Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး မြေပုံမြို့နယ် မြောက်ဦးခရိုင် အာရက္ခဒေသ

ပြင်ချောင်းရပ် ကွင်းအမှတ် (၁၈-ခ)ထဲက ပုဇွန်တာပြဿနာ

Author picture

By

Swe Zin Htike
Reading Time: 4 mins read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

Border News Agency
မြေပုံ၊ ဩဂုတ် ၂၉။

ပုဇွန်တာ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ပုဇွန်တာရဲ့သဘောက ချောင်းငယ်တွေကိုပိတ်ပြီး ငါး၊ပုဇွန်တွေမွေးတဲ့လုပ်ငန်းပါ။

ရေချိုနဲ့ရေငန်ထိစပ်တဲ့ ဒီရေတောနေရာရဲ့ သဘာဝကိုအခြေပြုတဲ့ လူမှုစီးပွားလုပ်ငန်း(ရေလုပ်ငန်း)လို့ပြောလို့ရပါတယ်။

ရခိုင်ဒေသထဲက ရေချိုရေငန်ထိစပ် ဒီရေတောနေရာက ချောင်းငယ်၊မြောင်းငယ်တွေကို တာတမံ ပိတ်ဆည်တဲ့အခါ ဆန်စပါးစိုက်ပျိုးရေးလည်း လုပ်လို့ရသလို ငါး၊ပုဇွန်မွေးမြူတဲ့ ရေလုပ်ငန်းလည်း လုပ်လို့ရတဲ့သဘောမှာရှိပါတယ်။

အဲဒီမြေတွေရဲ့သဘောက ကုန်းမြေပေါ်က ဆန်၊ စပါးအမြဲစိုက်တဲ့ တည်ငြိမ်မြေလို့လည်း အတိအကျပြောလို့မရပြန်ပါဘူး။

မြေရဲ့ အခြေအနေက ပိတ်ထားတဲ့တာတမံပေါ် အခြေခံထားရလို့ပါ။

အဲဒီလိုမြေတွေကို ဆန်စပါးအမြဲစိုက်တဲ့ကုန်းမြေထဲက တည်ငြိမ်လယ်ယာမြေအဖြစ် အလုံးစုံ သတ်မှတ်ချဉ်းကပ်လို့မရဘူးဆိုတဲ့ သဘောပါ။

အဲဒီလိုမြေတွေကို ဥပဒေကြောင်းအရချဉ်းကပ်ရင် လယ်ယာမြေဥပဒေတစ်ခုတည်းက ချဉ်းကပ်လို့ မရဘဲ အခြားဥပဒေရှုထောင့်တွေပါ လိုအပ်တဲ့သဘောကိုဆိုလိုချင်တာပါ။

လူဟာ မြေပေါ်မှာနေရင် မြေယာအငြင်းပွားမှုဆိုတာ လူ့သဘာဝတရားအရရှိတတ်တာဖြစ်လို့ အဲဒီလို ပုဇွန်တာတွေ၊ ဆည်တွေလုပ်ရင်ကော မြေယာအငြင်းပွားမှုပေါ်တတ်သလားဆိုရင် ပြဿနာ ပေါ်တတ်ပါတယ်။

ဘယ်လိုပေါ်တတ်သလဲဆိုရင် ယေဘုယျအားဖြင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာနဲ့ စုပေါင်းစပ်ပေါင်း ပုံစံထဲကပေါ်တတ်ပါတယ်။

လူမှုပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿနာများ

၁။ချောင်းတွေ မြောင်းတွေကို ပိတ်ဆို့ရတာဖြစ်လို့ အဲဒီချောင်းတွေ မြောင်းတွေရဲ့ ရေစီးရေလာ ပိတ်သွားပါတယ်။

၂။ဒီရေတောမြေနေရာမှာပေါက်တဲ့ အပင်တွေ၊တချို့ဇီဝမျိုးရင်းတွေ ပျက်စီးသွားပါတယ်။

၃။အဲဒီတော့ အဲဒီချောင်းမြောင်းတွေနဲ့ အပင်တွေအပေါ် မှီခိုပြီး ရှာဖွေစားသောက်နေရတဲ့သူတွေအတွက် အခက်တွေ့တတ်ပါတယ်။

အရင်ကအားလုံးသူ လွတ်လွတ်လပ်လပ်ရှာစားလို့ရတဲ့နေရာမှာ တဦးတဖွဲ့ကအကုန်ယူသွားတော့ လူမှုစီးပွားဘဝအခက်တွေ့တတ်ပါတယ်။

၄။ချောင်းတွေ၊မြောင်းတွေကိုအသုံးပြုပြီး သွားရေးလာရေးတွေထိခိုက်တတ်ပါတယ်။

၅။အဲဒါကြောင့် အဲလိုလုပ်ငန်းမျိုးလုပ်မယ်ဆိုရင် ရပ်ရွာပတ်ဝန်းကျင်နဲ့ထိစပ်တဲ့နေရာတွေကို ရှောင်တာအကောင်းဆုံးပါ။

၆။ချောင်းတွေ မြောင်းတွေကိုပိတ်လိုက်တာဖြစ်လို့ ရေစီးဆင်းမှုကအပြောင်းအလဲဖြစ်ပြီး ရပ်ရွာကို ရေတက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၇။အဲဒီလိုရေတက်လာရင် စိုက်ပျိုးရေးမြေတွေ၊သီးနှံတွေ၊ကုန်းမြေပေါ်က ကြက်၊ဝက်၊ဆိတ်စတဲ့ မွေးမြူရေးကိုလည်း လာထိခိုက်တတ်ပါတယ်။

အဲဒီအချက်ခုနှစ်ချက်က ရပ်ရွာရဲ့လူမှုပတ်ဝန်းကျင်ဆိုင်ရာ EIA၊SIA အကဲဖြတ်ချက်တွေပါ။

ပုဇွန်တာတွေ၊ကာရီဆည်တွေက လူနေရပ်ရွာ၊ရပ်ရွာလူထုက ဝမ်းစာအတွက် မှီခိုနေရတဲ့နေရာတွေနဲ့ လွတ်လွတ်ကင်းကင်းရှိလေ ပိုကောင်းလေပါ။

အုပ်ချုပ်သူများဟာ အထက်ကပြောခဲ့တဲ့ခုနှစ်ချက်ကို ထည့်သွင်းတွက်ချက်ရပါတယ်။

ဒါပေမယ့် ရခိုင်ဒေသမှာ အစိုးရအဆက်ဆက်က ဒါတွေကိုပျက်ကွက်ခဲ့ပါတယ်။

အဲလိုပျက်ကွက်ခဲ့တာကြောင့် လူထုဟာ ထိခိုက်စရာတွေရကုန်ကြပါတယ်။

အဲလိုဆိုရင် ပုဇွန်တာတွေ၊ဆည်တွေ မလုပ်ရတော့ဘူးလားလို့မေးစရာရှိပါတယ်။

အဖြေကလုပ်လို့ရပါတယ်။ လုပ်တဲ့အခါ စောစောကအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ရင် နောက်ကြောင်းအေးပါတယ်။

အကျိုးစီးပွားမျှခြေနဲ့လူမှုတရားမျှတမှုကို ထည့်သွင်းစဉ်းစားခြင်း

ပုဇွန်တာတွေ၊ကာရီဆည်တွေက လူနေရပ်ရွာ၊အဲဒီရပ်ရွာ မှီခိုနေရတဲ့နေရာတွေနဲ့ လွတ်လွတ်ကင်းကင်းရှိဖို့လိုတယ်ဆိုတာက အဲဒီတာတွေ၊ဆည်တွေ မဆောက်ခင်ကရှိခဲ့တဲ့ အရင်က အားလုံးသူလွ တ်လွတ်လပ်လပ်ရှာစားလို့ရတဲ့(ဘုံပိုင်ဆိုင်မှုသဘော)ကို တဦးတဖွဲ့ကယူသွားမှုမဖြစ်စေချင်လို့ပါ။

အဲဒါနဲ့ပတ်သက်ပြီး မြေပြင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

ရွာတရွာအနားမှာ တရုတ်စီးပွားရေးသမားတယောက်က အဲလိုပုဇွန်တာလာလုပ်တော့ ရွာသားတွေမှာ အရင်က တမနက်ခင်းလောက်အချိန်ကုန်ခံပြီး ချောင်းထဲ မြောင်းထဲဆင်းပြီး ငါးရှာ၊ ဖားရှာ လိုက်တာနဲ့ ဝင်ငွေတသောင်းခွဲလောက်ရပါတယ်။

အဲဒီတရုတ်ကလာလုပ်တော့ သူတို့ရဲ့ ရှာဖွေစားသောက်ဖို့နေရာ ပျောက်သွားပါတယ်။

တရုတ်က သူ့ပုဇွန်ကန်မှာ တရက်ခြောက်ထောင်ကျပ်နဲ့ အလုပ်ပေးပါတယ်။

တရုတ်က သူရွာသားတွေ၊ဒေသခံတွေကို အလုပ်ပေးထားတယ်လို့ဝင့်ကြွားပါတယ်။

အမှန်က သူအလုပ်ပေးထားတာမဟုတ်ပါဘူး။ ရွာသားတွေရဲ့ တမနက်တသောင်းခွဲအခွင့်အရေးကို တရက်လုံးခြောက်ထောင်ကျပ်နဲ့ အမြတ်ထုတ်သွားတာပါ။

EIA/SIA စစ်ရမယ့်အပိုင်း၊ထည့်သွင်းစဉ်းစားရမယ့်အပိုင်းထဲမှာ အဲဒီအချက်တွေဟာ လိုအပ်ပါတယ်။

အဲဒါတွေဟာ ဘာကြောင့်မကျေနပ်မှုတွေ ဖြစ်ရတာလဲဆိုတဲ့ အကြောင်းတရားရဲ့အရင်းအမြစ်တွေပါပဲ။

အဲဒါတွေကို အုပ်ချုပ်သူတွေဟာ ဦးနှောက်အညောင်းခံပြီး စဉ်းစားဖို့လိုပါတယ်။

တကယ်လို့ ငွေကြေးနဲ့အရင်းအနှီးအရ လုပ်ကိုင်နိုင်တဲ့သူတဦးက စောစောကအချက်တွေနဲ့ ကင်းလွတ်တဲ့မြေမှာ လွတ်လွတ်လပ်လပ်လုပ်ကိုင်မယ်ဆိုရင် ဒါကခွင့်ပြုရမယ့်ကိစ္စပါ။

ဘယ်သူ့ကိုမှမထိခိုက်ရင် လူတိုင်းမှာ ကိုယ့်အရင်းအနှီးကိုစိုက်ထုတ်ပြီး ရှာဖွေစားသောက်ခွင့်ရှိပါတယ်။

အဲဒါကိုသွားပြီး အနှောင့်အယှက်ပေးလို့မရပါဘူး။ အဲဒါက အရင်းအနှီးရှိသူရဲ့အခွင့်အရေးအပိုင်းပါ။

ခုပြောနေတဲ့ အချက်တွေဟာ လူမှုပတ်ဝန်းကျင်ဆိုင်ရာအချက်တွေပါ။

အဲဒီအချက်တွေကို အပြင်ကလာတဲ့ပြဿနာလို့ ပြောလို့ရပါတယ်။

စုပေါင်းစပ်ပေါင်းထဲကလာတဲ့ပြဿနာ

နောက်ပြဿနာတခုက အတွင်းကလာတဲ့ပြဿနာပါ။

အဲလိုဆည်တွေ၊ ပုဇွန်တာတွေ လုပ်ကြတဲ့အခါ ရခိုင်ဒေသရဲ့ ဓလေ့ထုံးတမ်း တခုကအုပ်စုလိုက် စုပေါင်းစပ်ပေါင်းစနစ်နဲ့ လုပ်ကြတာပါပဲ။ ဝိုင်းကြီးချုပ်သဘောမျိုးပါ။

အဲဒီအုပ်စုထဲမှာ အရင်းအနှီးတတ်နိုင်သူက တတ်နိုင်သလောက်ထည့်ပြီး လုပ်ကြတဲ့သဘောပါ။တဧက တတ်နိုင်သူကတဧက၊ ဧကအများ တတ်နိုင်သူက ဧကအများ အဲလိုလုပ်ကြပါတယ်။

အဲဒီတော့ကိုယ့်အရင်းအနှီးစိုက်ထားတဲ့ ဧကအပေါ် မူတည်ပြီး အပြန်အလှန်ရောင်းဝယ်ကြတာ၊ချေးငှားကြတာ၊ပေးစရာ၊ရစရာတွေကို ခုနှိမ်ကြတာစတဲ့ လက်လွှဲလက်ပြောင်း၊အပေးအယူကိစ္စရပ်တွေ ရှိပါတယ်။ ပြီးရင် အမြတ်ခွဲဝေမှုအပိုင်းတွေရှိပါတယ်။

အဲဒီအပိုင်းတွေမှာ ပြဿနာတက်ကြပါတယ်။

ပုဇွန်တာတွေ၊ ဆည်တွေနဲ့ပတ်သက်လို့ ပြဿနာဟာ စောစောကပြောခဲ့တဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာအချက်တွေ၊ ဒါမှမဟုတ် စုစပ်ပေါင်းစပ်စနစ်ထဲကလာတဲ့ အချက်တွေ၊ အဲဒီအချက်တွေထဲက အနည်းဆုံးတခုခုနဲ့တော့ ငြိစွန်းပြီးဖြစ်တာပါပဲ။

အုပ်ချုပ်ရေးနဲ့အာဏာစက်တွေက မွေပစ်ခဲ့

အရင်အစိုးရအဆက်ဆက်က ဌာနဆိုင်ရာတွေဟာ မြေကို အသေးစိတ်ကွင်းဆင်းတာမျိုးကို မလုပ်ဘဲ စာရွက်ပေါ်မှာပဲလုပ်ကြတာ များပါတယ်။

ကွင်းဆင်းတဲ့အခါ ကွင်းဆင်းရတဲ့ဝန်ထမ်းဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထမင်းဝယ်စား၊တည်းခို၊ဆိုင်ကယ်ဆီထည့်စတဲ့ အိပ်စိုက်ကိစ္စရပ်တွေရှိပါတယ်။

အဲဒီအိပ်စိုက်ကိစ္စရပ်တွေအတွက် ဌာနတွင်းထောက်ပံ့မှုမရှိတာလည်းတပိုင်းပါ။

အဲဒီတော့ ဧကဧရိယာကျယ်ကျယ်လိုတဲ့ လုပ်ကွက်တွေကို တိုင်းတာတဲ့အခါ အပြည့်အစုံကွင်းဆင်းတာမရှိသလောက်ပါပဲ။ မြေပြင်နဲ့ စာရွက်ပေါ်က မြေပုံကြားမှာ အကွဲအလွဲဆိုတာရှိတတ်ပါတယ်။

အဲဒါကြောင့်လည်း မြေစာရင်းဌာနဟာ မြေပုံတွေကိုပြန်ပြီး စိစစ်ရပါတယ်။

ဒါပေမယ့် စောစောကပြောသလို ကွင်းဆင်းမှုအားနည်းတဲ့အခါ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဆွဲထားခဲ့တဲ့ မြေပုံပေါ်မှာ မှန်နေတဲ့အတိုင်းအတာဟာ မြေပြင်မှာမှန်ချင်မှမှန်တော့မှာပါ။

အဲဒီလိုနဲ့ဧရိယာထပ်တာတွေ၊မြေတကွက်ဟာ သူ့ဦးပိုင်မှာလည်းပါ။ ကိုယ့်ဦးပိုင်မှာလည်းပါဆိုတာမျိုးတွေရှိပြီး စကားများကြပါတော့တယ်။

ပြီးရင် ချောင်းနား၊မြောင်းနား လယ်တွေ မြေတွေဆိုတာက ဟိုဘက်က ပြို/ပဲ့သွားပြီး ဒီဘက်မှာ ပြန်ထွန်းလာလိုက်နဲ့ ရှိတတ်တာပါ။

အဲဒီတော့ ငါ့မြေ ပါသွားတယ်။ ငါ့မြေ ပဲ့သွားတယ်။ ငါ့မြေကို ရေဝင်သွားတယ်။ ငါ့မြေ ရေမြုပ်သွားတယ်။ ငါ့မြေ မြေပုံထဲကပျောက်သွားတယ်ဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။

အဲဒီလိုပြဿနာကို ရင်ဆိုင်ရရင် သာမန်မရှိဆင်းရဲသား လယ်သမားတယောက်အဖို့ မြေစာရင်းနဲ့ ထွေအုပ်လိုဌာနမျိုးတွေထံက တူတူတန်တန် လူထုရေးရာဝန်ဆောင်မှုဆိုတာမျိုးကရဖို့ ခက်ပါတယ်။

အဲဒီတော့ အဲဒီအရင်အာဏာစက်တွေက အတိအကျမလုပ်ခဲ့လို့၊လျစ်လျူရှုခဲ့လို့ ကျန်ခဲ့တဲ့ဒဏ်ရာတွေဟာ လူထုမှာရှိပါတယ်။

ပြင်ချောင်းရပ် ကွင်းအမှတ် (၁၈-ခ) ထဲက ပုဇွန်တာ ပြဿနာဘယ်လိုရှင်းမလဲ

ရှင်းရမှာက…

၁။လူမှုပတ်ဝန်းကျင်နဲ့ဆက်စပ်လို့ဖြစ်တဲ့ ပြဿနာလား။

၂။စုပေါင်းစပ်ပေါင်းစနစ်ထဲကဖြစ်တဲ့ ပြဿနာလား။

၃။စပ်ပေါင်းစပ်ပေါင်းစနစ်ထဲက ပြဿနာကအရင်စပြီး နောက်ပိုင်းလူမှုပတ်ဝန်းကျင်ပြဿနာနဲ့ဆက်စပ်သွားတာလား။

၄။လူမှုပတ်ဝန်းကျင်ပြဿနာက အရင်စပြီး နောက်ပိုင်းစုပေါင်းစပ်ပေါင်းစနစ်ပြဿနာနဲ့ဆက်စပ်သွားတာလား။

၅။နှစ်ခုစလုံးအတူတူ စခဲ့တာလား။

အဲဒီအချက်တွေက ပြဿနာစတင်ခဲ့ရတဲ့ဇစ်မြစ်ကို အရင်ကြည့်ခိုင်းတာဖြစ်ပြီး နောက်ထပ်ကြည့်ဖို့လိုတာက…။

၆။နှစ်ခုစလုံးကို ရောထွေးပြီးဖြစ်လာတာလား။…ဆိုတာကိုပါ ကြည့်ဖို့လိုပါတယ်။

အဲဒီနေရာမှာ သတိထားရမှာက တချိန်ကစုစပ်ပေါင်းစပ်ထဲရှိခဲ့တဲ့သူဟာ အဲဒီအချိန်တုန်းက အကျိုးစီးပွားအရ လူမှုပတ်ဝန်းကျင် ပြဿနာဘက်မှာမရှိနေနိုင်ဘူးဆိုတဲ့ အချက်ပါ။

သူတို့ဟာ ပုဇွန်တာကိုလုပ်ခဲ့တဲ့သူတွေသာဖြစ်ပြီး ပုဇွန်တာအပြင်ဘက် လူမှုပတ်ဝန်းကျင်က သူတွေလို အကျိုးစီးပွားအရထိခိုက်စရာမရှိလို့ပါပဲ။

အဲဒါတွေကို စစ်ဆေးသုံးသပ်ရင် ပြဿနာဟာ ဘယ်အပိုင်းနဲ့ဘယ်လိုဆက်စပ်တယ်ဆိုတာတွေဟာ ထွက်လာမှာပါ။

အမှန်တကယ်ထိခိုက်မှုရှိရင် ထိခိုက်ခဲ့တဲ့သူမှာ ဘယ်လိုထိခိုက်ခဲ့တယ်ဆိုတဲ့ သက်သေတွေက ရှိလာမှာပါ။

အဲဒါတွေကို ပြန်သုံးသပ်ပြီး တခုချင်းစီကို ဆွဲထုတ်ရှင်းသွားဖို့လိုပါတယ်။

အငြင်းပွားမှုကိုဖြေရှင်းမှုပုံစံဟာ ပွင့်လင်းမြင်သာ တန်းတူညီမျှမှုရှိဖို့လိုပါတယ်။

အဲဒီနေရာမှာ အရေးကြီးဆုံးအချက်က တကယ်လို့စုစပ်ပေါင်းစပ်ထဲကလာတဲ့ ပြဿနာဇစ်မြစ်ဆိုရင်”အရင်းအနှီးရှိသူရဲ့အခွင့်အရေး”အပိုင်းကိုပါ ထည့်စဉ်းစားဖို့လိုပါတယ်။

အဲဒီပုဇွန်တာတည်ဆောက်ပြီးနောက်ပိုင်းကာလတွေမှာ ပုဇွန်တာကြောင့် ရပ်ရွာလူမှုပတ်ဝန်းကျင်ရဲ့လူမှုစီးပွားဘဝအပေါ် ထိခိုက်ခဲ့တာ၊ပြဿနာရှိခဲ့တာမျိုး ပေါ်ခဲ့ဖူးသလားဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

ပုဇွန်တာတည်ဆောက်ပြီးနောက်ပိုင်း အဲလိုပြဿနာကမရှိခဲ့ဘဲ ရပ်ရွာအတွက် အထောက်အကူမျိုး၊သဟဇာတကျမှုမျိုး ရှိနေခဲ့ရင်”အရင်းအနှီးရှိသူရဲ့ အခွင့်အရေး”ကို အသိအမှတ်ပြုဖို့ လိုပါတယ်။

ထပ်မွေမှာလား၊ရှင်းမှာလား

လက်ရှိမှာတော့ ပြင်ချောင်းရပ် ကွင်းအမှတ်(၁၈-ခ)ထဲက ပုဇွန်တာပြဿနာဟာ အဖြေမရှိသေးပါဘူး။

ဒါပေမယ့် ထိခိုက်နစ်နာမှုတွေကတော့ရှိနေပါပြီ။

အရင်အစိုးရအဆက်ဆက်က အသေးစိတ်စိစစ်ခဲ့မှုအပိုင်းအားနည်းခဲ့တာ၊စီမံဆောင်ရွက်မှုအပိုင်း ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် ပြဿနာဟာ အစပြုခဲ့ရင် လက်ရှိ ULA/AA ဟာ အဲဒါကို ပြင်ရမှာပါ။

ပြဿနာတခုရဲ့ ဇစ်မြစ်ကိုမကြည့်ဘဲ တစ်ပိုင်းတစ်စကွက်ပြီး ကိုင်တွယ်မှုကပြဿနာကို ပိုကြာရှည်စေသလို ပိုရှုပ်အောင်လုပ်တာမျိုးက အရင်အစိုးရအဆက်ဆက်ရဲ့မူပိုင်လုပ်ရပ်ပါ။

အများနဲ့သက်ဆိုင်တဲ့ ပြဿနာတခုကို စိစစ်ရင်ဆုံးဖြတ်ချက်ကို လူတိုင်းသိရှိခွင့်ရအောင်ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။

အဲလိုသိရှိမှ လူထုဟာနောက်တကြိမ် အလားတူအမှားမျိုးထပ်မဖြစ်အောင် ချင့်ချိန်နိုင်မှာပါ။

ပြင်ချောင်းရပ် ကွင်းအမှတ်(၁၈-ခ)ထဲက ပုဇွန်တာမှာပြဿနာရှိနေတယ်ဆိုတာဟာ အဲဒီပုဇွန်တာ အကျယ်အဝန်းအားလုံးဟာ ပြဿနာလို့ဆိုလိုတာမဟုတ်ပါဘူး။

ပုဇွန်တာမှာ ပြဿနာမရှိတဲ့မြေအကျယ်အဝန်းအစိတ်အပိုင်းလည်းရှိနေသလို ပြဿနာရှိနိုင်တဲ့အစိတ်အပိုင်းကလည်းရှိနေမယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

ဖြေရှင်းတဲ့အခါ ပြဿနာရှိတဲ့အစိတ်အပိုင်းကိုပဲ ဦးတည်သင့်ပြီး ပြဿနာမရှိတဲ့အကျယ်အဝန်းတွေကိုပါ ဝါးလုံးရှည်နဲ့အကုန်သိမ်းကြုံးမရမ်းသင့်ပါဘူး။

အုပ်ချုပ်သူတွေဘက်ကကြည့်ရမှာက ရပ်ရွာလူမှုပတ်ဝန်းကျင်ရဲ့အခွင့်အရေး၊လူမှုတရားမျှတမှုနဲ့အရင်းအနှီးရှိသူရဲ့ အခွင့်အရေးအပေါ် အခြေခံပြီး ပြဿနာတွေကို တရားနည်းလမ်းတကျဖြေရှင်းပြရပါလိမ့်မယ်။

ဘယ်သူ့အခွင့်အရေးကိုမှ မထိခိုက်စေဘဲ တရားမျှတမှုကိုဖော်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါ။

အဲလိုမဟုတ်ဘဲ ငါကအာဏာရှိတယ်၊ငါက ဆုံးဖြတ်နိုင်တယ်။ မင်းတို့ ပြဿနာဖြစ်လို့ ပုဇွန်တာကို ငါအကုန်ယူလိုက်ပြီဆိုတဲ့ သဘောမျိုးနဲ့သာလုပ်နေမယ်ဆိုရင်တော့ အဲဒါဟာအင်မတန်မှစက်ဆုတ်ဖွယ်ရာတရားမျှတမှုကင်းမဲ့တာပဲဖြစ်နေပါလိမ့်မယ်။

PrevPreviousကလေးမှာ ကျပ် ၂ ဒသမ ၉ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ သိန်းကျော်ဖမ်းမိ
Nextအာရက္ခဒေသမှာ ဆေးဝါးအမည်သစ်တွေနဲ့ ထုတ်လုပ်ရောင်းချနေNext
Previous Post

ကလေးမှာ ကျပ် ၂ ဒသမ ၉ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ သိန်းကျော်ဖမ်းမိ

Next Post

အာရက္ခဒေသမှာ ဆေးဝါးအမည်သစ်တွေနဲ့ ထုတ်လုပ်ရောင်းချနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page