Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၁။
အီကွေတာအနီးပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့လေထုဖြစ်စဉ်တွေမှာ အားအလွန်ကောင်းတဲ့အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ ခု ၂၀၂၆ ခုနှစ်နှစ်ကုန်ပိုင်းမှာ အယ်လ်နီညိုဖြစ်စဉ်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တာဖြစ်ပေမယ့် အဲဒီဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေမူမမှန်တာစတဲ့ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။
အဲဒီအပြင် လာမယ့်ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာလည်း နေ့အပူချိန်တွေမြင့်မားတာနဲ့ မိုးခေါင်ရေရှားသလို အစွန်းရောက်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။
သက်ဆိုင်ရာ မိုးလေဝသဌာနအနေနဲ့ အယ်လ်နီညို ဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီး အခြေအနေတွေကိုအချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
အဲဒီအယ်လ်နီညိုဖြစ်စဉ်ကြောင့် အာရက္ခဒေသမှာလည်း မိုးခေါင်ရေရှားမှုနဲ့အစွန်းရောက်ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
အဲဒီလိုရာသီဥတုမူမမှန်မှုတွေကြောင့် ဒေသခံတောင်သူတွေအနေနဲ့ လယ်ယာစိုက်ပျိုးချိန်ရေမလုံလောက်တာ၊စိုက်ခင်းတွေရေလွှမ်းမိုးပျက်စီးတာစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး စိုက်ပျိုးရေးလုပ်ငန်းတွေပုံမှန်မဟုတ်ဘဲ အဆင်မပြေမှုများစွာကြုံတွေ့နေရတယ်လို့လည်း အာရက္ခပြည်သူတွေကဆိုကြပါတယ်။








