Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၃

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
26
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

၃။ ဆိုရှယ်ဒီမိုကရေစီတွင်ပါဝင်နေသော အချက်အချို့။

က – ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီ(Participatory democracy)

ဆိုရှယ်ဒီမိုကရေစီတွင် ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီ(Participatory Democracy) စံနှုန်းများလည်းပါဝင်သည်။ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီ (Participatory Drmocracy)ကို အခြားအခေါ်အဝေါ်အရ (Participant Democracy၊ Participative Democracy)ဟုလည်းခေါကြသည်။အထူးသဖြင့် တဝက်တပျက်တိုက်ရိုက်ဒီမိုကရေစီ(Semi-Direct Democracy) ဟုလည်းခေါ်ကြသည်။

ထိုပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီ၏ရည်ရွယ်ချက်မှာ – ရွေးကောက်တင်မြောက်လိုက်သောဥပဒေပြုရေးကိုယ်စားလှယ်များနှင့်အုပ်ချုပ်ရေးကိုယ်စားလှယ်များအနေဖြင့်ဥပဒေ၊အစိုးရမူဝါဒများနှင့် အဆိုပါမူဝါဒဖြစ်စဉ်တိုင်းတွင် နိုင်ငံသားတဦးချင်းစီကို ပါဝင်ဆုံးဖြတ်ခိုင်းသည့်ပုံစံဖြစ်သည်။ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီနှင့်ကိုယ်စားပြုဒီမိုကရေစီအား ရောစပ်ကာ ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။

ခ – ကန့်သတ်ပိတ်ပင်ခွင့်ရဒီမိုကရေစီ (Deliberative democracy)

ထိုပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီသည်(Participatory Democracy)သည် ကန့်သတ်ပိတ်ပင်ခွင့်ရဒီမိုကရေစီ(Deliberative Democracy or Discursive Democracy)အမျိုးအစားဖြစ်ပေသည်။

လူထုသည် မိမိတို့ဆန္ဒမဲဖြင့်ရွေးကောက်တင်မြောက်လိုက်သောဥပဒေပြုရေးကိုယ်စားလှယ်နှင့်အုပ်ချုပ်ရေးကိုယ်စားလှယ်များကို ဥပဒေ၊မူဝါဒများ၊မူဝါဒဖြစ်စဥ်များတွင် အလုံးစုံအာဏာလွဲမထားချေ။

ထိုသို့လွဲမထားခြင်းမှာ မိမိရွေးချယ်လိုက်သောကိုယ်စားလှယ်များသည် ဖောက်ပြန်ပြောင်းလဲမည်ကို စိုးရိမ်၍ဖြစ်ပေသည်။

သို့ဖြစ်၍ မူဝါများ၊ မူဝါဒဖြစ်စဉ်များတွင် လူထုကပါဝင်ဆုံးဖြတ်ခွင့်ကိုပါပေးထားခြင်းဖြစ်ပေသည်။ရွေးကောက်တင်မြောက်လိုက်သောကိုယ်စားလှယ်များကို အာဏာကုန်လွဲအပ်ထားခြင်းမရှိသောကြောင့်(ကန့်သတ်ပိတ်ပင်ခွင့်ရဒီမိုကရေစီ)ဟု ခေါ်ရခြင်းဖြစ်ပေသည်။

ဂ – အကြံပြုဥာဏ်ပြုဒီမိုကေရစီ(Cons ultative Democracy)

ထိုပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီနှင့်ပိတ်ပင်ကန့်သတ်ခွင့်ရဒီမိုကရေစီအား ဆိုရှယ်ဒီမိုကရေစီတွင်ကျင့်သုံးရခြင်းမှာ အကြံပြုဥာဏ်ပြုဒီမိုကရေစီ(Consultative Democracy) အတွက်ဖြစ်ပေသည်။

ထိုမူဝါဒ၊ဥပဒေတခုကို ဘာကြောင့်ပြဌာန်းရသည်အကြောင့် ပြည်သူလူထုကို ပိုမိုသိရှိနားလည်သဘောပေါက်စေရန်ဖြစ်ပေသည်။

ထိုကဲ့သို့ဆွေးနွေးငြင်းခုံ၍ နောက်ဆုံးတွင် အပြန်အလှန်သဘောပေါက်နားလည်နိုင်သောအခင်းအကျင်းမျိုးကို ရည်ရွယ်လိုရင်းဖြစ်ပေသည်။

ဃ – သိမ်းပိုက်ရန် လှုပ်ရှားမှု (The Occupy Movement)

သိမ်းပိုက်ရန် လှုပ်ရှားမှု(The Occupy Movement)သည် နိုင်ငံတကာတွင်လူကြိုက်များသည် လူမှုနိုင်ငံရေးလှုပ်ရှားမှုဖြစ်ပေသည်။

အဆိုပါလူမှုနိုင်ငံရေးလှုပ်ရှားမှုပေါ်ပေါက်လာရခြင်းမှာ လူမှုစီးပွားရေးဆိုင်ရာမညီမျှမှုနှင့်ဒီမိုကရေစီဆုတ်ယုတ်လာမှုကို ဆန့်ကျင်ရန်အတွက် ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

ကွဲပြားခြားနားသည့် ဒီမိုကရေစီပုံစံနှင့်လူမှုစီးပွားရေးတွင် တရားမျှတမှုဖြစ်ထွန်းစေရန်မှာ The Occupy Movement ၏ ရည်ရွယ်ချက်ဖြစ်ပေသည်။

လူနည်းစုများအတွက် ချိုးဖေါက်မျက်ကွယ်ပြုခံနေရသောကိစ္စများ၊ဒီမိုကရေစီ ဆုတ်ယုတ်နေမှုများ၊တည်ငြိမ်အေးချမ်းမှုပျက်ပြားနေသောအခြေအနေများအတွက် ပြည်သူလူထုသည်လူထုညီလာခံ၊လူထုအစည်းအဝေးကဲ့သို့အရာများကိုပြုလုပ်ကာ ဥပဒေပြုရေး၊အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များကို တွန်းအားပေးသည့် လှုပ်ရှားမှုများဖြစ်ပေသည်။

ထိုလူထုအစည်းအဝေး၊လူထုညီလာခံမှဆုံးဖြတ်ချက်များကို ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးမှ အကောင်အထည်ဖေါ်ပေးရသည်။

ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီသည် The Occupy Movement များကို အားပေးသည်။

ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအား ပြည်သူလူထုကပြန်လည်ထိန်းချုပ်သည့်သဘောဖြစ်နေ၍လည်း The Occupy Movement ဟုခေါ်ခြင်းဖြစ်ပေသည်။

င – ဈေးကွက်အားအစိုးရမှဝင်ရောက်စွက်ဖက်ခြင်း (Market Intervention)

အရင်းရှင်စနစ်စီးပွားရေးအရ ဈေးကွက်အားလွတ်လပ်စွာယှဉ်ပြိုင်ရောင်းချဝယ်ယူခွင့်ပေးထားခြင်းသည် ကောင်းသောကျင့်ဝတ်ဖြစ်ပေသည်။

သို့သော်ယှဉ်ပြိုင်ရင်းဈေးကွက်အားတဦးတည်းက အပိုင်သိမ်းချုပ်ကိုင်သွားသောသဘောမျိုး၊ကုန်ဈေးနှုန်းများ မတန်တဆတက်လာသည့် သဘောမျိုး၊ကုန်ထုတ်လုပ်မှုထိခိုက်လာသည့်သဘောမျိုး၊စားသုံးသူအားလုံးဝထိခိုက်နစ်နာစေသည့်သဘောမျိုးဖြစ်လာလျှင်အစိုးရသည် ဈေးကွက်အားပြန်လည်သဟဇာတဖြစ်စေရန်၊တရားမျှတမှုဖြစ်စေရန်၊ဈေးကွက်ပျက်မသွားစေရန် ဝင်ရောက်ထိန်းသိမ်းပေးရပေသည်။

ထိုထိန်းသိမ်းပေးမှုကြောင့် ဈေးကွက်၏လွတ်လပ်စွာယှဉ်ပြိုင်ရောင်းချခွင့်အား ထိခိုက်စေ၍မရပေ။

စ – စီးပွားရေးအရဝင်ရောက်စွက်ဖက်ခြင်း(Economic Intervention)

ဈေးကွက်အားဝင်ရောက်စွက်ဖက်ခြင်းနှင့်စီးပွားရေးအရဝင်ရောက်စွက်ဖက်ခြင်းသည် ဆက်စပ်နေသည်။

ဥပမာ ၂၀၀၈ ခုနှစ်က အမေရိကန် A.I.G ဘဏ်ပြိုလဲချိန်တွင် အမေရိကန်သမ္မတဂျော့ဒဗလျူဘုရင့်အစိုးရက ဘဏ်အတွက်လိုအပ်သောငွေကိုထုတ်ချေးကာ ဘဏ်အားကျားကန်ပေးခဲ့သည်။

နောက် ဥပမာတခုမှာဒေါ်လာဈေးတက်လာသဖြင့် အစိုးရက ဒေါ်လာငွေများကို ထုတ်ရောင်းပေးခြင်းသဘောမျိုးဖြစ်ပေသည်။

ထိုဖြစ်စဉ်မျိုးများအား အစိုးရမှာ စီးပွားရေးတွင်ဝင်ရောက်စွက်ဖက်ခြင်းဟုခေါ်သည်။

အထက်တွင်ဖေါ်ပြထားသော စံနှုန်းအချက်များသည် ကျင့်သုံးပါက မရှိမကောင်း၊ရှိမကောင်းသောကိစ္စများဖြစ်ပေသည်။

ကျင့်သုံးပါက ဆိုးခြင်းနှင့်ကောင်းခြင်းကဒွန်းတွဲရှိနေတတ်ပေသည်။ မကျင့်သုံးပါက “ပို၍ဆိုးသောအခြေအနေ” ကို တွန်းပို့တတ်ပြန်ပေသည်။မရှိမကောင်း၊ ရှိမကောင်းဖြစ်၍ တဖက်စွန်း အသေဆုပ်ကိုင်ထားလျှင် ကောင်းခြင်းထက်ဆိုးခြင်းကသာ ပိုများနိုင်သောကိစ္စများဖြစ်ပေသည်။

သို့ဖြစ်၍မည်သည့်စံနှုန်းကို မည်သည့်အချိန်တွင် မည်မျှအတိုင်းအတာထိ အကောင်အထည်ဖေါ်ခြင်းသည် မိမိတို့ လူ့အဖွဲ့အစည်းအတွက် အဆင်ပြေမည် ဆိုသည်ကိုသာဥာဏ်ပညာ၊ခွဲခြမ်းစိတ် ဖြာသုံးသပ်မှု၊တရားမျှတမှု၊ဒီမိုကရေစီအနှစ်သာရ၊ကျင့်ဝတ်စံနှုန်းများနှင့်အညီပုံဖေါ်ယူရမည့် အချက်များဖြစ်ပေသည်။

ဆက်လက်ဖော်ပြမည်။

ဆက်စပ်ဆောင်းပါးများ

  • ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၁
  • ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၂
PrevPreviousတောင်ကုတ်မှာ စစ်ကျန်မိုင်းပေါက်ကွဲလို့ အမျိုးသမီးတဦးဒဏ်ရာရ
Nextအာရက္ခဒေသက တောင်သူလယ်သမားတွေ နိုင်ငံတကာအကူအညီ လိုအပ်နေNext
Previous Post

တောင်ကုတ်မှာ စစ်ကျန်မိုင်းပေါက်ကွဲလို့ အမျိုးသမီးတဦးဒဏ်ရာရ

Next Post

အာရက္ခဒေသက တောင်သူလယ်သမားတွေ နိုင်ငံတကာအကူအညီ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

ပါတီဝင်တွေ ပြည်သူအပေါ် စောင့်ထိန်းရမယ့်ကျင့်ဝတ် ULA သတ်မှတ်

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page