Border News Agency
မြဝတီ၊ နိုဝင်ဘာ ၂၇။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို နိုဝင်ဘာလ ၂၇ ရက်၊ ဒီနေ့အာဏာသိမ်းစစ်တပ် ဝင်ရောက်စစ်ဆေးပြီးနိုင်ငံခြားသားတရာကျော်ဖမ်းမိခဲ့ပါတယ်။
အဲဒီအဆောက်အအုံအတွင်းရှိ နိုင်ငံခြားသားအများစုမှာ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးတလျှောက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
အဲဒီလိုမစီးနင်းမီ ကြိုတင်သတင်းပေါက်ကြားမှုကြောင့် တချို့ထွက်ပြေးလွတ်သွားခဲ့ကြပေမယ့် နိုင်ငံခြားသားတရာကျော်ကို ဖမ်းနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အခြေစိုက်ရာဇမနူအထူးတပ်ဖွဲ့ (Rachamanu Task Force) ဟာ နယ်စပ်တလျှောက်တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာမှုမရှိစေရေး အနီးကပ်စောင့်ကြည့်နေပါတယ်။









