Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ပေါက်ပင်ကိုင်းသောကြောင့်…

Author picture

By

BNA Author
Reading Time: 6 mins read
0
A A
0
SHARES
47
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

အာရက္ခဒေသ၏လူမှုစီးပွားဘဝသည် လက်ရှိအခြေအနေထိ အကျပ်အတည်းဆိုက်နေမှုတွင်သာရှိနေသေးသည်။အာရက္ခဒေသ၏လူမှုစီးပွားဘဝအကျပ်အတည်းမှာ “စီးပွားရေးပြိုလဲမှု” ကြောင့်ဖြစ်သည်။ “စီးပွားရေးပြိုလဲမှု” တွင် ပြိုလဲရသည့်အကြောင်းတရားနှင့်ပြိုလဲမှုကြောင့် ရိုက်ခတ်ခံရသည့်အကျိုးဆက်များရှိသည်။

အာရက္ခဒေသ၏စီးပွားရေးပြိုလဲမှုသည် “စစ်ကောင်စီမှအာရက္ခဒေသအားစီးပွားရေးပိတ်ဆို့မှုကြောင့်” ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အာရက္ခဒေသတွင် “စစ်ကောင်စီဘက်မှစီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်လောက်သောစီးပွားရေးလည်ပတ်မှု” ရှိမနေခဲ့ဟု ပြန်ဖြေရမည်ဖြစ်သည်။

ဤအချက်သည် အာရက္ခဒေသဘက်မှ ပြည်မဘက်ကို စီးပွားရေးနှင့်အခြားအခြေခံအဆောက်အအုံများကို မှီခိုမှုအများအပြားရှိနေသောကြောင့်ဖြစ်သည်။

ထိုသို့မှီခိုနေရမှုများနေစေရန်လည်း နိုင်ငံရေးစနစ်အရ သွပ်သွင်းခြင်းခံထားရသည်။အာရက္ခဒေသ၏ စစ်ဘေးကင်းဝေးနေခဲ့သောကုန်လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အာရက္ခဒေသသည်ဖွံ့ ဖြိုးတိုးတက်ဖြစ်ထွန်းမှုမရှိခဲ့ဘဲ မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးဒေသအ ဖြစ်စာရင်းချိတ်နေခဲ့သည်။ဤသည်များက လက်ရှိပေးထားချက်များပင်ဖြစ်သည်။

  • ဒေသန္တရစီးပွားရေး

အာရက္ခဒေသ၏ စီးပွားရေးအားလက် ရှိအခြေအနေတွင် ပြန်လည်နာလန်ထနှိုးဆွနိုင်ရန်အတွက် လိုအပ်ချက်ပေါင်းများစွာရှိနေသည်။ ပြန်လည်နာလန်ထ နှိုးဆွမှုဟူသည် စီးပွားရေးအား ကျန်းမာသန်စွန်းသည့်အဆင့်ကို ဆိုလိုသည်မဟုတ်သေး။

ပြန်လည်စတင်နိုင်ရန်ကနဦးအစပျိုးရန်အတွက် အားစိုက်ရမည့်အချက်ကို ဆိုလိုရင်းသာဖြစ်သည်။အာရက္ခပြည်တခုလုံးနှင့်သက်ဆိုင်သော စီးပွားရေးဆိုင်ရာအစီအမံများ၊ကျယ်ပြန့်သောမူဝါဒများကို ရေးဆွဲရန်ဆိုသည်မှာလည်း သီအိုရီများ၊စံနှုန်းများကို ရေရွတ်ပြနေရုံဖြင့်လည်း အလုပ်မဖြစ်နိုင်သေးပေ။

ဤသို့ဆိုလိုက်၍သီအိုရီများ၊စံနှုန်းများကိုအခြေခံံသည့် တပြည်လုံးဆိုင်ရာစီးပွားရေးမူဝါဒလုပ်ငန်းစဉ်များ မလိုအပ်ဟု ဆိုလိုသည်ကားမဟုတ်။

မိမိတို့၏ရပ်ရွာအဆင့်၊ဒေသန္တရအဆင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်လည်ပတ်ရန်အတွက် မည်သို့မည်ပုံပြုလုပ်ရမည်ဆိုသည့်အချက်ကိုသာ အခြေခံစဉ်းစားလိုရင်းဖြစ်သည်။

စစ်မဖြစ်ခင်က ရှိနေခဲ့သောလုပ်ငန်းငယ်များ၊အလုပ်အကိုင်များထဲတွင် လက်ရှိစတင်လည်ပတ်နိုင်ရန် လွယ်ကူသည့်အစိတ်အပိုင်းများ မည်၍မည်မျှရှိ၊ မရှိကို ပြန်လည်ဆန်းစစ်လိုရင်းသာဖြစ်သည်။

“လက်ရှိ အာရက္ခဒေသတွင် စစ်မဖြစ်ခင်ကလည်ပတ်နေခဲ့ပြီး ယခုရပ်တန့်နေသော ရပ်ရွာအဆင့်၊ဒေသန္တရအဆင့်လုပ်ငန်းများ မည်၍မည်မျှရှိနေသည်ကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စာရင်းဇယားများ၊ စစ်တမ်းများကောက်ယူထားခြင်း ရှိ၊မရှိ ဆိုသည်ကို မသိနိုင်ပေ။”

ထိုလုပ်ငန်းငယ်များတွင် လတ်တလောပြန်လည်စတင်နိုင်ရန်အတွက် ဒေသခံပြည်သူလူထုရင်ဆိုင်နေရသောအခက်အခဲများကိုလည်း နားထောင်သင့်သည် ။

အာရက္ခဒေသ၏ ယခင်ကလည်ပတ်ခဲ့သော တနိုင်တပိုင်လုပ်ငန်းငယ်များ ပြန်လည်နာလန်ထလာရန်အတွက် အခြားမည်သူကမှ စိတ်ဝင်တစားဖြင့် အကူအညီလာပေးမည်မဟုတ်ပေ။

ထိုစိန်ခေါ်မှုအား အာရက္ခပြည်သူလူထုနှင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုယ်တိုင်သာ “ကိုယ့်ဖာသာကိုယ်ရုန်းကန်ရမည့်ကိစ္စ” ဖြစ်သည်။

  • အချက်အလက်ကောက်ယူစုဆောင်းမှုနှင့်ပြည်သူလူထု၏ ရင်တွင်းမှလွတ်လပ်သောအသံဖြစ်စေရန်။

ထိုသို့ရပ်ရွာအဆင့်၊ဒေသန္တရအဆင့်လုပ်ငန်းများနှင့်ပတ်သက်၍အချက်အလက်များကောက်ခံသည့်အဆင့်တွင်ပင် ULA/AAအောက်ခြေအဆင့်အဖွဲ့ဝင်များအား ကြောက်လန့်ကာ ရပ်ရွာလူထုမှ ၎င်းတို့၏အခြေအနေကို ပွင့်ပွင့်လင်းလင်းအသံမထွက်ရဲဖြစ်နေနိုင်သည့်အနေအထားများကိုလည်း ဖြေလျော့ပေးသင့်သည်။

ULA/AA အောက်ခြေအဖွဲ့ဝင်အချို့၏ အာဏာပြမှုကြောင့်ကြောက်လန့်ကာအသံပိတ်နေသော ပြည်သူအချို့သည် အာရက္ခလူ့ဘောင်ထဲတွင် ရှိနေပေသည်။

ထိုသို့စီးပွားရေးဆိုင်ရာ အချက်အလက်များကောက်ခံမှုတွင် ဒေသန္တရလေ ယူလေသိမ်းမတူသည့် ပြည်သူများ၊လူမျိုးစုငယ်များ၊စုံလင်ကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများတွင်လည်း ၎င်းတို့နေထိုင်ရာနေရာဒေသအလိုက်အသက် မွေးမှုပုံစံများ၊အလုပ်အကိုင်ပုံစံများရှိနေပေသည်။

ထိုအသက်မွေးမှုပုံစံများ၊အလုပ်အကိုင်များ၏ တိုက်ပွဲမဖြစ်ခင်အခြေအနေများ၊လက်ရှိအခြေအနေများ၊ရပ်တန့်သွားသောအလုပ်အကိုင်များ၊ပြန်လည်အစပြုရန် အခက်အခဲများစသည့်အချက်များကို စစ်တမ်းကောက်ယူ၍ လေ့လာဆန်းစစ်သင့်ပေသည်။

ထိုသို့စစ်တမ်းကောက်ရာတွင် ရပ်ရွာပြည်သူလူထု၏ ဒေသန္တရလေယူလေ သိမ်းဘာသာစကားကို သည်းခံမှုမရှိဘဲ နှိပ်ကွက်ခြင်း၊ယဉ်ကျေးမှုတန်ဖိုးများကိုဂရုမစိုက်ခြင်းစသည့်အချက်များမဖြစ်စေရန် ဂရုစိုက်၍မိမိ၏ရင်တွင်းမှ ဆန္ဒအားပွင့်လင်းစွာပြောဆိုမှုအပေါ်လုံခြုံရေးဆိုင်ရာအာမခံချက်ရှိရှိဖြင့် ဆောင်ရွက်ပေးသင့်ပေသည်။

အဘယ်ကြောင့်ဆိုသော်”တိုက်ပွဲမဖြစ်ခင်အချိန်ကာလကလည်ပတ်နေခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် မလည်ပတ်နိုင်သောဒေသန္တရလူထု၏လုပ်ငန်းများ”ဆိုသည်မှာ အခြားသောအဓိပ္ပါယ်တွင် “ULA/AA မထိန်းချုပ်ခင်က လည်ပတ်နေခဲ့ပြီး ULA/AA ထိန်းချုပ်လာသည့် နောက်တွင် မလည်ပတ်တော့သည့် ဒေသန္တရလူထု၏လုပ်ငန်းများ”ဟူ၍လည်း အဓိပ္ပါယ်ထွက်နေ၍ဖြစ်သည်။

ထိုကြောင့် အချက်အလက်ကောက်ခံရာတွင်”ဒေသန္တရလေယူလေသိမ်းကွဲပြားသည့်ပြည်သူများ၊လူမျိုးစုငယ်များ၊စုံလင်ကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများ “ဘက်မှဖြေဆိုမှုတွင်” ULA/AAအပေါ် ဝေဖန်သည်၊အပြစ်တင်သည်”ဟုတံဆိပ်ကပ်ခံရမှုအပေါ် ကြောက်လန့်စိုးရိမ်မှုရှိနေနိုင်၍ဖြစ်သည်။

“ဒလန်”၊”သတင်းပေး” ဟု တံဆိပ်ကပ်ခံရမည့်အပေါ် “ဒေသန္တရလေယူလေသိမ်းကွဲပြားသည့် ပြည်သူများ၊လူမျိုးစုငယ်များ၊စုံလင်ကွဲပြားသောဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများ” သည် စိုးရိမ်မှုရှိနေသည်။

ULA/AA ဘက်မှ မိမိတို့၏ နစ်နာမှုများကို တိုင်ကြားနိုင်ပါသည်ဟု လမ်းဖွင့်ထားခြင်း၊ Arakan Army ၏ ဝက်ဆိုက်စာမျက်နှာတွင် “လွတ်လပ်စွာဖော်ထုတ်ပြောကြားခွင့်သည် လူသားဖြစ်တည်မှု၏တလောကလုံးဆိုင်ရာဆန္ဒ”ဟူ၍ ဟစ်ကြွေးထားခြင်းမည်သို့ပင်ရှိစေကာမူ”ယနေ့ယခုအင်တာနက်ဆက်သွယ်မှုကွန်ရက်များပြတ်တောက်နေသောအခြေအနေအောက်တွင် လူထုထဲမှအချို့သ ည် အသံမထွက်နိုင်ကြတော့ပေ။

ထိုပြင် မိမိအား ထိခိုက်နစ်နာကြောက်လန့်အောင်လုပ်ထားသူဘက်မှ လက်လှမ်းမှီသော နယ်ပါယ်များထံ မိမိ၏နစ်နာထိခိုက်မှုများကို တင်ပြရဲတော့မည်လည်းမဟုတ်ပေ။

ထိုကြောက်လန့်မှုကြောင့်ပင် “မိမိ၏အခက်အခဲအကျပ်အတည်းများအပေါ်တွင်အသံမထွက်ရဲ” ဖြစ်နေခြင်းမျိုးလည်းရှိနေသည်။

မြန်မာနိုင်ငံတွင် နယ်ပါယ်အသီးသီး၌ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပို၍ကျဉ်းမြောင်းကျပ်တည်းလာပြီး မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေတွင်သာမကလက်နက်ကိုင်များ ထိန်းချုပ်နယ်မြေများတွင်လည်း ကျဉ်းမြောင်းမှုများရှိနေသည်ဟု လွတ်လပ်သည့်သုတေသနအဖွဲ့တခုဖြစ်သော Data for Myanmar မှ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၂၂ရက်နေ့အစီရင်ခံစာတွင် ဆိုထားသည်။

စစ်ကောင်စီက ဆန္ဒပြခြင်းကိုခွင့်မပြုသကဲ့သလိုပြလျှင်လည်းဖမ်းဆီးထောင်ချနေပြီးပဋိပက္ခဒေသများတွင်လည်း ဆန္ဒထုတ်ဖော်သောပြည်သူများသည် လက်နက်ကိုင်အဖွဲ့အစည်းကို ဝေဖန်ထောက်ပြရခြင်းဖြစ်၍ အန္တရာယ်များသည်ဟု Data for Myanmar အဖွဲ့က ဆိုသည်။

မြန်မာပြည်အနှံ့တော်လှန်ရေးအားကောင်းသော နယ်မြေများတွင်လည်း ပြည်သူများမှာ တော်လှန်ရေးအဖွဲ့များကို မေးခွန်းထုတ်ခွင့်ဆုံးရှူံးနေကြသည်ဟု ပြည်သူများက ဆိုကြသည်။

ထိုအခြေအနေများသည် အချက်အလက်ကောက်ယူမှုအတွက် ပြည်သူလူထု၏လွတ်လပ်သောပကတိအသံထင်ဟပ်မှုကို အဟန့်အတားဖြစ်စေသည်။

ပြည်သူလူထု၏ ပကတိအသံအစစ်အ မှန်ပါသော မြေပြင်၏အချက်အလက်များကသာဆုံးဖြတ်ချက်ချမှတ်မည့်သူများအတွက် စစ်မှန်သော အထောက်အကူကို ဖြစ်စေမည်ဖြစ်သည်။

“NLD အစိုးရလက်ထက်တွင် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ချဉ်းကပ်သည့်ပုံစံလွှဲမှားကာ နိုင်ငံရေးဂုဏ်သိက္ခာအရကျဆုံးမှု၏အဓိကအချက်များတွင် NLD အောက်ခြေမှဆုံးဖြတ်ချက်ချမှတ်သူ ထိပ်ပိုင်း NLD များထံ မြေပြင်ပကတိအခြေအနေမှန်ကို မပေးဘဲထားသောအ ချက်လည်းပါဝင်သည်။”

  • မကြီးနိုင်သေးသောကြောင့်ငယ်ရသည်။

အာရက္ခဒေသ၏ စီးပွားရေးနယ်ပါယ်တွင် အရင်းအနှီးအလုံးအထည်ကောင်းကောင်းဖြင့် မြုပ်နှံလည်ပတ်ရမည့်” ပင်လယ်ပြင်အခြေပြုစီးပွားရေးလုပ်ငန်းများ“ဖြစ်တည်လာရန်မှာ အချိန်အတိုင်းအတာတခုထိ စောင့်ရအုံးမည်ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်မှ အာရက္ခပြည်သူများအတွက် ထမင်းခွံ့ကျွေးနေမည်မဟုတ်သေးချေ။ပင်လယ်ပြင်မှ ပေးမည့်အကျိုးစီးပွားကို ခံစားခွင့်ရရန်ကာလတခုကို ဖြတ်သန်းရအုံးမည်ဖြစ်သည်။

“နိုင်ငံခြားကုန်သွယ်မှုအဆင့်မျိုးထိရေလုပ်ငန်း၊စိုက်ပျိုးရေး၊မွေးမြူရေးထုတ်ကုန်လုပ်ငန်းများ” ကို မျှော်လင့်၍မရသေးပေ။

အဆိုပါရေလုပ်ငန်း၊စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား “မိမိတို့အာရက္ခပြည်တွင်း ကုန်ကျစားရိတ်နည်းနည်းဖြင့်ဝယ်သုံးနိုင်သောဖူလုံမှု” အဆင့်ကိုသာ စတင်စဉ်းစားချဉ်းကပ်ကြည့်ရန်သာ ဖြစ်သည်။

မိမိတို့ အာရက္ခဒေသတွင်း ဖူလုံမှုကို ချဉ်းကပ်ရသည့် ပုံစံတွင်ပင် “မိမိတို့ ရပ်ရွာ၊ဒေသန္တရအဆင့် ကုန်ကျစားရိတ်နည်းနည်းဖြင့်ဝယ်သုံးနိုင်သော ဖူလုံမှု” ကို အခြေခံ၍ ချဉ်းကပ်ကြည့်ရန် ရည်ညွှန်းလိုမှုဖြစ်သည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမဖြစ်ခင်ကလည်ပတ်နေခဲ့ပြီး …

  • ၁။ လက်ရှိရပ်တန့်နေသော ရပ်ရွာ၊ဒေသန္တရအဆင့်လုပ်ငန်းများ။
  • ၂။ လက်ရှိလည်ပတ်နေသော်လည်း အခက်အခဲများရင်ဆိုင်နေရသောလုပ်ငန်းများ။
  • ၃။ လတ်တလာစတင်နိုင်သောလုပ်ငန်းများ။
  • ၄။ စတင်ရန် အချိန်ယူရမည့်လုပ်ငန်းများ။
  • ၅။ စတင်ရန်မျှော်လင့်ချက်မရှိနိုင်တော့သည့်လုပ်ငန်းများ စသည့်လုပ်ငန်းများ မည်မျှလောက်ထိ မိမိတို့ ရပ်ရွာအဆင့်၊ဒေသန္တရအဆင့်တွင် ရှိနေခဲ့သည်။

ထိုလုပ်ငန်းများတွင် စတင်ရန်အခက်အခဲများက ဘာဖြစ်သည်စသည့်အချက်အလက်များကို ဆန်းစစ်မှုပြုလျှင် စီးပွားရေးငယ်များအား နာလန်ထရန်နိုးဆွနိုင်သည့် လုပ်ငန်းစဉ်တရပ်ပေါ်ကောင်းပေါ်လာနိုင်ချေကို ချပြခြင်းသာဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူများသည် မိမိတို့ ရပ်ရွာ၊ဒေသန္တရအဆင့် စီးပွားရေးတွင် အာရက္ခပြည်သူလူထုကို ဗဟိုချက်ပြု၍ ဆွေးနွေးထိတွေ့ခြင်းဆိုသည့် အလေ့အထကောင်းကို တပါတည်းအစပျိုးသင့်ပေသည်။

စီးပွားရေးတွင် အာရက္ခပြည်သူလူထုကို ဗဟိုချက်ပြု၍ချဉ်းကပ်ခြင်းသည် ဆိုရှယ်ဒီမိုကရက်စံနှုန်းအရလည်း ကိုက်ညီပြီး စီးပွားရေးနယ်ပါယ်တွင် ဒီမိုကရေစီအလေ့အထကို အစပျိုးထားမှုလည်းဖြစ်သည်။

  • သက်ရောက်မှု

ရပ်ရွာ၊ ဒေသန္တရအဆင့် လုပ်ငန်းများကို နာလန်ပြန်ထူရန် ဆန်းစစ်အကဲဖြတ်မှုသည် ရပ်ရွာ၊ဒေသန္တရ၊တိုက်နယ်၊မြို့နယ်အဆင့်အပါအဝင် နေရာဒေသအလိုက်ဆုံးဖြတ်ချက်ချမည့်သူများအတွက်အနည်းငယ်လက်ဝင် သိမ်မွေ့သောကိစ္စရပ်များလည်း ဖြစ်မည်ဖြစ်သည်။

မိမိရပ်ရွာအတွင်း လမ်းဘေးဈေးသည်မှအစထင်းခုတ်ရောင်းသူအပါအဝင်ဈေးဆိုင်များ၊ကုန်သည်များ၊ယခင်လုပ်ကိုင်ခဲ့ကြပြီး လက်ရှိတွင်ရပ်တန့်နေသော စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့သူများထံ ချဉ်းကပ်ကာ အသံကိုနားထောင်ရမည့်ဖြစ်သည်။

“ပြည်သူလူထုအတွက် အမှန်တကယ်စိတ်စေတနာပါသော ပုဂ္ဂိုလ်များအတွက် ထိုကဲ့သို့လက်ဝင်သိမ်မွေ့မှုအပေါ်တွင် စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။”

အချို့သော “တာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင်သာယာနေသော” ပုဂ္ဂိုလ်များအတွက် “လူထုအသံကို နားထောင်ရမည့်ကိစ္စအပေါ် စိတ်ရှည်သည်းခံကြမည်မဟုတ်ချေ။”

အာရက္ခဒေသ၏ နိုင်ငံရေး၊ စစ်ရေးဖြစ်စဉ်တွင် “စစ်ရေးဘက်က အနစ်နာခံ၊ အသေခံ၍ တိုက်သူကတိုက်နေ၍ နိုင်ငံတည်ဆောက်ရေးကိစ္စရပ်များ အကောင်အထည်များပေါ်လာခဲ့ပြီဖြစ်သည်။

ထိုအသေခံ၊အနစ်နာခံကာ တိုက်သူများကြောင့် ပေါ်လာသောနိုင်ငံရေးအကောင်အထည်ဖေါ်မှုအောက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနယ်ပယ်များ၌ “အချို့သောတာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင်သာယာနေသော” အခင်း အကျင်းများသည် အာရက္ခပြည်၏စီးပွားရေးနာလန်ထမှုအပေါ် ဝန်ပိကာကြန့်ကြာစေသည်။

  • ပေါက်ပင်ဘာကြောင့်ကိုင်းရသည်

အဆိုပါ”အချို့သောတာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင် သာယာနေသောအခင်းအကျင်းများ၊ပုဂ္ဂိုလ်များ” ကိုမေတ္တာရပ်ခံလိုသည်မှာ အောက်ပါအချက်အလက်များနှင့်ပတ်သက်၍ မိမိတို့တွင်လည်း တနည်းတဖုံသက်ဆိုင်သည်ဟု ခံစားမိပါသလား။

– အာရက္ခပြည်တွင် စားဝတ်နေရေးကျပ်တည်းလွန်း၍ ဆန်ပြုတ်သောက်နေရသူများရှိနေရသည်။

  • အာရက္ခပြည်တွင် စစ်ဘေးရှောင်စခန်းများ၌ ကိုယ်ဝန်ဆောင်များ၊ကလေးသူငယ်များ အာဟာရချို့တဲ့မှုရှိနေရသည်။
  • ရခိုင်အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရသည်။
  • ရခိုင်တွင် စားဝတ်နေရေးကြပ်တည်း၍တောင်းရမ်းစားသောက်သူများရှိလာသည်။
  • အိမ်နီးချင်းနိုင်ငံများတွင် ရခိုင်အလုပ်သမားများ အဖမ်းခံရသည်။

စသည့် သတင်းများကိုကြားသိရသော အခါ မိမိတို့တွင် ထိုကိစ္စများအတွက် တာဝန်ရှိသည်ဟူသော ခံစားချက်မျိုး မည်၍ မည်မျှရှိကြသနည်း။

ထိုကိစ္စရပ်များအပေါ် မည်သို့ဖြေရှင်းပါက အဆင်ပြေမည်ဟုထင်ပါသနည်း။

ထိုစိတ်မချမ်းမြေ့ဖွယ်ရာအဖြစ်များသည်အာရက္ခဒေသ၏ စီးပွားရေးလဲပြိုနေမှုနှင့်တိုက်ရိုက်သက်ဆိုင်နေသောအ ကျိုးသက်ရောက်မှုများဖြစ်သည်။

ထိုပြဿနာများကို စီးပွားရေးဆိုင်ရာလဲပြိုမှုကြောင့် ဖြစ်လာရသော အကျိုးဆက်ဟုမမြင်ဘဲ- “ရခိုင်အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရသည်”မှာ ရခိုင်ပြည်မှထွက်သွား၍ ဖြစ်သည်။

သူများနေရာကို ကိုယ့်နေရာထက် အထင်ကြီး၍ ဖြစ်သည်။

သို့ဖြစ်၍ အမျိုးသမီးများအား ရခိုင်ပြည်၏ အပြင်ကို ထွက်မသွားစေရ” ၊ “အိမ်နီးချင်းနိုင်ငံများတွင် ရခိုင်အလုပ်သမားများ အဖမ်းခံရမှုသည်လည်း ထိုအတူဖြစ်၍ ရခိုင်သားများကို ရခိုင်ပြည်အပြင်ကို မထွက်စေနှင့်ဟု တလွဲတရှော်ဖြေရှင်းပုံမျိုးဖြင့် အာဏာပြကြမည်လား”။

“ပေါက်ပင်ဘာကြောင့်ကိုင်းရသည်” ဆိုသည့် အကြောင်းတရားကို ရှာဖွေရမည့်ဖြစ်စဉ်တွင် “ပေါက်ပင်ကိုင်းသောကြောင့်” ဟုသော ဖြတ်လမ်းကောက်ချက်ဖြင့် “ပေါက်ပင်” ကိုသာအပြစ်တင်နေမည်လား။

  • ပေါက်ပင်ကိုင်းသောကြောင့် ဘာဆက်ဖြစ်မည်နည်း။

ပေါက်ပင်ဘာကြောင့်ကိုင်းသည်ဖြစ်စေ အကြောင်းရင်းခံ “ငါ့ဝမ်းပူဆာနေခြင်း” မှာ ပြဿနာ၏ ဇစ်မြစ်သဘောဖြစ်သည်။

ပေါက်ပင် မကိုင်းခဲ့လျှင်လည်း “ငါ့ဝမ်းပူဆာနေခြင်း” မှာ ဆက်ရှိနေမည်ဖြစ်သည်။

ပေါက်ပင်ကိုင်းခြင်း၊ မကိုင်းခြင်းထက်၊ကိုင်းပြီးနောက်တွင်”လူထု၏ငါ့ဝမ်းပူဆာခြင်း”မှာ ဆက်ဖြစ်နေမည်ဖြစ်သ ည်။

သို့ဖြစ်၍ “လူထု၏ငါ့ဝမ်းပူဆာခြင်း” ကိုသာ ပြဿနာဇစ်မြစ်အဖြစ် လက်ခံ၍ ပြဿနာ၏ဇစ်မြစ်ကို ဖြေရှင်းရန်ဘက်ပေါင်းစုံ၊အမြင်ပေါင်းစုံဘက်မှ အဖြေရှာရမည်ဖြစ်သည်။

ပြဿနာ၊ဇစ်မြစ်ကို လမ်းလွဲနေပါက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

အာရက္ခပြည်သူလူထုတွင် “ငါ့ဝမ်းပူဆာခြင်းအားဖြေရှင်းနိုင်သည့် အခြေအနေမျိုး အာရက္ခပြည်ထဲတွင်မရှိနေသမျှကာလပတ်လုံး” ဆန်ပြုတ်သောက်ရသည်ဖြစ်စဉ်များ၊ တရုတ်မယားအဖြစ်ခံရမည့်ဖြစ်စဉ်များသည် ရှိနေမည်ဖြစ်သည်။

အာရက္ခပြည်သူလူထု၏ “ငါ့ဝမ်းပူဆာခြင်း” အားဖြေရှင်းမှုသည် စီးပွားရေးအားနာလန်ပြန်ထစေရန်အားထုတ်မှုမှလွဲ၍ အခြားမရှိပေ။

အာရက္ခဒေသ၏ စီးပွားရေးအားနာလန်ပြန်ထရန် နိုးဆွမှုတွင် အခက်အခဲမှာ “ကုန်ဈေးနှုန်း” ဖြစ်သည်။

“ကုန်ဈေးနှုန်း ကြီးမြင့်မှု” အကြောင်းတရားများတွင်…

  • ကျပ်ငွေတန်ဖိုး ထိုးကျနေခြင်း။
  • ပြည်မမှကုန်စည်စီးဆင်းမှုပိတ်ထားခြင်း။
  • သယ်ယူပို့ဆောင်ရေးစာရိတ်များကြီးမြင့်နေခြင်း။
  • အကောက်အခွန်များက ဝန်ပိနေခြင်း။
  • ကုန်စည်ကူးသန်းမှုတွင် မျက်နှာလိုက်မှုများရှိနေခြင်း။
  • စီးပွားရေးဆိုင်ရာမူဝါဒများ၊စံနှုန်းများကိုမျက်ကွယ်ပြုထားခြင်း။
  • လေလံပစ်မှုနှင့်အခွန်ကောက်မှုများသည် ငွေရှာနိုင်သောလမ်းကြောင်းများဖြစ်သည်ဟုသာ အလွယ်ထင်နေခြင်း။
  • အစိုးရမှပြည်သူအားဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြင့်ငွေရှာရန်မစဉ်းစားခြင်း။
  • ပြည်ပနှင့်ကုန်ကူးရာတွင် ပို့ကုန်မရှိဘဲ သွင်းကုန်သာရှိနေခြင်း။
  • အားကိုးအားထားပြုနိုင်လောက်သည့် နိုင်ငံတကာထောက်ပံမှုမရှိခြင်း။
  • ”အာရက္ခလူ့ဘောင်သည် ထုတ်ကုန်မဲ့လူဘောင်အဖြစ် တည်ရှိနေသော နိုင်ငံရေးစနစ်ကို ဖြတ်သန်းခဲ့ရခြင်း။”

စသည့် အခြေခံအကြောင်းတရားများစွာ ရှိနေပေသည်။

ထိုကဲ့သို့ ပြဿနာအခြေခံအကြောင်း တရားများကို ရင်ဆိုင်နေရချိန်တွင် မိမိတို့ လက်လှမ်းမှီသည့် အရာကိုသာ စတင်ဖြေရှင်းကိုင်တွယ်ရန်ချဉ်းကပ်ရသ ည်။

သို့ဖြစ်၍ ULA/AA အနေဖြင့် စတင်ကို င်တွယ်ရန် လွယ်ကူသောအချက်များကို“ထုတ်ကုန်မဲ့လူ့ဘောင်”နှင့်“အခွန်ဖြင့်သတ်ဖြတ်ခြင်း” ဆောင်းပါးတွင် အကြံ ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြံပြုထားချက်များထက် ပိုမိုကောင်းမွန်သောနည်းလမ်းများလည်းအာရက္ခပြည်သူလူထုနှင့်ULA/AAတွင် ရှိပေလိမ့်မည်။

  • ဒေသန္တရအဆင့်ကုန်စည်စီးဆင်းမှု

ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ခြင်းသည် “စစ်ပွဲတရပ်ဆင်နွဲခြင်း” လည်းဖြစ်သ ည်။

ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ခြင်းဒ ဏ်ကို ULA/AA ကိုယ်တိုင်ပင် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ဖူးထားပြီး ထိုသို့ ကုန်စည်စီးဆင်းမှုအား ပိတ်ဆို့မှုကြောင့် ပြည်သူလူထုမှာ အခက်အခဲကြီးမားစွာ ရောက်ရသည်ကိုလည်း ULA/AA ဘက်မှ အလေးအနက် သဘောပေါက်မှုရှိခဲ့ပေသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလမတိုင်မီ၊NLD အစိုးရထံမှ စစ်တပ်အာဏာမသိမ်းခင်ကာလများသည် ULA/AA အနေဖြင့် နိုင်ငံရေး၊စစ်ရေးအရအပြင်းအထန်ရင်ဆိုင်ခဲ့ရသောကာလများဖြစ်သည်။

ထိုကာလများသည်ဗမာလူမျိုးအများစုနှင့် NLD အားထောက်ခံသူများအနေဖြ င့် ULA/AA ၏ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနိုင်မှုမရှိသည့် အချိန်ကာလလည်းဖြစ်သည်။

ထိုကာလများတွင်ပင် ULA/AA သည် “ကုန်စည်စီးဆင်းမှုပိတ်ပင်ခြင်းကြောင့် ပြည်သူလူထုအခက်အခဲဖြစ်ပေါ်နေမှုကို မျက်ကွယ်မပြုခဲ့ပေ။

ULA/AA၏ ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါ ရီလ ၁၉ ရက်စွဲနှင့် ၂၀၂၀ ပြည့်နှစ်၊ဧပြီ လ ၂၀ရက်နေ့ထုတ်ပြန်ချက်များက မီး မောင်းထိုးပြနေပေသည်။

“…အိုးအိမ်ပစ်ကာနေရပ်စွန့်ခွာလာသူများ၏စုဝေးရာစခန်းများ၌ အရေးတကြီးလိုအပ်သောဆေးဝါးရိက္ခာများကို စစ်ရှောင်များလက်ထဲ မရောက်စေရန်နှင့်ကိုဗစ်ကြိုတင်ကာကွယ်ရေးလုပ်င န်းများကို နှောင့်နှေးစေရန် မြန်မာ့တပ်မတော်၏တောင်ကုတ်အခြေစိုက် စကခ ၅ နှင့်တပ်မ ၅၅ တို့မှ ဆေးဝါးရိက္ခာများကို ဖြတ်တောက်ပိတ်ဆို့ထားကြောင်း” ULA/AA ၏ ၂၀၂၀ ပြည့်နှစ်၊ဧပြီ လ ၁၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤသည်မှာလူသားမျိုးနွယ်ကိုကျူးလွန်သည့် (Ethinc Cleansing) ဖြစ်ကြောင်းဖော်ပြထားသည်။

“မြန်မာ့တပ်မတော်စစ်ဆေးရေးဂိတ်များမှ ကုန်းလမ်း၊ရေလမ်းသွားလာနေကြသော ယာဉ်များကို မတန်တဆငွေကြေးများတောင်းခံနေကြောင်း၊ကုန်တင်ကား၊စက်လှေတစ်စီးလျှင်ငါးသောင်းမှနှစ်သိန်းကျပ်ထိ ကောက်ခံနေကြောင်း၊တနိုင်တပိုင်စီးပွားရှာနေရသူများမှာ မြန်မာ့တပ်မတော်၏ဂိတ်များတွင် ဆပ်ကြေးငွေများကို အဆမတန်ပေးဆောင်နေရကြောင်း၊”

“ထို့ကြောင့်…စားသုံးသူများအနေဖြင့် ယခင်ပေါက်ဈေးထက် များပြားသောနှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း၊ဥပမာအားဖြင့် ကျောက်တော်မြို့တွင် ကာလတန်ဖိုးနှစ်သောင်းသာပေးရသော ဆန်တအိတ်သည် ပလက်ဝဒေသတွင် ငါးသောင်းကျပ်ထိပေးဝယ်နေရကြောင်း”

“လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ရက္ခိုင်တပ်တော်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုနှင့်လမ်းများကို ထိန်းချုပ်ထားသော မြန်မာ့တပ်မတော်၏ကုန်လမ်း၊ရေလမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်များကြောင့်သာဖြစ်ကြောင်း” ULA/AA ၏ ၂၀၂၀ ပြည်နှစ်၊စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက် ၍ ထုတ်ပြန်ထားသည်။

အာရက္ခဒေသနေရာအများစုတွင် မြန်မာ့တပ်မတော်၏စစ်ဆေးရေးဂိတ်များ မရှိကြတောပေ။

သို့သော် ULA/AAစစ်ဆေးရေးဂိတ်များမှ ကုန်းလမ်း၊ရေလမ်းသွားလာနေကြသောယာဉ်များ၊ကုန်တင်ကား၊စက်လှေများ၊တနိုင်တပိုင်စီးပွားရှာနေရသူများအပေါ် ကောက်ခံမှုများရှိလာကာ လမ်း ပန်းဆက်သွယ်ရေးခက်ခဲခြင်း၊အခြေခံစားသောက်ကုန်များဈေးနှုန်းမြင့်တက်ခြင်းကြောင့် အာရက္ခဒေသ၏စားသုံသူများမှာလည်း ယခင်ပေါက်ဈေးထက်များပြားသောနှုန်းဖြင့် ဝယ်ယူစားသုံးနေရကာ လူမှုစီးပွားဘဝ အခက်တွေ့နေဆဲပင်ဖြစ်သည်။

“ပေါက်ပင်ကိုင်းသောကြောင့်” ဟုသာ မြည်တမ်းသက်ပြင်းရှည်ချနေကြရသော်လည်း ULA/AA အား အာရက္ခပြည်သူလူထုက အားကိုးတကြီးမျှော်လင့်ချက်ထားနေကြဆဲပင်ဖြစ်ပေသည်။

PrevPreviousမိုးများဒေသက သောက်သုံးရေရှားပါးမှုဘေးဒုက္ခ
Next”ဖုန်းတလုံးတွေ့ပါတယ်။”Next
Previous Post

မိုးများဒေသက သောက်သုံးရေရှားပါးမှုဘေးဒုက္ခ

Next Post

”ဖုန်းတလုံးတွေ့ပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

October 15, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

October 15, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page