Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

အရပ်သားတွေရဲ့ အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁၁။

​ရှင်းရှင်းလင်းလင်းမြင်သင့်တဲ့အပိုင်း

​တိုက်ခိုက်ပစ်ခတ်တဲ့ဘက်ကမှ မဟုတ်ပါဘူး။ တခြားတဖက်ဖက်က လူထုကြားထဲနေရာယူလာရင်လည်း ဂျီနီဗာ ကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်ပါတယ်။

​ဂျီနီဗာကွန်ဗင်းရှင်း(Geneva Conventions)နဲ့ နောက်ဆက်တွဲထပ်တိုးပရိုတိုကော(Additional Protocols) တွေမှာ အရပ်ဘက်အခြေခံအဆောက်အအုံတွေ၊အရပ်ဘက် အရာဝတ္ထုတွေကို…။

၁။စစ်ရေးအရအသုံးပြုတာ။

၂။နေရာယူတာ၊နေထိုင်တာ၊တပ်စွဲတာ။

၃။တိုက်ခိုက်တာတွေမပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

​နောက်ဆက်တွဲပရိုတိုကော ၁၊အပိုဒ် ၅၂ (Additional Protocol I, Article 52)မှာ စစ်ရေးအသုံးအဆောင်မဟုတ်တဲ့ အရပ်ဘက်အဆောက်အအုံတွေကို စစ်ရေးအတွက် သုံးစွဲခြင်းမပြုရလို့ဆိုပါတယ်။

အရပ်ဘက်အဆောက်အအုံတွေ၊အရာဝတ္ထုတွေ(Civilian Objects)ကို စစ်ရေးအရ ပစ်မှတ်မထားဖို့နဲ့တိုက်ခိုက်တာတွေမလုပ်ဖို့လည်း ပြဋ္ဌာန်းထားပါတယ်။

​နောက်ဆက်တွဲပရိုတိုကော ၁၊အပိုဒ် ၅၈ (Additional Protocol I, Article 58)အ ရစစ်ပွဲမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ မိမိတို့ စစ်တပ်၊တပ်ဖွဲ့တွေကို လူတွေရှိနေတဲ့ နေရာတွေ၊အရပ်ဘက် အဆောက်အအုံတွေနဲ့အဲဒီအခြေအနေ အနီးအနားတွေမှာ စခန်းချတာ၊တပ်စွဲတာမပြုဖို့နဲ့အရပ်သားတွေကို စစ်ပွဲအန္တရာယ်ကရှောင်ရှားနိုင်ဖို့ လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ရမယ်လို့ဆိုပါတယ်။

​ဂျီနီဗာကွန်ဗင်းရှင်း၄၊အပိုဒ် ၁၉(Gene va Convention IV, Article 19)နဲ့နောက်ဆက်တွဲပရိုတိုကော ၁၊အပိုဒ် ၁၂ (Article 12)တွေမှာ အရပ်ဘက်ဆေးရုံတွေ၊ဆေးခန်းတွေနဲ့ ဆေးဘက်ဆိုင်ရာနေရာတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုတာ၊တပ်စွဲတာ၊လက်နက်၊ခဲယမ်းသိုလှောင်တာ၊စစ်သည်တွေ ခိုလှုံရာအဖြစ်သုံးတာကို အကြွင်းမဲ့တားမြစ်ထားပါတယ်။

စစ်ရေးအရအသုံးချရင် ဆေးရုံတွေရဲ့ အကာအကွယ်ရရှိပိုင်ခွင့်ကဆုံးရှုံးသွားမှာပါ။

​နောက်ဆက်တွဲပရိုတိုကော၁၊အပိုဒ် ၅၄ (Article 54)နဲ့နောက်ဆက်တွဲပရိုတိုကော၂၊အပိုဒ် ၁၄ (Article 14)အရအရပ်သားပြည်သူတွေရှင်သန်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ သောက်ရေကန်တွေ၊ရေပေးဝေရေးစနစ်တွေ၊စိုက်ပျိုးရေးမြေတွေ၊စာနပ်ရိက္ခာသိုလှောင်ရုံတွေကို စစ်ရေးအရဖျက်ဆီးတာ၊စစ်ရေးအကျိုး အမြတ်အတွက် သိမ်းပိုက်တာ၊စစ်ရေးဆိုင်ရာကိစ္စရပ်တွေအတွက် အသုံးပြုတာတွေကို တားမြစ်ထားပါတယ်။

​နောက်ဆက်တွဲပရိုတိုကော ၁၊အပိုဒ် ၅ ၆ (Article 56)နဲ့နောက်ဆက်တွဲပရိုတိုကော ၂၊အပိုဒ် ၁၅(Article 15)တွေမှာ ရေကာတာတွေ၊တာတမံတွေနဲ့ နျူက လီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေလိုမျိုး ဖျက်ဆီးခံရရင်လူထုကို ကြီးမားတဲ့ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်တဲ့အဆောက်အအုံတွေကို စစ်ရေးအရတပ်ချတာ၊တိုက်ခိုက်ရေးစခန်းအဖြစ် အသုံးချတာတွေကိုမလုပ်ရပါဘူး။

​နောက်ဆက်တွဲပရိုတိုကော ၁ ရဲ့(အပိုဒ် ၁၂၊ ၅၂၊ ၅၄၊ ၅၆ နဲ့ ၅၈)တွေမှာ အရပ်သားတွေ၊အရပ်ဘက်အခြေခံအဆောက်အအုံတွေကို စစ်ပွဲရဲ့ဘေးထွက်ဆိုးကျိုးတွေကကာကွယ်ဖို့အတွက်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေဟာ တပ်စွဲတာ၊စစ်ရေးအရအကာအကွယ်ယူတာ၊စစ်ရေးအဖြစ် အလွဲသုံးစားလုပ်တာတွေကို တားမြစ်ထားပါတယ်။

​အကာအကွယ် ဥပဒေကြောင်းအရပျက်မှု

​ဂျီနီဗာကွန်ဗင်းရှင်းအရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာရုံးတွေဟာလည်း အရပ်ဘက်ဆိုင်ရာအကာအကွယ်တွေရဲ့အောက်မှာရှိပါတယ်။

အဲဒီနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့မရပါဘူး။

အဲဒီရုံးတွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ သာမန်အရပ်ဘက်လုပ်ငန်းတွေကိုဆောင်ရွက်နေရင် အရပ်ဘက်အခြေအနေ(Civilian Object)အဖြစ် ဆက်တည်ရှိပြီး အကာအကွယ်ရရှိပါတယ်။

စစ်ရေးနဲ့မသက်ဆိုင်တဲ့သာမန်ပြည်သူ့ဝန်ဆောင်မှုတွေ၊မွေးဖွား၊သေဆုံးစာရင်းဇယားရေးသွင်းတာတွေ၊လူမှုရေးဆိုင်ရာကူညီမှုတွေ၊မြို့ပြသန့်ရှင်းရေးနဲ့ ရေ၊မီးပေးဝေရေးစီမံတာတွေစတဲ့ လုပ်ငန်းတွေကိုသာ ဆောင်ရွက်နေရင် စစ်ရေးပစ်မှတ်မဟုတ်ပါဘူး။

​အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာနေရာ အဆောက်အအုံတွေဟာ စစ်ရေးဆိုင်ရာညွှန်ကြားတာ၊စီမံခန့်ခွဲတာ၊လူသစ်စုဆောင်းတာ၊လက်နက်ခဲယမ်းသိုလှောင်တာစတဲ့စစ်ရေးအတွက် အကူအညီတဲ့လုပ်ဆောင်ချက်တွေရှိလာရင်တော့ နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေ (International Humanitarian Law – IHL)အရ အရပ်ဘက်အကာအကွယ်ရရှိပိုင်ခွင့်ဆုံးရှုံးသွားမှာဖြစ်ပြီး စစ်ရေးပစ်မှတ်(Military Objective)ဖြစ်သွားပါတယ်။

​ဂျီနီဗာကွန်ဗင်းရှင်းနောက်ဆက်တွဲပရိုတိုကော ၁၊အပိုဒ် ၅၂(၂) [Additional Protocol I, Article 52(2)]အရ အရပ်ဘက်အဆောက်အအုံတွေဖြစ်ကြတဲ့ရုံး၊ ကျောင်း၊မြို့တော်ခန်းမစတာတွေကို “စစ်ရေးရည်ရွယ်ချက်တွေအတွက် ထိရောက်စွာအသုံးပြုလာခဲ့ရင်”(Effectively used for military action) အရပ်ဘက်အကာအကွယ် ဆုံးရှုံးသွားပါတယ်။

​အရပ်ဘက် ရုံးတရုံး ဒါမှမဟုတ် အုပ်ချုပ်ရေးဌာနတခုဟာ စစ်ဆင်ရေးတွေကို ကွပ်ကဲတာ၊တပ်သားသစ်စုဆောင်းဖို့လုပ်တာ၊လေ့ကျင့်တာ၊စစ်ရေးဆိုင်ရာ ထောက်ပံ့ရေးစခန်းအဖြစ် အသုံးချလာရင် အဲဒီနေရာဟာ စစ်ရေးအရအကျိုးအမြတ်ပေးနေတဲ့စစ်ရေးပစ်မှတ် (Military Objective)ဖြစ်သွားပါတယ်။

​တိုက်ခိုက်မယ့်သူဘက်က လိုက်နာရမယ့်စည်းမျဉ်းတွေ

​ဂျီနီဗာကွန်ဗင်းရှင်းအရ အရပ်ဘက်နေရာတခု၊အုပ်ချုပ်ရေးနေရာတခုဟာ စစ်ရေးပစ်မှတ်ဖြစ်သွားခဲ့ရင်တောင်တိုက်ခိုက်မယ့်အဖွဲ့အစည်းဟာ… ။

​-(Principle of Distinction)အရ အဲဒီပါရုံးဟာစစ်ရေးအတွက် ထိရောက်စွာ အသုံးချခံနေရကြောင်းခိုင်လုံတဲ့အထောက်အထားရှိရမှာပါ။

-​ပြီးရင် စစ်ရေးအရလွှဲမှားစွာ သုံးစွဲနေခြင်းကို ရပ်တန့်ဖို့သင့်တော်တဲ့အချိန်တခုပေးပြီး ကြိုတင်သတိပေးရမှာပါ။

အရပ်သားတွေကို ဘေးလွတ်ရာ ရှောင်ခိုင်းရမှာပါ။အဲဒါဟာ ကြိုတင်သတိပေးခြင်း(Advance Warning)လည်း ဖြစ်ပါတယ်။

-​(Principle of Proportionality)အရ စစ်ရေးအရရရှိမယ့် အကျိုးအမြတ်ထက် အနီးဝန်းကျင်က အပြစ်မဲ့အရပ်သားတွေထိခိုက်သေဆုံးမှုနဲ့အရပ်ဘက်ပျ က်စီးနိုင်ခြေက ပိုမိုကြီးမားနေရင် တိုက်ခိုက်တာကို မပြုလုပ်ရပါဘူး။

-(Precautions in Attack)အရ အရပ်သားထိခိုက်တာကို အနည်းဆုံးဖြစ်အောင်နည်းလမ်းပေါင်းစုံနဲ့စီမံဆောင်ရွက်ရမှာပါ။

ဘက်နှစ်ဖက်တိုက်ခိုက်ကြရင်ဘယ်လိုပဲဖြစ်ဖြစ် ဘက်အသီးသီးက တိုက်ခိုက်သူတွေဟာ အရပ်သားနေရာတွေမှာစစ် ရေးနဲ့ဆက်နွှယ်တဲ့ကိစ္စရပ်တွေ၊လူပုဂ္ဂို လ်တွေလာနေတာ၊နေရာယူတာတွေမလုပ်ဘဲ လူထုနဲ့ဝေးဝေးမှာရှိပေးမှုဟာလည်း တဖက်ကကြည့်ရင် Precautions in Attack ဆိုတဲ့ အရပ်သားတွေ အထိအခိုက်နည်းအောင် ပြင်ဆင်မှုထဲမှာ အကြုံးဝင်ပါတယ်။

အရပ်သားတွေရဲ့နေရာတွေဟာ စစ်ရေးပစ်မှတ်တွေက ဝေးဝေးမှာရှိသင့်ပါတယ်။ ရည်ရွယ်ချက်ရှိလို့ပဲ ဖြစ်ဖြစ်၊ရည်ရွယ်ချက်မရှိဘဲနဲ့ဖြစ်ဖြစ် အရပ်ဘက် ဆိုင်ရာအကာအကွယ်တွေရဲ့ဥပဒေကြောင်းအရ တရားဝင်မှုကို စစ်ပွဲထဲက ဘက်အသီးသီးဟာမဖျက်ဆီးသင့်ပါဘူး။

တကယ်လို့ ဖျက်ဆီးခဲ့ရင် ဒါမှမဟုတ် ဖျက်ဆီးသလို လုပ်ခဲရင်လည်း ဒါဟာ စစ်ရာဇဝတ်မှုထဲမှာ အကြုံးဝင်ပါတယ်။

​ကိုးကား…
​https://ihl-databases.icrc.org/en/ihl-treaties/api-1977/article-58/commentary/1987?hl=en-GB
​https://ihl-databases.icrc.org/en/ihl-treaties/api-1977/article-54?hl=en-GB
​https://ihl-databases.icrc.org/en/ihl-treaties/gciv-1949/article-19?hl=en-GB
​https://ihl-databases.icrc.org/en/customary-ihl/v1/rule54?hl=en-GB

PrevPreviousချင်းမိုင်မှာမြန်မာနိုင်ငံသားတဦးဆီမှ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)
Nextဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံးNext
Previous Post

ချင်းမိုင်မှာမြန်မာနိုင်ငံသားတဦးဆီမှ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)

Next Post

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - BNA

မြေပုံကို စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

October 11, 2026
(ဓာတ်ပုံ-မြေပုံမြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

October 11, 2026
Photo - APM

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံး (ဓာတ်ပုံသတင်း)

October 11, 2026

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 10, 2026

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

ရီးယာ့ဒ်လေဆိပ်တိုက်ခိုက်ခံရလို့ တဆယ့်နှစ်ဦးသေဆုံးပြီးသုံးရာကျော်ဒဏ်ရာရ(ဓာတ်ပုံသတင်း)

ဗုဓီဂဏ္ဍကီမြစ် ရေလျှံနိုင်ခြေရှိနေသေးတာကြောင့် ဂရုစိုက်ကြဖို့သတိပေး

မြန်အောင်မှာ ရေဝင်ရောက်နိုင်တဲ့ကျေးရွာတွေရှိ ပြည်သူတွေကြိုတင်ရွှေ့ပြောင်း (ဓာတ်ပုံသတင်း)

မလေးရှားပြန် ရခိုင်တွေကို နိုင်ငံသားကတ်ထုတ်ပေး

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

Releated Post

(ဓာတ်ပုံ-မြေပုံမြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

မြေပုံမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

October 11, 2026
ကိုးကား/ဓာတ်ပုံ-AFP

ရီးယာ့ဒ်လေဆိပ်တိုက်ခိုက်ခံရလို့ တဆယ့်နှစ်ဦးသေဆုံးပြီးသုံးရာကျော်ဒဏ်ရာရ(ဓာတ်ပုံသတင်း)

October 11, 2026
​ဓာတ်ပုံ - TV Annapurna

ဗုဓီဂဏ္ဍကီမြစ် ရေလျှံနိုင်ခြေရှိနေသေးတာကြောင့် ဂရုစိုက်ကြဖို့သတိပေး

October 11, 2026
ဓာတ်ပုံ - One News Myanmar

မြန်အောင်မှာ ရေဝင်ရောက်နိုင်တဲ့ကျေးရွာတွေရှိ ပြည်သူတွေကြိုတင်ရွှေ့ပြောင်း (ဓာတ်ပုံသတင်း)

October 11, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားပြန် ရခိုင်တွေကို နိုင်ငံသားကတ်ထုတ်ပေး

October 11, 2026
​ဓာတ်ပုံ - Assam Rifles

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

October 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page