Border News Agency
ပဲခူး၊ အောက်တိုဘာ ၁၅။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ငွေကျပ်သိန်းတထောင့်နှစ်ရာတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေစဉ် စိုင်းသိန်းဇော် (ခ) အိုက်နောင့် မောင်းနှင်လာတဲ့ယာဉ်ပေါ်မှ Happy Water တစ်ဒသမငါးကီလိုနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအပြင် Happy Water တွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ စိုင်းဇင်မင်းထွေး (ခ) ရှန်ရှန် ကိုဘားအံမြို့မှာ လက်ကိုင်ဖုန်းနှစ်လုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ စိုင်းသိန်းဇော် (ခ) အိုက်နောင့်နဲ့ စိုင်းဇင်မင်းထွေး (ခ) ရှန်ရှန်တို့ နှစ်ဦးကို ဝေါမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။










