Border News Agency
မြင်းမူ၊ နိုဝင်ဘာ ၁၆။
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်နဲ့ ဘုတလင်မြို့န
ယ်ရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားပါတယ်။
မြင်းမူမြို့နယ်၊ညောင်ပင်ကန်ကျေးရွာကို နိုဝ
င်ဘာလ ၁၄ ရက်နေ့က မုံရွာမြို့ရှိ အနော
က်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာတဲ့စစ်တပ်ဂျိုင်ရိုကော်ပတာသုံးစီးနဲ့လေကြောင်းမှတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ တဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ကာ နေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင်ဘုတလင်မြို့ နယ်၊ တွင်းတော်ရွာနဲ့ ချပ်ကလေးရွာကြား၊ ဆင်ဝတ်ဘုရားအနီးကိုလည်း အဲဒီနေ့ ညနေ ၃နာရီခွဲအချိန်က အ
နောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာတဲ့ စစ်တပ်ပါရာမော်တာတစီး နဲ့လေကြောင်းတို
က်ခိုက်ခဲ့တာကြောင့် အမျိုးသားသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ အပြစ်မဲ့ပြည်သူတွေနေထိုင်ရာ မြို့ပေါ်ရပ်ကွက်၊ကျေးရွာတွေကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိနေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပါတယ်။









