Border News Agency
တောင်ကုတ်၊ မေ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူတွေကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်က ဆက်ခေါ်နေတယ်လို့ အာရက္ခပြည်သူတွေအတည်ပြုပြောကြပါတယ်။
အဲဒီလို စစ်မှုထမ်းခေါ်ယူနေတာဟာ အသက်တဆယ့်ရှစ်နှစ်မှ အသက်လေးဆယ်ထိအမျိုးသားတွေကိုခေါ်ယူနေတာဖြစ်ပြီးကလေးမိခင်တွေအပါအဝင်အိမ်ထောင်သည်အမျိုးသမီးတချို့လည်းစစ်မှုထမ်းနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုစစ်မှုထမ်းခေါ်ယူနေတာတွေကို အာရက္ခပြည်သူတွေ လက်မခံမကြည်ဖြူကြတော့ပြီမို့ ထွက်ပြေးတိမ်းရှောင်နေကြသလို အောက်ခြေအုပ်ချုပ်ရေးမှူးတွေ၊ဆရာတော်တွေလည်းတိမ်း ရှောင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“စစ်မှုထမ်းကိစ္စ ရွာမဖက်မှာအသဲအသန်ဖြစ်နေပါတယ်။ ပြေးတဲ့လူပြေး၊ ရှောင်နေတဲ့သူကရှောင်ဖြစ်နေပါတယ်။ သက္ကယ်ကျွန်း၊ လက်ပံကျွန်း၊ ရွာသစ်၊ ရွာမမှာတအိမ်တက်တအိမ်ဆင်းတောင်မွှေဖမ်းနေပါတယ်။ ခုတကြိမ်ကတော် တော်ဆိုးဆိုးပါပဲ။ ကင်းတောင်ဖက်တွေလည်းလန့်နေရပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ဆရာတော်တွေလည်း ရှောင်နေကြရပါတယ်။” လို့ တောင်ကုတ်ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision (NDEP)ကို အကောင်အထည်ဖော်နေပါတယ်။
အဲဒါကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နိုင်ငံရေးမှူးတွေ၊ နယ်မြေမှူးတွေ၊ တိုက်နယ်မှူးတွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းမယ့်သူတွေကို မဲနှိုက်ခေါ်ယူနေပါတယ်။
အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တ ယ်လို့ ပြီးခဲ့တဲ့နှစ်မေလ ၂၂ ရက်နေ့ထု တ်ပြန်ထားပါတယ်။
အဲဒီပြဋ္ဌာန်းချက်အရအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာအသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသ မီးတွေကို မဲစနစ်နဲ့ခေါ်ယူနေတာပါ။
အဲဒီစစ်မှုထမ်းရွေးချယ်ခံရသူတွေဟာ ၄၅ ရက်သင်တန်းတက်ရောက်ပြီး နှစ်နှစ်စစ်မှုထမ်းကြရမှာဖြစ်ပါတယ်။
ဒါပေမယ့်မဲစနစ်နဲ့ခေါ်ယူကြရာမှာ တအိမ်တည်းကအသက်ပြည့်သူအားလုံးစစ်မှုထမ်းနေကြရသူတွေရှိနေသလို မိသားစုအိမ်ထောင်ဦးစီးသွားရောက်စစ်မှုထမ်းနေရတာမို့ မိသားစုစားဝတ်နေရေးလုံခြုံရေးအဆင်မပြေသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့်အာရက္ခစစ်မှုထမ်းခေါ်ယူမှုကို အာရက္ခပြည်သူတွေဆန့်ကျင်ကန့်ကွက်လာကြသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်းများလာတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကအတင်းအဓမ္မဖမ်းဆီးခေါ်ယူစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“အရင်လိုခေါ်ရင်လိုက်သွားကြသူတွေ၊ မဲပေါက်ရင်လိုက်သွားကြသူတွေနည်းသွားပါပြီ။ လူငယ်တွေလည်းစစ်မှုမထမ်းချင်ကြတော့ပါဘူး။ အဲဒါကြောင့်အတင်းမဲနှိပ်နေကြရပါတယ်။ အတင်းဖမ်းခေါ်နေကြရပါတယ်။ ပြည်သူလူထုထောက်ခံမှုကျဆင်းလာတာကိုပြနေတာပါ။ စစ်ဖြစ်နေရင်စစ်သားလိုအပ်မှာကိုပြောစရာမလိုပါဘူး။” လို့ ကျောက်တော်မြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေပြင်ပသို့ ထွက်ခွာသွားလာတာတွေကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရက တားဆီးကန့်သတ်ထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရရဲ့တာဝန်ရှိသူတွေထောက်ခံချက်တွေနဲ့သွားလာနေကြသူတွေကိုလည်းဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာမို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ်ပြဋ္ဌာန်းချက်ဟာ အာရက္ခပြည်အချုပ်အခြာအာဏာ၊နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်ဖို့၊ပြ ည်






