Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၂၁။
အာရက္ခတပ်တော်ထိန်းချုပ်ထား တဲ့ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံနဲ့ လုံးတူဒေသကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်လသားကလေးငယ်တဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒေသကို အောက်တိုဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ချင်းပြည်သူ့အစည်းအရုံးထုတ်ပြန်ပါတယ်။
အဲဒီပီချောင်းဆုံဒေသကို အောက်တိုဘာလ၁၈ ရက်နေ့က အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်နဲ့ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် Y-12 လေယာဉ်နဲ့ ဗုံးခြောက်ဆယ်လေးလုံး ထပ်ကြဲခဲ့တာပါ။
လုံးတူ-တွီစပ်လမ်းခွဲအနီးကို အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း တိုက်လေယာဉ်နဲ့ဗုံးနှစ်လုံးကြဲချပြီး ပီချောင်းဆုံဒေသကို Y-12 လေယာဉ်နဲ့ ဗုံးလေးဆယ်ရှစ်လုံးထပ်ကြဲခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုမှာ ခြောက်လသားကလေးငယ်တဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သလိုဈေးဆိုင်တွေလည်းပျက်စီးသွားပါတယ်။
အဲဒီကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အာဏာသိမ်းစစ်ကြောင်းထိုးမှုတွေကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး ချင်းပြည်သူ့တပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေပါတယ်။










