Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဒက်စတိုပီယန်းဘဝတွေ- ၃

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။

​ရခိုင်ဒေသရဲ့ဒက်စတိုပီယန်းတွေ

​၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက် ရခိုင်ဒေသဟာ နယ်စပ်ကုန်သွယ်ရေးတွေလုံးဝပြိုလဲသွားသလို လူဦးရေနှစ်သန်းခန့်လည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရကြဘဲ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အဆုံးဝါးဆုံးခံစားကြုံတွေ့နေကြရပါတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂ ရက်နေ့ အစီရင်ခံစာကဆိုပါတယ်။

အဲဒီအပြင် ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုတွေတားဆီးကန့်သတ်ခံထားကြရပြီး ရခိုင်ဒေသဝင်မလာတော့သလို ငွေကြေးတန်ဖိုးကျဆင်းမှု၊ငွေကြေးဖောင်း ပွမှု၊အလုပ်အကိုင်တွေဆုံးရှုံးမှု၊စိုက်ပျိုးရေးထုတ်ကုန်ပမာဏလျော့နည်းလာမှုနဲ့အခြေခံဝန်ဆောင်မှုတွေပြတ်တောက်မှုပြီး ဈေးကွက်ဟာလည်းပျက်စီးခဲ့ရပါတယ်။

အဲဒီလိုဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ အရေးပေါ်အကူအညီတွေမရဘဲ ရခိုင်ဒေသရဲ့လူဦးရေကိုးဆယ်ငါးရာခိုင်နှုန်းဟာ ရှင်သန်နေထိုင်နေရတယ်လို့ UNDP က သတိပေးထားပါတယ်။

အဲ​ဒီလိုကုန်ထုတ်လုပ်မှုတွေကျဆင်း၊ကုန်ဈေးနှုန်းတွေကြီးမြင့်၊အလုပ်လက်မဲ့တွေများ၊ဘေးကင်းလုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်မှာ လူတွေဟာသူတို့ကိုယ်သူတို့ ရှင်သန်ဖို့အတွက် တခြားနေရာတွေကိုထွက်ခွာနေကြတယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။

​၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂဘက်ကရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ဒေသတခုလုံးစီးပွားရေးပြိုလဲခဲ့ပြီးဖြစ်သလို ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အထိနာခဲ့တယ်လို့ UNDP က ဆိုပါတယ်။

အဲဒီစိုက်ပျိုးရေးထွက်ကုန်တွေကို ပြည်တွင်းပြည်ပဈေးကွက်တွေကို ပို့ခွင့်မရှိတော့တဲ့နောက်မှာ ရခိုင်ဒေသထဲကလူတွေရဲ့ဝင်ငွေစီးကြောင်းဟာလည်း ရပ် တန့်သွားပါတယ်။

အဲဒါဟာ ရခိုင်ဒေသအပေါ် မြန်မာစစ်တပ်ရဲ့သီးခြားဖယ်ထုတ်ပြီး လူထုကိုပါအစုလိုက်အပြုံလိုက်အပြစ်ပေးနေတာလို့ ကုလသမဂ္ဂကဆိုပါတယ်။

​လူမျိုးစုလက္ခဏာအပေါ်တင်းမာမှုဟာလည်း စီးပွားရေးအပေါ်သက်ရောက်ဆိုးဝါးစေတယ်လို့ UNDP က ဆိုပါတယ်။(စကားချပ်- ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ လူမျိုးစုလက္ခဏာအပေါ်လွှမ်းမိုးမှုဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေအပေါ် ရည်ညွှန်းလိုပေမယ့် လက်ရှိမှာတော့လူနည်းစုအမျိုးကွဲပြားတဲ့ တောင်ပိုင်းဒေသတွေ၊တခြားသက်၊ခမိ၊မြို၊ဒိုင်းနက်၊မရာမာကြီး၊ချင်းနဲ့ဟိန္ဒုဘာသာဝင်စတဲ့ သရုပ်လက္ခဏာတွေအပေါ်မှာပါ သက်ရောက်မှု၊ ခွဲခြားမှုတွေကရှိနေတော့မှာပါ။

အဲဒီသရုပ်လက္ခဏာတွေအပေါ်မှာလည်း စီးပွားရေးအခွင့်အလမ်းတွေကခွဲခြားခံနေရမှာပါ။)

​စက်မှုလုပ်ငန်းသုံးအတွက် လောင်စာဆီအကျပ်အတည်းအပါအဝင် တခြားအရင်းအမြစ်နဲ့အခွင့်အလမ်းတွေပျောက်ဆုံးမှုက လူငယ်တွေ၊မိသားစုတွေကို ထွက်ခွာမှုတွေဖြစ်စေတယ်လို့ UNDP က ဆိုပါတယ်။

အဲဒီအထဲမှာထိခိုက်လွယ်တဲ့ရိုဟင်ဂျာတွေအပါအဝင် တခြားသူတွေဟာလမ်းခရီးမှာ အန္တရာယ်တွေ၊လူကုန်ကူးသူတွေရဲ့အန္တရာယ်တွေရှိနေပေမယ့် ထွက်ခွာနေမှုရှိနေကြဆဲပါ။

အဲ​ဒီလိုအကျပ်အတည်းတွေဟာ အမျိုးသမီးတွေအတွက် ပိုပြီးဝန်ထုတ်ဝန်ပိုးတွေ၊ဖိအားတွေဖြစ်စေပါတယ်။

အဲဒီအပြင် လုပ်ငန်းခွင်အကန့်အသတ်ကြီးမားမှု၊ကျား/မ ခွဲခြားမှုတွေက ပိုမိုမြင့်တက်လာမှုနဲ့ဝင်ငွေနိမ့်ပါးမှုတွေက အမျိုးသမီးတွေကိုအကျပ်အတည်းထဲ ရောက်စေတယ်လို့ UNDP က ဆိုပါတယ်။

​ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က ရခိုင်ဒေသမှနေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ ရဲတပ်ဖွဲ့ (DLEPS) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အနှစ်ချုပ်ကြည့်ရင်တော့ ULA/AA က လူကုန်ကူးမှုကိုအရေးယူနေသလို အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ကထွက်ခွာဖို့ကြိုးစားသူတွေကိုဖမ်းဆီးနေတယ်။

အဲဒီထဲက NDEP အရ အကျုံးဝင်သူတွေကိုစစ်မှုထမ်းပို့နေပြီး အကျုံးမဝင်သူတွေကိုပြစ်ဒဏ်ပေးပြန်လွှတ်နေတယ်လို့ ဆိုထားပါတယ်။

အဲ​ဒီနေရာမှာ လူကုန်ကူးမှုကို အပြစ်အဖြစ်သတ်မှတ်တာကအကြောင်းမဟုတ်ပေမယ့် ဒက်စတိုပီယန်းဘဝတွေကိုပါ လူကုန်ကူးမှုအောက်ထဲကရောကြိတ်မယ့်လက္ခဏာတွေကို တွေ့လာရတာကစိတ်မသက်သာစရာပါ။

​ရခိုင်ဒေသရဲ့မျိုးဆက်သစ်လူငယ်တွေအပေါ် အာဏာသိမ်းစစ်တပ်အပါအဝင်ULA/AA ကလည်း စစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခြိမ်းခြောက်မှုတွေရှိနေပြီး အဲဒါဟာမျိုးဆက်တခုလုံးရဲ့အနာဂတ်ကို သက်ရောက်မှုရှိလာနိုင်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်က စတင်ကျင့်သုံးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရခိုင်လူငယ်တွေအပေါ် သ က်ရောက်မှုတွေရှိနေပါတယ်။

အဲဒီနောက်အာရက္ခတပ်တော်(AA)ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကိုပြဋ္ဌာန်းပြီး လူငယ်တွေကို ပြည်ပထွက်ခွာခွင့်တားလိုက်သလို တပ်သားသစ်တွေစတင်စုဆောင်းလာတာကြောင့် လူငယ်တွေဟာလက်နက်ကိုင်ပဋိပက္ခသားကောင်တွေ ဖြစ်လာခဲ့ကြရပါတယ်။

အဲဒီအာဏာသိမ်းစစ်တပ်နဲ့အာရက္ခတပ်တော်ဟာ ရခိုင်လူငယ်တွေအပါအဝင်လူနည်းစုတွေထဲကလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့သက်သေအချက်အလက်တွေကို Border News Agency က လက်ခံရရှိထားပါတယ်။

အဲဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေအပါအဝင် ပါတီနိုင်ငံရေးပြည်သူ့ကိုယ်စားပြုသူတွေဟာ လက်နက်ကိုင်ပဋိပက္ခဆိုးကျော့သံသရာထဲရုန်းထွက်နိုင်မယ့် နိုင်ငံရေးထွက်ပေါက်တွေကို ရှာဖွေစဥ်စားဆုံးဖြတ်ကြရတော့မှာဖြစ်ပါတယ်။

အဲဒီလက်နက်ကိုင်ပဋိပက္ခဆိုးကျော့သသရာကို အချိန်မီမဖြတ်နိုင်ဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအပါအဝင် ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးတွေဟာလည်း သုဿန်တစပြင်လိုဖြစ်နေပြီး ဒေသလူထုမျိုးဆက်တွေဟာလည်း အကျပ်အတည်းသံသရာထဲမှာအဖန်တရာသားကောင်းတွေ ဆက်ဖြစ်နေကြဦးမှာပါပဲ။

​ဆက်ရန်…

​ကိုးကား…

https://news.un.org/en/story/2024/11/1156676?hl=en-GB
PrevPrevious‎လယ်ဒိုစိုးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ
Next“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”Next
Previous Post

‎လယ်ဒိုစိုးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Next Post

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

September 3, 2026

ဒက်စတိုပီယန်းဘဝတွေ – ၂

September 3, 2026

ပုဏ္ဏားကျွန်း၊စစ်တွေနဲ့ရသေ့တောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026

ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Releated Post

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

September 4, 2026
​ဓာတ်ပုံ - နီပေါတပ်မတော်

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

September 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

September 4, 2026
​ဓာတ်ပုံ - สำนักงาน ป.ป.ส. - ONCB

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

September 4, 2026

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

September 4, 2026

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

September 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page