Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

“အာဏာရှင်တိုက်ရင်းတိုက်ရင်းနဲ့ မိမိကိုယ်၌က အာဏာတွေကို အလွှဲသုံးစားဖြစ်မှန်းမသိ အာဏာရှင်ပြန်ဖြစ်သွားရမယ်ဆိုရင်တော့ စိုးရိမ်နိုင်ခြေထိပ်ဆုံးကို ရောက်နေပြီ”

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​အင်တာဗျူး

Border News Agency

မြောက်ဦး၊ နိုဝင်ဘာ ၂၆။

​ပဋိပက္ခနဲ့အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု (GBV / VAW) ဖြစ်စဉ်တွေနဲ့ကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတဲ့အခြေအနေတွေအပေါ် အမြင်သဘောထားကို ဆရာမဒေါ်ညိုအေးက Border News Agency ကို ပြောပြထားပါတယ်။

​“ဘေးဒုက္ခဖြစ်နေတဲ့နယ်မြေတွေထဲမှာ ကျွန်မရဲ့တွေ့ကြုံရာဆိုလို့ရှိရင် ၂၀၂၁ နောက်ပိုင်းမှာ အရင်ကထက် မုဒိမ်းမှုတွေ ပိုများလာတယ်။

ပြီးတော့ သူငယ်မုဒိမ်းတွေ များလာတယ်။ သေဆုံးမှုတွေလည်းဆက်တိုက် ရှိလာတယ်။ အခုတောင်မှမကြာသေးခင်ကပဲ မသန်စွမ်းဖြစ်နေတဲ့ အမျိုးသမီးတယောက်ကို အသက် ခုနှစ်ဆယ်လောက်တယောက်က အမ်းမြို့နယ်မှာ မုဒိန်းကျင့်ပြီးတော့ ကြာရှည်မုဒိန်းကျင့်ပြီးတဲ့ အချိန်မှာမှ သွားတိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။

အခုကတော့သူ့ကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်ဆိုတာမျိုး ကြားသိနေရတယ်။

​ကျွန်မတို့ကတော့ အခုလက်ရှိဖြစ်စဉ်တွေထဲမှာ အနီးကပ်တော့မပါဝင်နိုင်တော့ဘူး။

ဘာကြောင့်လဲဆို ကျွန်မအသက်လည်း ကြီးလာပြီ။ ခရီးတွေ ထွက်ရတာလည်း သွားလာလှုပ်ရှားမှုတွေ မလုပ်နိုင်တဲ့အတွက် အမြဲတမ်းပဲ ဖုန်းနဲ့ပဲအကြံပေးတယ်။ အလုပ်တွေကို ဒီကလုပ်ပေးထားတယ်။

ဒါပေမယ့်ကျွန်မတို့ရဲ့ အမျိုးသမီးအဖွဲ့တွေက အောက်ခြေမှာ အများကြီးအလုပ်လုပ်ဖို့ ရှိပါတယ်။ ကျွန်မ အမြဲတမ်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေနဲ့ ပြောတယ်။ ဒါပေမယ့် တရားရုံးကို ငါးမှုဖြစ်လို့ သုံးခုရောက်ဖို့အတွက် အများကြီးကြိုးစားရတယ်။

အများကြီးလည်း စိန်ခေါ်မှု များတယ်။​ ပထမအစက စိန်ခေါ်မှုတွေအများကြီးများတဲ့ အလုပ်တွေကို လုပ်ဖူးခဲ့တယ်။ ဒါပေမယ့်ဒီဘက်ခေတ်မှာကတချို့တချို့သော သူတွေက ပိုပြီးတော့ ကြောက်တရား လွှမ်းမိုးလာတယ်။

ပြီးတော့ အင်မတန်စိုးရိမ်စရာကောင်းတာက မိသားစုတခုပြိုသွားတယ်။ ဥပမာ ယောက်ျားလုပ်တဲ့သူက ဗုံးနဲ့ထိပြီး သေသွားတယ်။ ကျန်ခဲ့တဲ့အမျိုးသမီးက သူ့ရဲ့ သားသမီးတွေကို ကျွေးဖို့မွေးဖို့ကလည်း စားစရာ ရှားပါးနေတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်နဲ့ တော်တော်လေး စိန်ခေါ်မှုများနေတဲ့ အချိန်မှာ အပြင်ထွက်ပြီးတော့ အမျိုးသမီးလေးတွေက လုပ်ကိုင်စားရတယ်။

အဲဒီကြားထဲမှာ အန္တရာယ် ကြုံတွေ့ရတယ်။ ​အဲဒါကို ကျွန်မအမြင်နဲ့ ပြောရရင်တော့ တရားဥပဒေစိုးမိုးဖို့ ဆိုတာထက် နီးစပ်ရာက အာဏာတွေသုံးလာတာတွေ တွေ့ရတယ်။

အာဏာတွေကို ဥပဒေမဲ့ပြုတာတွေကို သုံးသပ်ပြီးတော့ စာရင်းနဲ့ကောက်ယူထားတဲ့ အလုပ်ကလေးတွေ စာရင်းဇယားပြုစုထားတာရှိပါတယ်။

ဒါပေမယ့် အဲဒါတွေက ဘာကြောင့်ဖြစ်သလဲဆိုလို့ရှိရင် နီးစပ်ရာမှာလုပ်ကိုင်နေကြတဲ့ လူတွေက တပ်မတော်အပါအဝင် အုပ်ချုပ်ကြတဲ့ရဲအဖွဲ့အပါအဝင် ရှိရှိသမျှသော အမျိုးသားတွေထဲမှာ အမျိုးသားသီးသန့်မကဘူး။ အမျိုးသမီးတွေ အများကြီးပါတယ်။

အဲဒီသူတို့ကြားထဲမှာပါနေတဲ့ အမျိုးသမီးလေးတွေရဲ့ တိုင်ချက်တောင်မှ ကိုယ့်ဟာကိုယ် ထွက်လာတယ်ဆိုတော့ ဘယ်လောက်စိန်ခေါ်မှုများနေမလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံနေရတာ ဖြစ်တယ်။

​အဲဒီကြားထဲမှာမှ ကျူးလွန်ခံရသူ အမျိုးသမီးက အကြောင်းအရင်းနဲ့ တရားရင်ဆိုင်ဖို့ အထိကို ရောက်ဖို့အတွက် ကြိုးစားနေရတဲ့အချိန်မှာ အဲဒီကျူးလွန်သူတွေက ဘောင်ထဲကလွတ်ပြီးတော့ အချုပ်ထဲက ဖောက်ထွက်တာတို့၊ လွတ်သွားတာတို့၊ လွှတ်ပေးလိုက်ရတာတို့ဆိုတဲ့ သတင်းတွေပဲ အများကြီးထွက်တယ်။

တချို့အမှုကတော့ သေဒဏ်ပေးတာ တွေ့ရတယ်။ အားရဝမ်းသာ ရှိတယ်။ ဒါပေမယ့် ကိုင်တွယ်တဲ့ နေရာမှာတော့ အပွင့်လင်းဆုံးပြောရရင် လူတွေက နီးရာဓားကို ကြောက်ကြတယ်။ နီးရာဓား ကြောက်တဲ့အတွက်လည်း စကားကိုပွင့်လင်းစွာမပြောဝံ့တဲ့ လူတွေကြားထဲမှာမှ ကျွန်မတို့က ဖောက်ထွက်ပြီးတော့ အကြံပြုရတာ။ ပြောရတာ။ ဘယ်သူ့မှလည်း အပြစ်ဆိုတာတော့ မဟုတ်ဘူး။

ဒါပေမယ့် အာဏာရှင်ကို တိုက်နေကြတယ်။ သဘောသဘာဝတခုမှာလေ အာဏာရှင် တိုက်ရင်းတိုက်ရင်းနဲ့ မိမိကိုယ်၌က အာဏာတွေကို အလွဲသုံးစားဖြစ်မှန်းမသိ အာဏာရှင်ပြန်ဖြစ်သွားရမယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ တော်တော်လေး စိုးရိမ်နိုင်ခြေ ထိပ်ဆုံးကို ရောက်နေပြီဆိုတာကို ပြောလိုတာ ဖြစ်ပါတယ်။”

PrevPreviousလူသောမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး
Nextမန္တလေးနဲ့ စစ်ကိုင်းမှာ ငွေကျပ်ငါးဘီလီယံကျော်ဖိုး မူးယစ်ဆေးဖမ်းမိNext
Previous Post

လူသောမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Next Post

မန္တလေးနဲ့ စစ်ကိုင်းမှာ ငွေကျပ်ငါးဘီလီယံကျော်ဖိုး မူးယစ်ဆေးဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - APM

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားလေးဆယ့်သုံးဦးကို အာရက္ခတပ်တော်လွှဲပြောင်း

November 27, 2026
ဓာတ်ပုံ- ABN

“အမျိုးသမီးဆိုတာအထိန်းချုပ်ခံ မဟုတ်ဘူး။လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတယ်။ဒီဘက်ခေတ်မှာတော့ အမျိုးသမီးလေးတွေနဲ့ အမျိုးသားလေးတွေ တက်တက်ကြွကြွ အလုပ်လုပ်ကြတာကို တွေ့ရတဲ့အတွက် အားရစရာဖြစ်ပါတယ်။”

November 26, 2026
ဓာတ်ပုံ-အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့

“နစ်နာသူတွေကိုပဲ အပြစ်တင်တာထက် ကျူးလွန်သူတွေကို မကျူးလွန်ရဲအောင် တာဝန်ခံမှုစနစ်တခု တည်ဆောက်ဖို့ လိုအပ်တယ်”

November 26, 2026
ဓာတ်ပုံ - အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့

ဂွမြို့နယ်၊ သဲကုန်းရွာမှာ အရက်အတူသောက်ရင်း စကားများရာကနေ ဓားနဲ့ထိုးသတ်ခဲ့သူကို ဒီလပ်ဖမ်းဆီး

November 25, 2026

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားလေးဆယ့်သုံးဦးကို အာရက္ခတပ်တော်လွှဲပြောင်း

ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ စစ်ထောက်ပံ့ရေးတပ်ဖွဲ့ နှစ်ပတ်လည်ညီလာခံ

ရန်ကုန်ကို ရုရှားစစ်ရေယာဉ်သုံးစင်း ရောက်နေ

ထိုင်းအဆိုတော်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ မြန်မာအမျိုးသားကို အမှုထပ်ဖွင့်မယ်

နောင်ချိုနဲ့ တာချီလိတ်မှာ ငွေကျပ်တဘီလီယံကျော်ဖိုးမူးယစ်ဆေးတွေဖမ်းမိ

ဂျိုဟိုးပြည်နယ်မှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

Releated Post

​ဓာတ်ပုံ - APM

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားလေးဆယ့်သုံးဦးကို အာရက္ခတပ်တော်လွှဲပြောင်း

November 27, 2026
ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်စစ်တပ်

ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ စစ်ထောက်ပံ့ရေးတပ်ဖွဲ့ နှစ်ပတ်လည်ညီလာခံ

November 27, 2026

ရန်ကုန်ကို ရုရှားစစ်ရေယာဉ်သုံးစင်း ရောက်နေ

November 26, 2026
ကိုးကား/ဓာတ်ပုံ-ထိုင်းသတင်းတွေ

ထိုင်းအဆိုတော်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ မြန်မာအမျိုးသားကို အမှုထပ်ဖွင့်မယ်

November 26, 2026
ဓာတ်ပုံ-CCDAC

နောင်ချိုနဲ့ တာချီလိတ်မှာ ငွေကျပ်တဘီလီယံကျော်ဖိုးမူးယစ်ဆေးတွေဖမ်းမိ

November 26, 2026
ဓာတ်ပုံ - ဂျိုဟိုး လူဝင်မှုကြီးကြပ်ရေးဌာန

ဂျိုဟိုးပြည်နယ်မှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

November 26, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page