Border News Agency
နီပေါ၊ စက်တင်ဘာ ၄။
နီပေါနိုင်ငံမှာ ရုတ်တရက်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတွေနဲ့ပတ်သက်လို့ စက်မှုထွန်းကားတဲ့ တရုတ်၊အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေဆီမှ လျော်ကြေးနဲ့ တရားမျှတမှုကို နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ်က တောင်းဆိုလိုက်ပါတယ်။
နီပေါနိုင်ငံအနေနဲ့ အကူအညီတောင်းခံတဲ့ သံတမန်ရေးရာရပ်တည်ချက်မှ တရားမျှတမှုနဲ့လျော်ကြေးတောင်းဆိုတဲ့မူဝါဒသို့ ပြောင်းလဲကျင့်သုံးနေတာဖြစ်ပါတယ်။
ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်တဲ့ အဲဒီစက်မှုနိုင်ငံကြီး သုံးနိုင်ငံအနေနဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက်လွယ်တဲ့ နီပေါလိုနိုင်ငံတွေကို လျော်ကြေးပေးဖို့ သမိုင်းကြောင်းအရ တာဝန်ရှိတယ်လို့လည်းဆိုပါတယ်။
အဲဒီနီပေါ-တိဘက် နယ်စပ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ရေခဲမြစ်ပြိုကျမှုကြောင့် တောင်ကျရေလျှံကာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်ခရိုင်သုံးခုရှိ လူနေအိမ်တွေနဲ့တံတားတွေတိုက်စားခံရပြီး သေဆုံးသူတထောင်တရာနှစ်ဆယ့်ခုနှစ်ဦးရှိကာ ခရီးသွားတွေအပါအဝင် လူသုံးထောင်နီးပါး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။







