Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း အမ်းခရိုင် အာရက္ခဒေသ

အာရက္ခပြည်သူတွေ မြေမြုပ်မိုင်းအန္တရာယ်ကို ဆက်တိုင်းကြုံနေရ

(ဓာတ်ပုံ - မြေမြုပ်မိုင်းကြောင့်ထိခိုက်သွားတဲ့မောင်တောမြို့နယ်မှအမျိုးသမီးတဦး / APM)

(ဓာတ်ပုံ - မြေမြုပ်မိုင်းကြောင့်ထိခိုက်သွားတဲ့မောင်တောမြို့နယ်မှအမျိုးသမီးတဦး / APM)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
22
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မတ်လ ၁ ရက်နေ့မှမတ်လ ၁၄ ရက်နေ့၊ဒီနေ့ထိ နှစ်ပတ်အတွင်း မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဒဏ်ရာရသူတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တော၊မင်းပြား၊တောင်ကုတ်၊အမ်းမြို့နယ်တွေက ဖြစ်ကြပါတယ်။

မောင်တောမြို့၊ လသာရပ်ကွက်နေအသက်လေးဆယ်လေးနှစ်အရွယ်အဒူလာဟော့လ်ဟာ မတ်လ ၁၄ ရက်၊ ဒီနေ့ နေ့လည်က ရွှေဇားချောင်းကမ်းဖက်ကို ငါရှာသွားရင်းစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နောက်ပြီး မောင်တောမြို့နယ်၊ရွှေဇားအနောက်ရွာမှာ မတ်လ ၁၃ ရက်ရက်နေ့ကလည်း ငါးရှာဖို့သွားရင်းနဲ့စစ်ကောင် စီတပ်တောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့အသက်တဆယ့်ရှစ်နှစ်အရွယ် မာမောက်ယာဆိမ့်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်လည်းကွယ်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။

အဲဒီအပြင်အမ်းမြို့နယ်၊ပြုတ်ကျွန်းရွာမှာ မတ်လ ၁၂ ရက်နေ့ကလည်း ထင်းခုတ်ဖို့သွားရင်းနဲ့စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အသက်ငါးဆယ်ငါးနှစ်အရွယ် ဦးညီညီမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားပြီး မျက်နှာတခုလုံးမှာလည်းမိုင်းစထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နောက်ပြီး တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ မတ်လ ၁၁ ရက်၊နေ့လည် ၁၂ နာရီ ၄၀ မိနစ်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အနီးကို ဟင်းရှာသွားရင်းနဲ့ စစ်ကောင်စီထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အသက်သုံးဆယ်လေးနှစ်အရွယ် ဦးမောင်ဌေးဝင်းမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။

အဲဒီမင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်မှာ မတ်လ ၄ ရက်နေ့က အိမ်ခေါင်မိုးမှာရှိနေတဲ့ စစ်ကျန်ဗုံးသီးပြုတ်ကျရာမှာ အသက်တဆယ့်လေးနှစ်အရွယ် မောင်အောင်မင်းမှာ ဘယ်ဖက်ပေါင်နဲ့ညာဖက်လက်ခုံမှာ ဒဏ်ရာပြင်းပြင်းထ န်ထန်ရသွားခဲ့ပါတယ်။

အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ရွှေဇား၊ရွှေဇား(ဂုံးနား)၊အီတာလျာ၊ကမ်းပိုင်းနား၊ကပ်ဘေး၊စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီလဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့လမ်းဘေးဝဲယာတွေမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းသုံးဆယ်ကျော်ကို အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအပြင်တောင်ကုတ်မြို့အခြေစိုက်၊ ခမရ ၅၄၄တပ်ရင်းအနီးအနားနဲ့ ဂူတာရပ်ကွက်၊လမ်းတွေမှာ မတ်လ ၁၀ ရက်နေ့က မိုင်းရှင်းလင်းခဲ့ရာမှာ စစ်ကောင် စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းသုံးဆယ်ရှစ်လုံးကို အာရက္ခစစ်သည်တော်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတ ယ်။

အဲဒီသံတွဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းချခဲ့တဲ့နေရယတွေ၊ယာယီတပ်စွဲခဲ့တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊စစ်​ကောင်စီတပ်စခန်းနဲ့အနီးအနားက ကားလမ်း၊လူနေရပ်ကွက်၊ ကျေးရွာတွေ၊ တောတောင်တွေမှာ ဖေဖော်ဝါရီလ ပထမအပတ်ကစလို့ မိုင်းရှင်းလင်းရေးတွေလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်း၊ စစ်ကျန်မိုင်းအလုံးရေသုံးဆယ်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပြင်မြောက်ဦးမြို့နယ်မှာလည်း ဖေဖော်ဝါရီကစလို့ မိုင်းရှင်းရေးတွေလုပ်နေတယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

PrevPreviousမောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ
Nextအာရက္ခပြည်သူအဓိပ္ပါယ်နှင့်နိုင်ငံသားအခြေပြုအမျိုးသားရေးအယူအဆNext
Previous Post

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Next Post

အာရက္ခပြည်သူအဓိပ္ပါယ်နှင့်နိုင်ငံသားအခြေပြုအမျိုးသားရေးအယူအဆ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စစ်တပ်ကို ဝိုင်းကူဖို့ စောမြရာဇာလင်းကို အာဏာသိမ်းစစ်တပ် ပြော

July 28, 2026
Photo - ONN

သံတွဲမြို့နယ်ကို စစ်တပ်လေကြောင်း တိုက်ခိုက်

July 28, 2026
​ဓာတ်ပုံ - NUG

မကွေးမှာ အာဏာသိမ်းစစ်ကြောင်း တိုက်ခိုက်ခံရလို့ လက်နက်တွေနဲ့ စစ်သုံ့ပန်းကိုးဦး ဖမ်းမိ

July 28, 2026
ဓာတ်ပုံ - မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

July 28, 2026

သံတွဲမြို့နယ်ကို စစ်တပ်လေကြောင်း တိုက်ခိုက်

မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာကိုးဆယ့်ကိုးဦးကို ပြန်ပို့

မကွေးမှာ အာဏာသိမ်းစစ်ကြောင်း တိုက်ခိုက်ခံရလို့ လက်နက်တွေနဲ့ စစ်သုံ့ပန်းကိုးဦး ဖမ်းမိ

မလေးရှားမှာ မြန်မာလေးဆယ့်ခုနှစ်ဦးအပါအဝင် ငါးဆယ့်ရှစ်ဦးဖမ်းခံရ

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

ပြင်သစ်နဲ့ စပိန်မှာ တောမီးကြောင့် လူသုံးသိန်းကျော်ဘေးလွတ်ရာ ရွှေ့ပြောင်းရ

Releated Post

Photo - ONN

သံတွဲမြို့နယ်ကို စစ်တပ်လေကြောင်း တိုက်ခိုက်

July 28, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံး

မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာကိုးဆယ့်ကိုးဦးကို ပြန်ပို့

July 28, 2026
​ဓာတ်ပုံ - NUG

မကွေးမှာ အာဏာသိမ်းစစ်ကြောင်း တိုက်ခိုက်ခံရလို့ လက်နက်တွေနဲ့ စစ်သုံ့ပန်းကိုးဦး ဖမ်းမိ

July 28, 2026
​ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာလေးဆယ့်ခုနှစ်ဦးအပါအဝင် ငါးဆယ့်ရှစ်ဦးဖမ်းခံရ

July 28, 2026
ဓာတ်ပုံ - မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့

ပခုက္ကူမှာစစ်တပ်ရဲ့ ရဲနှစ်ဦး လက်နက်တွေနဲ့ အရှင်မိ

July 28, 2026
ဓာတ်ပုံ - Al Jazeera

ပြင်သစ်နဲ့ စပိန်မှာ တောမီးကြောင့် လူသုံးသိန်းကျော်ဘေးလွတ်ရာ ရွှေ့ပြောင်းရ

July 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page