Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ညနေ ၄ နာရီအချိန်က အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကနေတက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ FTC-2000G တိုက်လေယာဉ် တစီးဟာ မြောက်ဦးမြို့နယ်အတွင်းပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူ စာရင်းနဲ့ နေအိမ်အဆောက်အအုံပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်အပါအဝင် အာရက္ခဒေသက မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။










