Border News Agency
ကော့စ်ဘဇား၊ နိုဝင်ဘာ ၂၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကျား၊ မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ဆယ့်ခြောက်ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၆ ရက်၊ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ“အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ကြပါစို့- တရားမျှတမှု ဖော်ဆောင်၊ ထိခိုက်ခံစားရသူတွေကို ကာကွယ်စောင့်ရှောက်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ကြပါစို့”ဆောင်ပုဒ်နဲ့ပြုလုပ်ခဲ့ကြတာပါ။
အဲဒီရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုတွေနဲ့ လုံခြုံရေး၊ ကူညီမှုနဲ့ တရားမျှတမှုရရှိရေး အခက်အခဲတွေကို ဆက်ရင်ဆိုင်နေကြရပါတယ်။
သူတို့ကာကွယ်စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှု ရရှိဖို့အတွက် တရားမျှတမှု တောင်းဆိုတာ၊ ဝန်ဆောင်မှုတွေ အားကောင်းအောင်လုပ်တာနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေတာတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်မှု ကင်းစင်တဲ့ ကမ္ဘာတခုဆီ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားပါတယ်။












