Border News Agency
ဝီရဌာနီ၊ အောက်တိုဘာ ၁၁။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်ကို အောက်တိုဘာလ ၁၀ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးပြီး တဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ အသက်တရာနှစ်အရွယ် ဒေါ်ဝင်းမေ၊ အသက်ခြောက်ဆယ်လေးနှစ်အရွယ် ဒေါ်ဦးမြသန်း၊ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် ဒေါ်မခင်သန်း၊ အသက်လေးဆယ်တနှစ်အရွယ် ဒေါ်ရီရီသန်း၊အသက်ဆယ့်ကိုးနှစ်အရွယ် မာမောက်ရှော်ရိန်၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်မနီနီနဲ့ သားဖြစ်သူအသက်ခြောက်နှစ်အရွယ်ဆာဟာတ်သေဆုံးခဲ့ပါတယ်။
အဲဒီဆင်အိုင်ရွာကို အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၆ နာရီ ၂၀မိနစ် အချိန်ခန့်က အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်တစီးနဲ့လေကြောင်းကနေ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးဟာ ဆင်အိုင်ရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး ရွာထဲရှိအပြစ်မဲ့အရပ်သားပြည်သူခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်ခုနှစ်ဦးထက်မနည်းဒဏ်ရာရသွားခဲ့ပါတယ်။
































