Border News Agency
ထိုင်း၊ အောက်တိုဘာ ၁၀။
ထိုင်းနိုင်ငံ၊သာမွတ်စခွန်မြို့မှာရှိတဲ့ နာမည်ကြီးဘရန်းတွေရဲ့ အလှကုန်ပစ္စည်းအတုတွေကို သိုလှောင်ထားတဲ့ဂိုဒေါင်နှစ်ခုကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက အောက်တိုဘာလ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီလို စစ်ဆေးရာမှာ Shopee၊ Lazada နဲ့ TikTok လိုမျိုး အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့် ဈေးချိုချိုနဲ့ရောင်းချနေတဲ့ အတုအပအလှကုန်ပစ္စည်း အများအပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတဦး၊ မြန်မာနိုင်ငံသားသုံးဦးနဲ့ တရားဝင်မှတ်ပုံတင်မထားတဲ့ လူနှစ်ဦးစုစုပေါင်းနိုင်ငံခြားသား ခြောက်ဦးကိုဖမ်းဆီးရမိခဲ့တာပါ။
သူတို့ဟာအွန်လိုင်းကနေမှာယူတဲ့ ကုန်ပစ္စည်းတွေကို ထုပ်ပိုးပေးပို့ရာမှာပါဝင်ပတ်သက်နေကြသူတွေဖြစ်ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ သိမ်းဆည်းရမိတဲ့ အတုအပပစ္စည်းတွေကို စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ ဆက်လုပ်နေကြပါတယ်။










