Border News Agency
ဘန်ကောက်၊ စက်တင်ဘာ ၃၀။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အနီးရှိ ကျောက်ဖယားမြစ်အတွင်း စက်တင်ဘာလ ၃၀ ရက်၊ဒီနေ့ နေ့လည်က မြစ်ရေမျက်နှာပြင် မြင့်တက်လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ ကျောက်ဖယားမြစ်အတွင်း ရေစီးကြောင်းသန်မာပြီး မြစ်ရေမြင့်တက်လာတာကြောင့် ကမ်းနားလမ်းနဲ့ အနီးဝန်းကျင်ဒေသတွေကို ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတာပါ။
လက်ရှိမှာမြစ်ကြောင်းအတိုင်း ဗေဒါပင်တွေနဲ့ အမှိုက်သရိုက်တွေမြောပါလာနေပြီး မြစ်ကမ်းဘေး အဆောက်အအုံတွေ အနီးအထိ မြစ်ရေတွေစို့တက်နေတာကို တွေ့ရပါတယ်။
တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကလည်း မြစ်ရေမြင့်တက်မှုအခြေအနေကို စောင့်ကြည့်နေကြပြီး ရေကြီးရေလျှံမှု အန္တရာယ်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နေကြပါတယ်။
















