Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို စက်တင်ဘာလ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ငါးဆယ်သုံးဦးထိသေဆုံးသွားပါတယ်။
အဲဒီအပြင်အမျိုးသမီးနှစ်ဆယ်တဦးနဲ့ အမျိုးသားတဆယ့်ကိုးဦးဒဏ်ရာရသွားကြသလို အလောင်းတွေမီးလောင်ပြာကျသွားတာမို့ ရုပ်အလောင်းတွေကိုဘယ်သူဖြစ်တယ်ဆိုတာ မမှတ်မိတာတွေလည်းရှိနေတယ်လို့ဆိုကြတယ်။
အဲဒါကြောင့် သေဆုံးဒဏ်ရာသူတွေထပ်တိုးလာနိုင်သလို သေဆုံးဒဏ်ရာသူတွေကို ဆက်ရှာနေကြပါတယ်။










