Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၇။
ရန်ကုန်မှာပြုလုပ်တဲ့ ပထမအကြိမ် မြန်မာ-ရုရှား နှစ်နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ ရုရှားရေတပ်ကင်းထောက်အဖွဲ့ဟာ အောက်တိုဘာလ ၁၂ ရက်နေ့က ရောက်လာပြီး ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရုရှားရေတပ်မှဗိုလ်ချုပ် အန်ဒရီး နီကိုလာယဲဗစ် ဦးဆောင်တဲ့အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ် ရေတပ်တို့ နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် လေ့ကျင့်ရေး ကိစ္စတွေ၊ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ ရေယာဉ်တွေပြုပြင်ထိန်းသိမ်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရုရှားနိုင်ငံဆီက စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်နည်းပညာ အကူအညီတွေကို ရယူပြီး နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာဖိနှိပ်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်တပ်နဲ့ အခုလို စစ်ရေး၊ စီးပွားရေးနဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံနေမှုတွေဟာ စစ်တပ်ရဲ့ ပြည်သူအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ပိုမိုအားပေးရာရောက်နေတယ်လို့ လေ့လာသူတွေကထောက်ပြကြပါတယ်။






