Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခဒေသမှာ စက်သုံးဆီတွေ ဈေးတက်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
16
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ မေ ၃၁။

မိုးရွာသွန်းတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းအချို့ပျက်စီးသွားတာမို့အာရက္ခပြည်တွင်းမှာ ဓါတ်ဆီ၊ဒီဇယ် ဆီစတဲ့ စက်သုံးဆီတွေ ဈေးတက်နေတယ်လို့ ကုန်သည်တွေနဲ့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာဈေးတက်သွားတာဖြစ်ပြီး တလီတာကို ကိုးထောင်ပေးခဲ့ရတဲ့ 92 ဓါတ်ဆီဟာ တသောင်းတထော င်ထိစျေးတက်သွားသွားသလို ရှစ်ထော င်သာရှိခဲ့တဲ့ ဒီဇယ်ဆီဟာလည်း ကိုးထောင်ထိတက်သွားခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံမှအဓိကတင်သွင်းနေရတဲ့ စက်သုံးဆီတွေ ဈေးတက်သွားတာဟာ သယ်ယူရေးလမ်းကြောင်းတလျှောက် မြေသားလမ်းပိုင်းတွေ ပျက်စီးသွားတာကြောင့်ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

“အိန္ဒိယလမ်းကြောင်းမှာ မိုးကြောင့် ပျက်သွားတာ၊ လမ်းတပိုင်းပျက်နေ‌တော့ စာရိတ်တော်တော် ထောင်းသွားတယ်။ မိုးမမှန်သေးတော့ရေလမ်းလည်း မပေါက်သေးဘူး။” လို့ စက်သုံးဆီးကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီထိန်းချုပ်နယ် မြေတွေက တင်သွင်းနေကြတာတွေလည်း မိုးရွာသွန်းမှုများတာမို့ ကားလ မ်းတွေ ပျက်စီးနေပြီး တင်သွင်းရခက်ခဲနေပြီလို့ ကုန်သည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အရင်ကျပ်ဆယ့်ခြောက်သိန်း၀န်းကျင်သာရှိခဲ့တဲ့ဓါတ်ဆီတပေပါကို နှစ်ဆယ့်တသိန်း၀န်းကျင်ထိ၊ အရင်ဆယ့်ငါးသိန်း ၀န်းကျင်ရှိခဲ့တဲ့ဒီဇယ်တပေပါကို ဆယ့်ရှစ်သိန်း၀န်းကျင်ထိ ဈေးတင်ရောင်းနေကြရတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေက ဆိုကြပါတယ်။

ဒါပေမယ့် မိုးတွင်းကာလမှာတော့ စက်သုံးဆီဈေးတွေဟာ ဆက်လက်မြင့်တ က်နေမှာမဟုတ်ဘဲ ဈေးပြန်ကျသွားနိုင်တယ်လို့ စက်သုံးဆီကုန်သည်တွေက ခန့်မှန်းကြပါတယ်။

“မိုးရာသီဆို ရေလမ်းက အဆင်ပြေပြီဆိုတော့ ဈေးကဆက်‌တက်နေမှာတော့ မဟုတ်ဘူး။ကုန်းလမ်းတွေလည်း လုပ်နေကြတယ်လေ။” လို့ နောက်ထပ်စက်သုံးဆီကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။

ဘင်္ဂလားပင်လယ်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်၀န်းအရှိန်ကြောင့် မိုးရက် ဆက်ရွာသွန်းနေတာ တပတ်ခန့်ရှိပြီဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် စစ်ကောင်စီရဲ့ ကုန်စည်၊ဆေး ဝါးသယ်ယူခွင့်ဖြတ်တောက်လိုက်က တည်းက အာရက္ခပြည်သူတွေဟာကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံခဲ့ကြရတာပါ။

ဒါပေမယ့် အိမ်နီးချင်းအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိင်ငံမှ ကုန်စည်၊ဆေးဝါး၊စက်သုံးဆီတချို့ တင်သွင်းနေတာမို့ ဈေးအနည်းငယ် ကျဆင်းသက်သာလာတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အရင်နဲ့စာရင်တော့ အကုန်ခက်တာပါပဲ၊နည်းနည်းပဲကျတာ” လို့ မင်းပြားမြို့ နယ်မှ ကုန်စုံဆိုင်ရောင်းတဲ့အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခပြည်သူတွေဟာ အခြေခံစား သောက်ကုန်တွေ၊ ဆေးဝါးတွေ၊ အိမ်ဆောက်ပစ္စည်းစတဲ့ ကုန်စည်၊ ဆေးဝါးတွေကို ဘင်္ဂလာနယ်စပ်၊ အိန္ဒိယနယ်စပ်အပြင် တခြားလမ်းကြောင်းတချို့ကနေ ခက်ခက်ခဲခဲတင်သွင်းသုံးစွဲနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုကုန်သွယ်ရေးလမ်းကြောင်း စနစ်တကျမရှိသေးတဲ့ အာရက္ခပြည်မှာ ‌ကုန်စည်၊ ဆေးဝါးအားလုံးဟာ တခြားဒေသနဲ့ယှဉ်ရင် ဈေးများစွာကွာဟနေတာဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ အာရက္ခပြည်တွင်း ရိက္ခာ၊ ဆေးဝါး ဖူလုံအဆင်ပြေရေးအတွက် ကုန်စည်ပို့ဆောင်တင်သွင်းရေး လမ်းကြောင်းတွေ ပိုအဆင်ပြေစေဖို့ ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။

PrevPreviousအာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို နားလည်မှုနဲ့ပြန်လည်စတင်နေ
Nextအာရက္ခဒေသမှာ ရေနစ်ပြီးသုံးဦးသေဆုံးNext
Previous Post

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို နားလည်မှုနဲ့ပြန်လည်စတင်နေ

Next Post

အာရက္ခဒေသမှာ ရေနစ်ပြီးသုံးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page