Border News Agency
လောင်တလိုင်၊ နိုဝင်ဘာ ၁၈။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ပလက်ဝဒေသကို ဆက်သွယ်ထားတဲ့ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMMTTP)မှာပါသွားတဲ့မြေတွေအတွက် မြေယာလျော်ကြေးမရကြသေးတာမို့ အဲဒီစီမံကိန်းရဲ့လမ်းမကြီးကို လောင်တလိုင်ခရိုင် မြေပိုင်ရှင်တွေက နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ပိတ်ထားကြပါတယ်။
အဲဒီလမ်းပိတ်မှုဟာ စီမံကိန်းလမ်းတိုးချဲ့ဖောက်လုပ်ရာမှာ မြေသိမ်းဆည်းခံခဲ့ရတဲ့ ပုဂ္ဂလိကမြေပိုင်ရှင်တရာ့သုံးဆယ်ရှစ်ဦးအတွက် လျော်ကြေးငွေပေးချေဖို့ ကြန့်ကြာနေတာကြောင့်ဖြစ်ပေါ် လာတာဖြစ်ပါတယ်။
အဲဒီလောင်တလိုင်ခရိုင်တာဝန်ရှိသူတွေက လျော်ကြေးအတွက်တင်ပြထားပြီးဖြစ်ပေမယ့် တရားရုံးရဲ့ ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာမို့ ငွေထုတ်ပေးရေးရပ်တန့်နေတာဖြစ်ပါတယ်။
အဲဒီမြေပိုင်ရှင်တွေအသင်းကတော့ တ ရားရုံးရဲ့အပြီးသတ်ဆုံးဖြတ်ချက်ထွက်ပေါ်လာတာ (သို့မဟုတ်) လျော်ကြေးငွေအပြည့်အဝရတာမျိုးမရှိသေးသရွှေး လမ်းပိတ်မှုကို ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။
အဲဒီလမ်းပိတ်မှုတွေကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်းမှအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ဝင်ရောက်မယ့် နယ်စပ်ဖြတ်ကျော်ကုန်စည်စီးဆင်းမှုတွေ ယာယီရပ်သွားခဲ့ပါတယ်။
အဲဒါကြောင့်ဒေသတွင်းထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေနဲ့စီမံကိန်းဆိုင်ရာ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ဆက်ဖြစ်ပေါ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီကုလားတန်ဘက်စုံသုံးသယ်ယူပို့ ဆောင်ရေးစီမံကိန်း(KMMTTP)ကို အိန္ဒိယအစိုးရက အမြန်ဆုံးအကောင်အထည်ဖော်လည်ပတ်ချင်နေပေမယ့် စီမံကိန်းဖြတ်သတ်သွားတဲ့ဧရိယာအများစုကို အာရက္ခတပ်တော်ထိန်းချုပ်ထားပြီး စစ်တွေဆိပ်ကမ်းကိုတော့ အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပါတယ်။






