Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၉။
အာရက္ခဒေသအတွင်းဆေးဝါးအမည်သစ်တွေနဲ့ ထုတ်လုပ်၊ဖြန့်ဖြူးရောင်းချနေတဲ့ ဆေးဝါးတွေရှိ၊ မရှိ ဆေးဆိုင်ခြောက်ဆိုင်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က ဩဂုတ်လ ၁၂ ရက်နေ့မှာစစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးချိန် ဆေးဆိုင်တဆိုင်မှာ ဆေးဝါးအမည်သစ်နဲ့ ဆေးဝါးဆယ့်ခြောက်မျိုးကိုထုတ်လုပ်ဖြန့်ဖြူးနေသလို နောက်ထပ်သုံးဆိုင်မှာလည်း ဆေးဝါးတွေကိုတဆင့်ဝယ်ယူပြီးရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီဆေးဝါးတွေကို အိမ်နီးချင်းနိုင်ငံတခုမှာရှိတဲ့ ဆေးဝါးကုမ္ပဏီတွေဆီ မိမိတို့လိုချင်တဲ့ပုံစံနဲ့ အော်ဒါမှာယူထုတ်လုပ်ခိုင်းခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစလို့ အာရက္ခဒေသကမြို့နယ်တွေကိုဖြန့်ဖြူးနေတာဖြစ်ပါတယ်။
အဲဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် ဆေးဝါးတွေနဲ့ပတ်သက်လို့ ဆက်လက်စစ်ဆေးကြပ်မတ်ဆောင်ရွက်နေပါတယ်။














