Border News Agency
အိန္ဒိယ၊ ဩဂုတ် ၁၉။
အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် ကာလကတ္တားမြို့ရှိ ဟိုတယ်တခုမှာ ဩဂုတ်လ ၁၉ ရက်၊ဒီနေ့ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီမီးလောင်မှုမှာ ကာလကတ္တားမြို့လယ်ရှိ အနောက်ဘင်္ဂလားမီးသတ်ဌာနချုပ်အနီး ဟိုတယ်တခုမှစတင်ခဲ့တာဖြစ်ပြီး အဆောက်အအုံအတွင်း မီးခိုးတွေပိတ်ဖုံးနေတဲ့အတွက် အပေါ်ထပ်မှာပိတ်မိနေသူတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ဖို့ခက်ခဲခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ လျှပ်စစ်စနစ်ချို့ယွင်းမှုနဲ့ ဓာတ်ငွေ့အိုးပေါက်ကွဲမှုတွေကြောင့် မီးလောင်မှုတွေမကြာခဏဖြစ်ပွားလေ့ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း အနောက်ဘင်္ဂလားပြည်နယ်ရှိ ဟိုတယ်တခုမီးလောင်မှုကြောင့် လူခုနှစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီပြင် BIA ကိုကားလေးအပါအဝင် အပျော်စီးသင်္ဘောတွေနဲ့ နိုက်ကလပ်တွေမှာမီးလောင်မှုတွေဖြစ်ပွားခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ဂိုအာပြည်နယ်ရှိ နိုက်ကလပ်တခု မီးလောင်လို လူနှစ်ဆယ့်ငါးဦးသေဆုံးခဲ့ပါတယ်။













