Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ကြား စစ်ရေးတင်းမာနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာထဲကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာသားတွေဟာ စစ်ဘေးရှောင်သွားကြပြီးမို့ ထိခိုက်ဒဏ်ရာရသူတွေမရှိကြဘူးလို့ ဆိုကြပါတယ်။
အဲဒီတန်ဘက်လှန်းကျေးရွာအပါအဝင် ကျေးရွာတချို့ဟာ စစ်ဘေးရှောင်သွားကြပေမယ့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော်က အပြင်းအထန်ခုခံနေတာမို့ အာဏာသိမ်းစစ်တပ်ဟာ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်နေတာမို့ စစ်တွေမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ခုခံနေရပါတယ်။










