
ရုရှား၊ဩဂုတ် ၁၉။
ရုရှားသမ္မတဗလာဒီမာ ပူတင်ရဲ့ဖိတ်ကြားချက်နဲ့ ရုရှားနိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပလယ်ဟာနော့ဗ်ရုရှားစီးပွားရေးတက္ကသိုလ်က ဩဂုတ်လ ၁၉ ရက်၊ ဒီနေ့ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးအပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အတူ ခရီးစဉ်မှာလိုက်ပါလာကြတဲ့ ဝန်ကြီးတွေနဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။
အခမ်းအနားမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကိုလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ဩဂုတ်လ ၁၇ ရက်ကတည်းကရောက်ရှိနေတာဖြစ်ပြီး ရုရှားသမ္မတပူတင်အပြင်ဝန်ကြီးချုပ်နဲ့ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။



















