Border News Agency
မိုးမိတ်၊ အောက်တိုဘာ ၁၉။
အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့လီဆူတပ်ဖွဲ့ဝင်တွေကိုအရေးယူမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)နဲ့ က အောက်တိုဘာလ ၁၈ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်ငါးဆယ်ကျော်ဟာ လက်နက်ခဲယမ်းငါးဆယ် ဝန်းကျင်နဲ့အတူ အာဏာသိမ်းစစ်တပ်ဆီ သွားရောက်ပူးပေါင်းသွားခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၇ စစ်ဆင်ရေးကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ဦးဂူဆီး ဦးဆောင်တဲ့ အဖွဲ့ဟာ မိုးကုတ်မြို့ လုံခြုံရေးအတွက်တအာင်းတပ်နဲ့ ပူးပေါင်းလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ဆီပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ဦးဂူဆီး အပါအဝင်လီဆူတပ်ဖွဲ့ဝင်ငါးဆယ်ကျော်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ လက်နက် ခဲယမ်းတွေနဲ့အတူ စစ်တပ်ထံ သွားရောက်ပူးပေါင်းခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာရမယ့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြတာကြောင့်တအာင်းအဖွဲ့အစည်းနဲ့ ကင်းကွာသွားပြီလို့ကြေညာထားပါတယ်။
အဲဒီအပြင်သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမှာဖြစ်ပြီး မိဘပြည်သူတွေအပေါ် ဖိနှိပ်စော်ကားမှုတွေ ပြုလုပ်လာရင် ပြည်သူ့ဘက်က ရပ်တည်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။






