Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဩဂုတ် ၂၅။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လတုန်းကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရမှုအတွင်း သေဆုံးခဲ့ရသူတွေကို အမှတ်ရတဲ့အနေနဲ့ ရိုဟင်ဂျာတွေဖိနှိပ်ခံရမှု ကိုးနှစ်မြောက်အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာရှိတဲ့ရိုဟင်ဂျာအသိုင်းအဝိုင်းတွေက ဩဂုတ်လ၂၅ ရက်၊ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်တွေအတွင်းက အသက်ရှင်ကျန်ရစ်သူ ရိုဟင်ဂျာတွေဟာ ကိုးနှစ်တာကြာမြင့်လာခဲ့ပေမယ့် တရားမျှတမှု၊တာဝန်ခံမှုနဲ့ အခြေခံလူ့အခွင့်အရေးတွေ ပြန်လည်ရရှိရေးအတွက် ဆက်တောင်းဆိုနေကြတာပါ။
အဲဒီအပြင် မိဘဘိုးဘွားတွေရဲ့ မူရင်းနေရပ်ဆီဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်ခွင့်ရရှိရေးဟာလည်း သူတို့ရဲ့ အဓိကမျှော်လင့်ချက်အဖြစ်ပါဝင်နေပါတယ်။
အဲဒီမှာသေဆုံးသွားသူတွေအတွက် ဂုဏ်ပြုဆုတောင်းတာတွေပြုလုပ်ခဲ့ကြပြီး ဖြစ်စဉ်အတွင်းခံစားခဲ့ရတာတွေကို မေ့ပျောက်မသွားဘဲဆက်စွဲမြဲထားမယ်လို့ ရိုဟင်ဂျာလူထုအသိုင်းအဝိုင်းက ဆိုကြပါတယ်။


















