Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၆။
အာဏာသိမ်းစစ်တပ် ဒုတိယသမ္မတ ဦးညိုစောနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ငုယင် အန်းဒက်တို့ အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်ရှိ သမ္မတရုံးမှာတွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်အကြောင်းနဲ့ နှစ်နိုင်ငံကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားမှုတွေကိုပြောခဲ့ပါတယ်။
နောက်ပြီးနှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေအပါအဝင် ဒေသတွင်း မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အာဏာသိမ်းစစ်တပ် ဒုတိယသမ္မတ ဦးညိုစောနဲ့အတူ စစ်တပ်ရဲ့ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။






