မန္တလေး၊ ဧပြီ ၅။
ငလျင်ဒဏ်ကို ခံနေကြရတဲ့မန္တလေးမြိုမှာ ဧပြီလ ၅ ရက်၊ ဒီနေ့ မိုးရွာနေတာမိုပြည်သူတွေ နေရာစအခက်အခဲတွေဖြစ်နေကြပြီလို ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် မန္တလေးမြိုနေရာအများစု ပြိုပျက်သွားခဲ့သလို လူနေအိမ်တွေ၊ တိုက်တွေလည်း ပြိုပျက်သွားခဲ့တာမို အကူအညီတွေ လိုအပ်နေတာလို ဆိုကြပါတယ်။
အဲဒီငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပေးကြတာတွေရှိပေမယ့်မလုံလော က်ကြတာမို အဆင်ပြေသလို နေထိုင်နေကြရသူတွေလည်းရှိတယ်လိုဆိုကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြိုအရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ သ မိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။





