Border News Agency
လယ်ဒိုစိုး၊ ဩဂုတ် ၂၅။
မြိတ်-ထားဝယ်ခရိုင်၊လယ်ဒိုစိုးမြို့နယ်မှာ အရပ်သားတဦးကို အာဏာသိမ်းစစ်တပ်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန်ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးက သြဂုတ်လ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ခေါပေါ်(မြေးခံဘော်)ကျေးရွာမှ ရွာသားတဦးဟာ သြဂုတ်လ ၁၂ ရက်နေ့က ခမောင်းသွယ်ကျေးရွာအုပ်စုမှ ဓားသွေးကျောက်ကျေးရွာအုပ်စုသို့ ကွမ်းသီးခြံလုပ်ငန်းအတွက် အလုပ်သမားသွားရောက်ရှာဖွေချိန် လမ်းမှာအာဏာသိမ်းစစ်တပ်နဲ့တွေ့ကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အဲဒီအရပ်သားကို အကြောင်းပြချက်မှမရှိဘဲ ဖမ်းဆီးညှင်းပန်း နှိပ်စက်ခဲ့ပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် စတင်တည်ထောင်စဉ်ကတည်းက ကျင့်သုံးခဲ့တဲ့ဖက်ဆစ်စနစ်နဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ညှင်း
ပန်းနှိပ်စက်သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။









