Border News Agency
ကော့ဘားဇား၊ စက်တင်ဘာ ၈ ။
ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ နှစ်စဉ်ပြုလုပ်တဲ့လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ပစ်ခတ်မှုကို ကော့ဘားဇားရှိ နိဒါနိယလေ့ကျင့်ရေးကွင်းမှာ စက်တင်ဘာလ ၈ ရက်၊ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
အဲဒီလေ့ကျင့်မှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်တွေကို ပိုမိုခိုင်မာစေဖို့နဲ့ စစ်ဆင်ရေးပြင်ဆင်မှုတွေ အပြည့်အဝရှိနေစေဖို့တိုက်တွန်းမှာကြားခဲ့ပါတယ်။
အဲဒီအပြင် တပ်ဖွဲ့ဝင်တွေရဲ့ အဆင့်မြင့်တိုက်ရည်ခိုက်ရည်နဲ့ ကျွမ်းကျင်မှုတွေကို စဉ်ဆက်မပြတ်တိုးမြှင့်သွားဖို့အတွက်လည်း မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
ပန်းဝါစစ်စခန်းအတွင်းရှိ စစ်သည်တွေရဲ့နေထိုင်ရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆောက်လုပ်ထားတဲ့ဆယ်ထပ်မြင့် ဝန်ထမ်းအိမ်ရာသစ် ‘Senaneer-3’ ကိုလည်းဖွင့်ပေးခဲ့ပါတယ်။










