Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဒက်စတိုပီယန်းဘဝတွေ-၈

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၉။

​တဖက်စောင်းနင်းအနိုင်ကျင့်ဝါဒ

​ဥပဒေတရပ်ကိုအကောင်အထည်ဖော်တဲ့အခါ အဲဒီဥပဒေထဲမှာပေးထားတဲ့ အကာအကွယ်တွေ၊ဝန်ဆောင်မှုတွေစတဲ့(Protective And Service function) ဆိုတာရှိပါတယ်။

လူတဦးချင်းစီရပိုင်ခွင့်ဖြစ်တဲ့ အဲဒီအကာအကွယ်တွေ၊ဝန်ဆောင်မှုတွေကိုလျစ်လျူရှုပြီး လူထုကိုထိန်းချုပ်ဖို့၊ ပြစ်ဒဏ်ပေးဖို့(Coercive And Punitive function)ကိုသာကွက်ပြီး ဖော်ဆောင်နေတဲ့အခြေအနေကို “ဥပဒေအားကျိုးကြောင်းညီညွှတ်မှုမရှိစွာ မမျှမတအကောင်အထည်ဖော်ခြင်း (Asymmetric Enforcement)ဒါမှမဟုတ် ဖိနှိပ်ခြင်းလို့ခေါ်ပါတယ်။

​ဥပဒေကို အင်္ဂါရပ်ပျက်အောင်ဖျက်ထားပြီး လူထုကိုထိန်းချုပ်ဖို့၊ပြစ်ဒဏ်ပေးဖို့(Coercive And Punitive function)ပြုလုပ်တာကို မြန်မာနိုင်ငံရေးမှာ ပြည်သူလူထုဟာ ခေတ်အဆက်ဆက်ခံခဲ့ရဖူးပါပြီ။

အဲဒီလိုမျိုးစနစ်ကိုမကြိုက်လို့ တော်လှန်ပါတယ်ဆိုတဲ့အခါ တော်လှန်သူတွေကပါ ပြည်သူကိုအဲဒီလိုအချိုးမျိုးချိုးလာနေတာက ဝမ်းနည်းစရာအတိပါ။

​အာရက္ခဒေသရဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကိုကြည့်တဲ့အခါမှာ မြန်မာစစ်တပ်ရဲ့စစ်ရေးဗျူဟာနဲ့ရက်စက်ကြမ်းကြုပ်မှုကိုကြည့်ရမှာဖြစ်သလို တဖက်မှာ ULA/AA ရဲ့လူထုအပေါ် ပြုမှုနေပုံတွေကိုလည်းကြည့်မှ အဖြေရှာနိုင်မှာပါ။

အာရက္ခဒေသထဲက လူမှုစီးပွားအကျပ်အတည်းကြောင့် ဝမ်းရေးအတွက်ထွက်ခွာဖို့ကြိုးစားသူတွေအပေါ် ULA/AA က လူကုန်ကူးမှုတားဆီးရေးဥပဒေနဲ့ပြ ည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှစ်ရပ်ကို လက်နက်သဖွယ်သုံးပြီးခြိမ်းခြောက်နေပါတယ်။

အဲဒီလိုခြိမ်းခြောက်နေတဲ့အခါမှာလည်း အဲဒီဥပဒေတွေထဲမှာပေးထားတဲ့တရားမျှတမှုပုဒ်မတွေကို လုံးဝမျက်ကွယ်ပြုပြီး ကိုယ်အသုံးပြုချင်တဲ့ပုဒ်မတွေကို သာကွက်ကြားယူပြီး အသုံးချနေတာကိုတွေ့ရမှာပါ။

​ULA/AAက လက်နက်သဖွယ်အသုံးပြုနေတဲ့ဥပဒေ

​ထောင်ဒဏ်ခုနှစ်ထိချမှတ်နိုင်တဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဟာ နအဖလက်ထက်တုန်းကပြဋ္ဌာန်းခဲ့တဲ့ဥပဒေပါ။

၁၉၉၉ ခုနှစ်မှာ အဲဒီဥပဒေကို နအဖစစ်အစိုးရဟာ ဥပဒေအမှတ်(၃/၉၉)နဲ့ ပြဋ္ဌာန်းခဲ့ရတာပါ။

အဲဒီဥပဒေမပြဋ္ဌာန်းခင် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နအဖစစ်အစိုးရဟာ ပြည်တွင်းလမ်းတံတားတည်ဆောက်ရေးတွေမှာ လူထုကိုအတင်းဓမ္မလုပ်အားပေးစေခိုင်းမှုတွေနဲ့ ပွဲကြမ်းနေချိန်ပါ။

အဲဒီအချိန်တုန်းက မှီလိုက်သူတွေကတော့ မြန်မာ့အသံတို့၊ မြဝတီတို့မှာ “ဘယ်လောက်ခြောက်ခြောက်တို့မကြောက်ပေ” ဆိုတဲ့ ဝါဒဖြန့်ချိမှုတွေကိုလည်း ကြားဖူးကြမှာပါ။

“ဘယ်လောက်ခြောက်ခြောက် တို့မကြောက်ဘူး”၊ လူ့အခွင့်အရေးဘာညာဖိအားလာမပေးနဲ့ဆိုတဲ့ နအဖအစိုးရဟာ ဘာကြောင့်အတင်းဓမ္မလုပ်အားပေးစေခိုင်းမှုတွေကို ရပ်တန့်ခဲ့ရတယ်လို့ ထင်ပါသလဲ။

ဘာကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာစံနှုန်းတွေကို လက်ခံခဲ့ရတယ်လို့ထင်ပါသလဲ။

​ကမ္ဘာ့ကုလသမဂ္ဂနဲ့ဒေသတွင်းစံနှုန်းတွေ

​၁၉၉၀ ပြည့်နှစ်မှာ ကုလသမဂ္ဂကရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးကာကွယ်ပေးရေးကွန်ဗန့်ရှင်း (UN International Convention on the Protection of the Rights of All Migrant Workers (1990)) ကို အတည်ပြုလာခဲ့ပါတယ်။

အဲဒီလိုနိုင်ငံတကာစည်းမျဉ်းတွေရှိလာပြီးတဲ့ နောက်ပိုင်းမှာနအဖစစ်အစိုးရဟာ အကျိုးစီးပွားနဲ့တရားဝင်မှုအတွက် အပြောင်းအလဲအချို့ကို လုပ်လာရပြီး ၁၉၉၉ ခုနှစ်မှာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေမျိုးတွေကို ပြဋ္ဌာန်းလာခဲ့ရတာပါ။

ကုလသမဂ္ဂအလုပ်သမားကွန်ဗန့်ရှင်းထဲမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)ရဲ့ ကွန်ဗန့်ရှင်းတွေကို ထပ်ပြီးအတည်ပြုထားပါတယ်။

​၁-ပြည်ပကို ထွက်ခွာလုပ်ကိုင်သူတွေဟာ အချက်အလက်အမှန်တွေရဖို့၊ အလုပ်ခေါ်ရာမှာ ခေါင်းပုံဖြတ်မခံရဖို့၊ ကာကွယ်တွေကို ခံစားခွင့်ရှိဖို့၊ ပြည်တွင်းလုပ်သားတွေနဲ့ တန်းတူ လုပ်ခလစာ၊ လူမှုဖူလုံရေးနဲ့ အခွင့်အရေးတွေ ရရှိဖို့ဆိုတဲ့ ILO Convention No. 97 (Migration for Employment Convention)။

​၂။ILO Convention No. 97 ကို အကောင်အထည်ဖော်ရာမှာ အစိုးရတွေ၊အုပ်ချုပ်သူတွေဘက်ကလိုက်နာရမယ့် လမ်းညွှန်ချက်တွေ၊ အလုပ်ခန့်ထားမှု စရိတ်စကတွေ၊ ခရီးစရိတ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဝင်တွေလိုက်ပါနေထိုင်ခွင့်ဆိုင်ရာ အသေးစိတ်စံနှုန်းများကို ဖော်ပြထားတဲ့ ILO ရဲ့ Recommendation No. 86။

​၃။ တရားမဝင်ရွှေ့ပြောင်းမှုများမှတစ်ဆင့် အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာတွေ၊ လူကုန်ကူးတာကိုဟန့်တားတာတွေ၊ နိုင်ငံတစ်ခုသို့ရောက်ရှိနေတဲ့ တရားဝင်ရော၊ တရားမဝင်ရွှေ့ပြောင်းလုပ်သားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးနှင့် တန်းတူညီမျှဆက်ဆံခံပိုင်ခွင့်ကို အာမခံပေးထားတဲ့ ILO ရဲ့ Convention No. 143 (Migrant Workers – Abusive Conditions & Equality)။

​၄။အဲဒီ Convention No. 143 ကို အစိုးရတွေက အကောင်အထည်ဖော်ဖို့ရာမှာ အထောက်အကူပြုတဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်အကိုင်လုံခြုံရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ သက်သာချောင်ချိရေးတို့ကို ဘယ်လိုတိုးမြှင့်သင့်တယ်ဆိုတဲ့ ILO ရဲ့ Recommendation No. 151။

​၅။ဘယ်လိုပုံစံနဲ့ မဆိုခြိမ်းခြောက်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရဒဏ်ပေးမယ်လို့ ခြိမ်းခြောက်ပြီးစေခိုင်းတဲ့ “အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု” ဆိုင်ရာပုံစံအားလုံးကို အပြီးတိုင်တားမြစ်ပယ်ဖျက်ဖို့ ပြဋ္ဌာန်းထားတဲ့ ILO ရဲ့ Convention No. 29 (Forced Labour Convention)။

​၆။…

က- နိုင်ငံရေးအရသဘောထားမတိုက်ဆိုင်သူတွေကို ပြစ်ဒဏ်ပေးဖို့၊

ခ- စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး လုပ်အားတွေကိုအဓမ္မသုံးစွဲဖို့၊

ဂ- အလုပ်သမားစည်းကမ်းထိန်းသိမ်းရေး သို့မဟုတ် သပိတ်မှောက်မှုတွေအတွက်ပြစ်ဒဏ်ပေးဖို့၊

ဃ- လူမျိုးစွဲ၊ ဘာသာစွဲ ဒါမှမဟုတ် လူမှုအဆင့်အတန်းအရ ခွဲခြားဆက်ဆံပြီးပြစ်ဒဏ်ပေးဖို့၊

စတဲ့အခြေအနေတွေအတွက်အသုံးပြုတဲ့ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို သီးသန့်တားမြစ်ထားတဲ့ ILO ရဲ့ Convention No. 105 (Abolition of Forced Labour Convention)။

​အဲဒီ ILO ကွန်ဗန့်ရှင်းတွေကို ကုလသမဂ္ဂကရွှေ့ပြောင်းလုပ်သားတွေအခွင့်အရေးကာကွယ်ပေးရေးကွန်ဗန့်ရှင်း (UN International Convention on the Protection of the Rights of All Migrant Workers (1990)) ကို အတည်ပြုထားခဲ့ပါတယ်။

အဲ​ဒါတွေဟာ ILO ရဲ့ အလုပ်အကိုင်ပေးမှုဆိုင်ရာတရားမျှတရေးစံနှုန်း (ILO General Principles for Fair Recruitment )ထဲမှာ ပါနေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။

အဲဒီစံနှုန်းတွေကို အာဆီယံနိုင်ငံတွေက ၂၀၀၇ ခုနှစ်မှာ ဆီဘူးကြေညာချက် (Cebu Declaration on the Protection and Promotion of the Rights of Migrant Workers)နဲ့ အတည်ထပ်ပြုပါတယ်။

အဲဒီဆီးဘူးကြေညာချက်ကို အကောင်အထည်ဖော်ဖို့အတွက် ASEAN Committee on the Implementation of the ASEAN Declaration on the Protection and Promotion of the Rights of Migrant Workers ဆိုတဲ့ အာဆီယံကော်မတီကိုဖွဲ့ထားပါတယ်။

အဲဒီအာဆီယံကော်မတီကို ACMW လို့လည်း ခေါ်ပါတယ်။

​ဘေးကင်းလုံခြုံတဲ့ထွက်ခွာမှုနဲ့ဂုဏ်သိက္ခာရှိစွာပြန်လာမှု

​အဲဒီစံနှုန်းတွေ နဲ့ ULA/AA က အရေးယူမယ်ဆိုပြီး လက်နက်သဖွယ်ထုတ်သုံးလာတဲ့ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ဘယ်သူမဆိုကိုယ့်ရဲ့ စားဝတ်နေရေးရှင်သန်ဖို့ အလုပ်လုပ်ကိုင်ခွင့်ရှိသလို အလုပ်ရှိတဲ့နေရာကို ဘေးကင်းလုံခြုံစွာသွားလာခွင့်နဲ့ အလုပ်ကနေမိမိနေရပ်ကို ဂုဏ်သိက္ခာရှိစွာပြန်လာခွင့် ရှိပါတယ်။

အဲ​ဒါကြောင့်ပဲ အလုပ်ခေါ်တဲ့အိမ်ရှင်နိုင်ငံ (Receiving States) တွေဘက်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့် နဲ့ တရားမျှတတဲ့လုပ်ခလစာ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး၊သင့်တော်တဲ့နေထိုင်ရေး၊ ခေါင်းပုံဖြတ်ခံရမှု၊ အကြမ်းဖက်ခံရမှုနဲ့ အကြမ်းဖက်စေခိုင်းခံရမှုတွေက ကာကွယ်ပေးရေး၊ အလုပ်သမားရေးရာမတရားမှုတွေဖြစ်ပေါ်လာရင် တရားဥပဒေအရတိုင်ကြားနိုင်တဲ့အခွင့်အရေးနဲ့တရားမျှတမှုရရှိရေးစတဲ့ အချက်တွေကိုဥပဒေကြောင်းအရအာမခံရမှာဖြစ်သလို…။

​အလုပ်သမားစေလွှတ်တဲ့နိုင်ငံ (Sending States) တွေဘက်ကလည်း မိမိနိုင်ငံကထွက်ခွာမယ့် လုပ်သားတွေအတွက် သွားရောက်ရမယ့်နိုင်ငံရဲ့ ဥပဒေ၊ ယဉ်ကျေးမှုနဲ့ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်တွေကို မှန်ကန်စွာအသိပညာပေးဗဟုသုတပေးဖို့၊ တရားမဝင်လူခေါ်ယူရေးအေဂျင်စီတွေ၊ ပွဲစားတွေရဲ့ လိမ်လည်ခေါင်းပုံဖြတ်မှုကို ဟန့်တားပေးဖို့၊ ပုဂ္ဂလိကခေါ်ယူရေးအေဂျင်စီတွေကို စနစ်တကျကြပ်မတ်ထိန်းချုပ်ဖို့ဥပဒေကြောင်းအရ အာမခံရမှာဖြစ်ပါတယ်။

မိမိနိုင်ငံသားတယောက် ပြည်ပလုပ်ငန်းခွင်မှာ အခွင့်အရေးချိုးဖောက်ခံရရင် တရားမျှတမှုရအောင်မိခင်နိုင်ငံဘက်ကဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

​အလုပ်လက်ခံတဲ့ နိုင်ငံဘက်ကအလုပ်သမားရဲ့ကိုယ်ပိုင်ပတ်စပို့၊စာရွက်စာတမ်းတွေကို အလုပ်ရှင် ဒါမှမဟုတ် အေဂျင်စီကသိမ်းဆည်းထားခြင်းမပြုရသလို အလုပ်သမားစေလွှတ်တဲ့ နိုင်ငံဘက်ကလည်း ဘေးကင်းလုံခြုံစွာထွက်ခွာခွင့်နဲ့ ပြန်လည်ဝင်ရောက်ခွင့်ကို ဥပဒေကြောင်းအရအာမခံရမှာဖြစ်ပါတယ်။

အဲ​ဒါတွေဟာ ILO စံနှုန်း၊ ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် ULA/AA အသုံးပြုနေတဲ့ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွေဘက်ကပြဋ္ဌာန်းထားတဲ့အချက်တွေပါ။

​၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေထဲကအချက်တချို့

​၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေထဲမှာ ပြစ်ဒဏ်အမြင့်ဆုံးပေးတဲ့ ပုဒ်မ ၂၆ ပဲရှိတာမဟုတ်ပါဘူး။

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ကျင့်သုံးမယ်ဆိုရင် အဲဒီပုဒ်မ ၂၆ တခုထဲကိုပဲကွက်ပြီး အသုံးချနေလို့မရပါဘူး။

ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ (၆) အပိုဒ် ခွဲ (ခ)၊ (ဂ)၊ (ဃ) တို့မှာပါတဲ့ အစိုးရ၊ အုပ်ချုပ်သူ ကိုယ်တိုင်အပင်ပန်းခံပြီး လူထုအတွက်…။

က- ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာပေးတာ။

ခ- ပြည်ပမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများရရှိခံစားနိုင်ဖို့ အတွက် ဆောင်ရွက်တာ။

ဂ- ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက်ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို မိမိနေရပ်မှာ ပြန်လည်အသုံးချနိုင်ဖို့အတွက် အခြေအနေတွေကို ဖန်တီးပေးတာစတဲ့ အချက်တွေကိုလည်း အကောင်အထည်ဖော်ဖို့လိုပါတယ်။

​မြန်မာအစိုးရအဆက်ဆက်ဟာ ဒါတွေကိုမျက်ကွယ်ပြုထားတဲ့အတွက် ပြည်ပမှာအလုပ်ထွက်လုပ်နေတဲ့နိုင်ငံသားတွေဟာ အခက်အခဲတွေကိုရင်ဆိုင်နေခဲ့ရတာပါ။

​ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေလို့ခေါင်းစဉ်တပ်ပြီး ပြည်ပမှာလူနဲ့မတူတဲ့အနှိမ့်ခံဘဝ နဲ့ အလုပ်လုပ်လို့ရလာတဲ့ချွေးစက်တွေကိုအမြတ်ထုတ်ဖို့၊ ထွက်ခွာခွင့်ကို အမြတ်ထုတ်ဖို့လောက်ကိုသာတွေးပြီး အုပ်ချုပ်သူဘက်က တာဝန်ယူရမယ့်အပိုင်းတွေကိုလျစ်လျူရှူကာ တဖက်စောင်းနင်းအနိုင်ကျင့်ဝါဒနဲ့ လူထုကို ထိန်းချုပ်ဖို့၊ ပြစ်ဒဏ်ပေးဖို့ (Coercive And Punitive function) ကိုသာကွက်ပြီး ဖော်ဆောင်နေတဲ့အခြေအနေတွေဟာ အာရက္ခဒေသရဲ့လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုပြီးဆိုးဝါးစေမှာလည်းဖြစ်ပါတယ်။

​ဆက်ရန်…

​ကိုးကား…
​https://www.ohchr.org/en/instruments-mechanisms/instruments/international-convention-protection-rights-all-migrant-workers

PrevPrevious​ကော့ဘားဇားမှာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်
Nextပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဘက်ကျဆုံးများနေNext
Previous Post

​ကော့ဘားဇားမှာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်

Next Post

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဘက်ကျဆုံးများနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ  - AA Info Desk

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ အာဏာသိမ်းစစ်သားအများအပြားသေဆုံး

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

Releated Post

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026
​ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

September 20, 2026
​Photo - AFP/Reuters

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

September 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page