Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာဥပဒေကို ULA/AA ကိုယ်တိုင်ချိုးဖောက်နေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊သြဂုတ် ၂၈။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာမှမြေယာတွေကို ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအတိုင်းသိမ်းမယ်လို့ ULA/AAက တရားဝင်ထုတ်ပြန်ထားပေမယ့် ၁၈ ၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအတိုင်းမဆောင်ရွက်ဘဲ ULA/AA ဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေပါတယ်။

အဲဒီမြေကိစ္စနဲ့ပတ်သက်ပြီး ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအတိုင်းကိုင်တွယ်နေတယ်လို့ ULA/AA က ဆိုထားပါတယ်။

ဒါပေမယ့် ဥပဒေအတိုင်းလုပ်ငန်းစဥ်တွေကို အဆင့်လိုက်မဖြတ်သန်းဘဲ မြေတိုင်းတာမှုကြေညာချိန်ကပင် လျှော်ကြေးကိစ္စကိုအဆင့်ကျော်ကာ တဧကသိန်းရှစ်ဆယ်နဲ့ လက်ဦးမှုယူသတ်မှတ်ခဲ့ပါတယ်။

အဲဒါကြောင့်ကာလပေါက်စျေးထက်အဆပေါင်းများစွာနည်းနေတာမို့ မြေပိုင်ရှင်တွေကတော့ တဧကသိန်းရှစ်ဆယ်ဟာလျော်ကြေးကို လက်မခံခဲ့ကြပါဘူး။

အဲဒီ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အဆင့်တွေရှိပြီး မြေတိုင်း၊ကန့်ကွက်လွှာခေါ်၊စိစစ်၊မြေသိမ်းအမိန့်ထုတ်၊လျှော်ကြေးလို့ခေါ်တဲ့ အဆင့်တွေကိုဖြတ်သန်းရပါတယ်။

အဲဒီ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေအရ လျော်ကြေးပေးတဲ့အခါ မြေရဲ့လက်ရှိကာလပေါက်စျေးတင်မကဘဲ(“ကာလ ပေါက်ဈေး+ဖြစ်ပေါ်လာမယ့်နစ်နာမှုအားလုံး+၁၅ ရာခိုင်နှုန်းနှစ်သိမ့်ကြေး”) ကို ပေါင်းစပ်ပြီး ကော်လိတ္တော်အရာရှိ (Collector)ခရိုင်အုပ်ချုပ်ရေးမှူးက ကွင်းဆင်းစစ်ဆေးဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။

အဲဒီကော်လိတ္တော်ရဲ့ဆုံးဖြတ်ချက်ကို မြေသိမ်းခံရသူက မကျေနပ်ရင်ကော်လိတ္တော်ကိုယ်တိုင်က မြေသိမ်းခံရသူတွေကို တရားရုံးမှာမိမိရလိုတဲ့ လျော် ကြေးပမာဏအတွက် လျှောက်ထားခွင့်ရှိတယ်ဆိုတာကို အသိပေးရပါတယ်။

အဲဒီလိုအသိပေးပြီးနောက်မှာမြေသိမ်းခံရသူတွေက ကော်လိတ္တော်ကိုလျှော်ကြေးကိစ္စတရားရုံးကို လွှဲပေးဖို့လျှောက်လွှာတင်ရပါတယ်။

အဲဒီကော်လိတ္ထော်ကအမှုကို တရားရုံးလွှဲပေးပြီး သူကိုယ်တိုင် ဒါမှမဟုတ် သူ့ကိုယ်စားလှယ်ကိုလွတ်လို့ဖြစ်ဖြစ် အမှုရင်ဆိုင်ရပါတယ်။

အဲဒီမြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာမြေသိမ်းကိစ္စမှာ ကော်လိတ္ထော်ဘက်ကသတ်မှတ်တဲ့လျှော်ကြေးကို မြေပိုင်ရှင်တွေက ကာလပေါက်စျေးထက် အဆမတန်နည်းပါးတာမို့လက်မခံကြဘူးလို့ တရားဝင်ကန့်ကွက်စာတင်အသိပေးထားပြီးသားဖြစ်ပါတယ်။

အဲဒါကြောင့် မြေပိုင်ရှင်တွေတရားရုံးမှာ လျှောက်ထားခွင့်ကို ကော်လိတ္ထော်ဘက်ကအကောင်အထည်ဖော်ပေးရမှာပါ။

အဲဒီလိုအကောင်အထည်မဖော်ဘဲ ကာလတန်ကြေးမပေးချင်လို့ သိမ်းဆည်းမယ့်မြေယာတွေကို ခြံတိုင်တွေလာစိုက်ပြီးလက်နက်ကိုင်လုံခြုံရေးတွေနဲ့အင်အားပြ ခြိမ်းခြောက်နေတာဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမှုနဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့အဖွဲ့အစည်းခိုင်မာအား ကောင်းမှုကိုဆိုးဆိုးဝါဝါးထိခိုက်စေပါတယ်။

အဲဒီအပြင်မူလမြေပိုင်ရှင်တွေက မြေယာအတွင်းဝင်ရောက်သန့်ရှင်းရေးလုပ်နေတာတွေကို အလုပ်သမားတွေ၊ကားသမားရခိုင်လူမျိုး၊မြေပိုင်ရှင်မူဆလင်အပါအဝင်အရပ်သားတွေကို အာရက္ခတပ်တော်(AA)စစ်သားတွေ အတင်းအဓမ္မဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေက အတည်ပြုပြောကြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဦးကျော်ဇံက မြေသိမ်းမှုတွေနဲ့ပတ်သက်လို့ ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေကိုအခြေခံထားပြီး အသင့်တော်ဆုံးနည်းလမ်းတွေကို ရွေးချယ်ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် လက်ရှိအခြေအနေမှာ အဆိုးဘက်ကခံစားနေတာတွေဟာ အနာဂတ်မှာ မျိုးဆက်ပေါင်းများစွာအတွက် အကျိုးရှိမယ်ဆိုရင် တဒင်္ဂအနစ်ခံမှုအတွက် စွန့်လွတ်သင့်တယ်လို့ခံယူဖို့လိုတယ်ဆိုပြီး ဦးကျော်ဇံကပြည်သူလူထုကိုအနစ်နာခံခိုင်းပါတယ်။

အဲဒီက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဦးကျော်ဇံ အင်တာဗျူးထွက်လာပြီးနောက်ပိုင်းမှာ ပေါင်းတုတ်ကျေးရွာကမြေတွေကို နောက်ထပ်ခြံတိုင်းတွေလာစိုက်အင်အားပြနေတာဖြစ်ပါတယ်။

အဲဒီအပြင် ၁၈၉၄ ခုနှစ်မြေသိမ်းအက်ဥပဒေအရနစ်နာမှုလျှော်ကြေးပေးရမယ့်ကာလပေါက်စျေးကို မပေးသေးဘဲမြေပိုင်ရှင်တွေကို ခြိမ်းခြောက်အကြပ်ကိုင်နေသလို မြေပုံမြို့နယ်ရှိပုစွန်တာဧကရာချီကိုလည်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ်ဦးအောင်သာဝင်းဦးဆောင်းပြီး အတင်းအဓမ္မသိမ်းယူကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို စခန်းချနေထိုင်ခိုင်းထားပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီး ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ပေါက်တောမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးတက်ထွန်းအောင်အပါအဝင် ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့တခြားသူတွေဟာ ပေါ်မတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။

နောက်ပြီးကျောက်တော်-မြောက်ဦးကားလမ်းဘေးရှိ ကျောက်တော်မြို့ နယ်မှပြည်သူပိုင်မြေယာတွေကို အာရက္ခတပ်တော်(AA)ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးမင်းခန့်နှုတ်မိန့်နဲ့မြေယာပိုင်တွေကို တရားဝင်အသိမပေးဘဲ ခြံခတ်သိမ်းယူထားတာတွေလည်းရှိနေတယ်လို့ မြေပိုင်ရှင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူပိုင်မြေယာတွေကို မူလမြေပိုင်ရှင်တွေကို အသိပေးတာ၊ဆွေးနွေးတာ၊လျှော်ကြေးပေးတာမရှိဘဲ ULA/AA က အတင်းအဓမ္မမြေသိမ်းတာတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအတင်းအဓမ္မမြေသိမ်းနေတာတွေဟာ ULA/AA ကိုယ်တိုင်ကျင့်သုံးနေတဲ့မြေသိမ်းဥပဒေနဲ့မညီသလို နိုင်ငံတကာမြေယာမူဝါဒတွေကို ချိုးဖောက်နေတာမို့ ULA/AA ဟာ နိုင်ငံတကာအကူအညီတွေ၊ထောက်ခံမှုတွေကျဆင်းလာပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေခံရလာနိုင်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

အဲဒီအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တားမြစ်မိန့်ချထားတဲ့မောင်တောဒေသက ရိုဟင်ဂျာကျေးရွာဟောင်းမြေနေရာတွေကို ULA/AA က စီမံပြုပြုင်အသုံးချနေတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုသက်သေတွေကို ဖျက်ဆီးနေတာမို့ နိုင်ငံတကာဥပဒေအရရင်ဆိုင်အပြစ်ပေးခံရလာနိုင်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။

အရင်အစိုးရအဆက်ဆက်ကမြေသိမ်းဒဏ်ကို ရခိုင်လူထုဟာ ခါးစည်းခံခဲ့ကြရသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာလည်း ဆက်ခံစားရမယ့်ကိန်းဆိုက်နေပြီလို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

PrevPreviousစစ်တွေခရိုင်မှာ စစ်ရှောင်တွေနဲ့ဒေသခံတွေကို အာရက္ခကျန်းမာရေးဌာန အခမဲ့ဆေးကု
Nextရွှေကူမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အများအပြားပျက်စီးNext
Previous Post

စစ်တွေခရိုင်မှာ စစ်ရှောင်တွေနဲ့ဒေသခံတွေကို အာရက္ခကျန်းမာရေးဌာန အခမဲ့ဆေးကု

Next Post

ရွှေကူမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အများအပြားပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ဒီလပ်

လိုင်စင်မရှိဘဲတရားမဝင်လူပို့ပေးတဲ့ အမျိုးသမီးနှစ်ဦးကို ဒီလပ်အမှုဖွင့်အရေးယူ

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page