Border News Agency
တောင်ကုတ်၊ နိုဝင်ဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်၊ပန်းထော်ကျွန်းရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
အထွေထွေရောဂါတွေ ကုသပေးတာ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးတာနဲ့ တီဘီရောဂါ ရှာဖွေစစ်ဆေးတာတွေကို အခမဲ့ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့လုပ်ငန်းတွေမှာ လူနာစုစုပေါင်းနှစ်ရာ့ရှစ်ဆယ့်ဦးကို ကုသပေးနိုင်ခဲ့ပြီး လူနာတွေထဲက တီဘီရောဂါ သလိပ်ပိုးတွေ့ရှိသူတဦးကိုလည်း တွေ့ရှိခဲ့ရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ ဒေသအတွင်းက ပြည်သူတွေကို ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးနေပါတယ်။














