Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အမိုးဖွင့်အကျဉ်းထောင်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ ဇွန် ၈။

ထွက်ခွာခွင့်နှင့်ပြန်လာခွင့်

လူသားတိုင်းသည်မိမိ၏နိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများမှ “ထွက်ခွာခွင့်” ရှိသည်။ “မိမိနိုင်ငံသို့ ပြန်လာခွင့်လည်းရှိသည်။” ဟု လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၃ တွင် ဖော်ပြထားသည်။

နိုင်ငံတခုအတွင်း ဥပဒေနှင့်အညီရှိနေသောလူတိုင်းတွင် ထိုနိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာနေထိုင်အခြေချခွင့်ရှိသည်။ လူသားတိုင်းသည် မိမိ၏နိုင်ငံ (သို့ မဟုတ်) အခြားနိုင်ငံများမှ “ထွက်ခွာခွင့်” ရှိသည်။”လို့ အရပ်သားနှင့်နိုင်ငံရေးရ ပိုင်ခွင့်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာသ ဘောတူစာချုပ်(ICCPR)အပိုဒ် ၁၂ မှာ ဖော်ပြထားသည်။

“ထွက်ခွာခွင့်နှင့်ပြန်လာခွင့်” မှာ လူ့အခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၃၊ အရပ်သားနှင့်နိုင်ငံရေးရပိုင်ခွင့်ဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICCPR)အပို ဒ် ၁၂ စသည့် နိုင်ငံတကာစံနှုန်းများတွ င် ထိုအခွင့်အရေးများကို အခိုင်အမာပြ ဋ္ဌာန်းထားသည်။

နိုင်ငံတကာစံနှုန်းအရအကန့်အသတ်များ

အဆိုပါ “ထွက်ခွာခွင့်” အခွင့်အရေးသည် အမြဲတန်းအမှန်တရားမဟုတ်ပေ။ ဤနေရာ၌အမြဲတန်းအမှန်မဟုတ်ဟု ဆိုခြင်းသည် နိုင်ငံတကာစံနှုန်းများအမြဲတန်းမမှန်ဟုဆိုလိုနေခြင်းမျိုးတော့မဟုတ်ပေ။ “ထွက်ခွာခွင့်အခွင့်အရေး” အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံတကာစံ နှုန်းများအရပင် အကန်အသတ်များ ထားရှိကာ အဓိပ္ပါယ်ဖွင့်ဆိုမှုကိုပြုထားခြင်းဖြစ်သည်ကို ဆိုလိုခြင်းဖြစ်ပေသ ည်။

အခွင့်အရေးဟူသည် “တရားမျှတမှု၊ အကျိုးအကြောင်းညီညွတ်မှု၊ ဥာဏ်ပညာ” အား တရားလက်လွတ်ဖြစ်စွာ ဘောင်ကျော်ခွင့်ရခြင်းလည်း မဟုတ်ပေ။

ထို “ထွက်ခွာခွင့်၊ပြန်လာခွင့်” အခွင့်အရေးနှင့်ပတ်သက်၍ အကန့်အသတ်များထားရှိခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

ထွက်ခွာခွင့်၊ ပြန်လာခွင့်အပေါ် နိုင်ငံတ ကာစံနှုန်းအရ အကန့်အသတ်များ

“ထွက်ခွာခွင့်၊ပြန်လာခွင့်” အားကန့်သတ်မည်ဆိုပါက ထိုအကန့်အသတ်မှာ တရားနည်းလမ်းကျသော ကန့်သတ်မှု ဖြစ်ရန်လိုအပ်သည်။ပိတ်ပင်ကန့်သတ်မှုသည် “နိုင်ငံ၏ကာကွယ်ရေးလိုအပ် ချက်အရလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးအရလည်းကောင်း၊ ထွက်ခွာခွင့် သို့မဟုတ် ပြန်လာခွင့် ပေးလိုက်ပါက အခြားတယောက်၏(လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊လူမှုစီးပွားဘဝ)အားထိခိုက်သောကြောင့်လည်းကောင်း၊ ထွက်ခွာခွင့်၊ပြန်လာခွင့်ကြောင့် ထွက်ခွာသူသို့မဟုတ် ပြန်လာသူအပေါ်ထိခိုက်နာကျင်စေမှုရှိနိုင်၍လည်းကောင်း” စသဖြင့် ကန့်သတ်မှုအပေါ် ရည်ရွယ်ချက်မှာ ရှင်း လင်းပြတ်သား၍ အကျိုးအကြောင်းညီညွှတ်ရန်လိုပေသည်။

ဥပဒေကြောင်းအရ တရားဝင်မှုရှိရန်လိုပေသည်။ ဥပဒေကြောင်းအရ တရားဝင်မှုဆိုသည်မှာလည်း ရှင်းလင်းပြတ်သားမှု၊ တရားမျှတမှု၊အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု စသည့်အချက်များ ပါနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

အကာအကွယ်ပေးသော ဥပဒေလား၊ ဖိနှိပ်မှုယန္တရားလား

ဥပဒေတရပ်၊ အမိန့်တရပ်တွင် “တရားမျှတမှု၊အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု” ရှိရန်လိုအပ်သည်။ ဥပဒေတရပ်၊ အမိန့်တရပ်၏အင်္ဂါ ရပ်များတွင် “အခွင့်အရေး၊ အကာအကွယ်၊ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများ၊ တာဝန်များ၊ အကောင်အထည်ဖော်မှုများ၊ လိုက်နာရမည့်ကျင့် ဝတ်စည်းမျဉ်းများအားချိုးဖောက်ပါက ပြစ်ဒဏ်များ၊ ဥပဒေအမိန့်သက် ရောက်မှုနယ်ပါယ်နှင့်မသက်ရောက်သောနယ်ပါယ်များ၊ခြွင်းချက်များ” စသဖြင့် ကျယ်ပြန့်စွာရှိရမည်ဖြစ်သည်။

ဥပဒေတရပ်၊ အမိန့်တရပ်၏အင်္ဂါရပ်တခုချင်းစီသည်ပင်လျှင် “တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု” ရှိရမည်ဖြစ်သည်။ ဥပဒေတရပ်၊ အမိန့်တရပ်ကို ဖော်ဆောင်ခြင်းသည် အင်္ဂါရပ်အစိတ်အပိုင်းတခုခုကိုသာ အကောင်အထည်ဖော်ရသည် မဟုတ်ပဲ အင်္ဂါရပ်အစိတ်အပိုင်းအား လုံးကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။

(တာဝန်နှင့်စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများမပါသော အခွင့်အရေးသည်) အဓိပ္ပါယ်မရှိသကဲ့သို့ (အခွင့်အရေးမပါသောတာဝန်နှင့်အခွင့်အရေးမပါသော စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်းသည်)လည်းအဓိပ္ပါယ်မရှိပေ။

ဥပမာ- မိမိတို့၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မိမိတို့၏နယ် မြေထဲမှ ပြည်သူလူထုအားထွက်ခွာခွင့်ကို ကန့်သတ်ခြင်းအား ဥပဒေတရပ်၊အ မိန့်တရပ်၏“တရားမျှတမှု၊အကျိုးအ ကြောင်းညီညွှတ်မှု၊တရားနည်းလမ်းကျမှု” ဖြင့်ကြည့်ပါက အချုပ်အခြာအာဏာသည် အဓိကအကြောင်းပြချက်ဖြစ်နေသည်။

အချုပ်အခြာအာဏာသည် အဓိကအ ချက်ဖြစ်နေ၍အချုပ်အခြာအာဏာအား အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အချုပ်အခြာအာဏာ၏အဓိပ္ပါယ်မှာ ပြည်သူလူထုအချင်းချင်းကြားတွင် ကို ယ်ပိုင်ပြဋ္ဌာန်းခွင့်၊တရားမျှတမှု၊တန်းတူ ညီမျှမှု၊ဒီမိုကရေစီ၊လွတ်လပ်မှုများရှိနေစေရန် အပြန်အလှန်ကတိကဝတ်ပြုထားသော ပဋိညာဉ်ဖြစ်သည်။

ထိုပဋိညာဉ်အပေါ် အသေးစိတ်အာမခံချက်မပါဘဲ၊ ပဋိညာဉ်အခွင့်အရေးလ ည်းမရှိဘဲဖြစ်နေသော အခြေအနေသည် ပြည်သူလူထုအတွက် အချုပ်အခြာ အာဏာမဟုတ်၊ ပြည်သူလူထုအတွက် ထိန်းချုပ်ခံရသောအခြေအနေသာဖြစ်သည်။

မိမိအားထိန်းချုပ်ဖိနှိပ်ထားသောအခြေအနေကို မည်သည့်ပြည်သူမှ နှစ်လိုမည်လည်းမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာအာဏာမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာအာဏာဖြစ်လာရန်လည်း အကျိုးအကြောင်းညီညွှတ်မှုမရှိပေ။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေဖြစ်သော ဂျီနီဗာကွန်ဗင့်ရှင်း – ၄ သို့မဟုတ် ၁၉၄၉ ခုနှစ်တွင်ချ မှတ်ခဲ့သော စစ်ပွဲကာလအတွင်း အရပ်သားများအားကာကွယ်ပေးမှုဆိုင်ရာ ဂျီနီဗာကွန်ဗင့်ရှင်း၏အပိုဒ် – ၃၅ တွင်…။

“ပဋိပက္ခကာလများအတွင်း အကာအကွယ်လိုအပ်သောအရပ်သားပြည်သူ လူထုတိုင်းတွင် ထိုပဋိပက္ခနယ်မြေထဲမှ ထွက်ခွာရန်ဆုံးဖြတ်ပါက နိုင်ငံ၏အကျိုးစီးပွားကို မထိခိုက်လျှင် ထွက်ခွာခွင့်ရှိသည်။” ဟု ပြဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်၌”နိုင်ငံ၏အကျိုးစီး ပွားကြောင့် “ဟူသောအချက်အပေါ်တွင် အကန့်အသတ်ရှိပေသည်။ ပြည်သူလူ ထု၏ထွက်ခွာမှုအပေါ် ထိုနယ်မြေအား ထိန်းချုပ်ထားသောသူတိုင်း(အစိုးရဖြ စ်စေ၊အစိုးရမဟုတ်သည်ဖြစ်စေ ထိန်းချုပ်ထားသောသူတိုင်း)သည် “နိုင်ငံ၏ အကျိုးစီးပွားကြောင့်”ဟူသော စကား လုံးသက်သက်ကိုအသုံးချကာငြင်းပယ်ခြင်း(Blanket Denial) မျိုးကိုမလုပ်ရချေ။တိကျသေချာသော အကြောင်းပြချက်ကိုပေးရမည်ဖြစ်ပြီး ထိုအကြောင်းပြချက်အား မကျေနပ်ပါက ဥပဒေကြောင်းအရ အရေးဆိုခွင့်အဆင့်ဆင့်ကိုလည်း ပေးထားရမည်ဖြစ်သည်။

အကျိုးအကြောင်းဆီလျော်မှုအရ “ပြည်သူလူထု၏ထွက်ခွာခွင့်အား” ကန့်သတ်ပါက ကန့်သတ်ရသော အကြောင်း တရားသည်” အချုပ်အခြာအာဏာအ တွက်ဟုဆိုလျှင် ကန့်သတ်ခံရသော ပြည်သူလူထုတွင် ထိုအချုပ်အခြာအာဏာသည် မိမိတို့၏ကိုယ်ပိုင်ပြဋ္ဌားန်းခွင့်၊တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ၊လွတ်လပ်ခွင့်တို့ကို မည်သို့မည်ပုံအသေးစိတ်ပုံဖော်ပေးသော အချုပ်အ ခြာအာဏာ ဟုတ်/မဟုတ်ကို မေးခွန်း ထုတ်ခွင့်ရှိသည်။

“ပြည်သူလူထု၏ထွက်ခွာခွင့်အား” ကန့်သတ်ရသော အကြောင်းတရားသည် လွတ်လပ်ခွင့်အတွက်ဆိုပါက “အဆိုပါ လွတ်လပ်ခွင့်တွင် မိမိတို့အတွက် အာမ ခံချက်ရှိ၊ မရှိ” ကို ပြည်သူလူထုတွင် မေး ခွန်းထုတ်ခွင့်ရှိသည်။ “ပညာတတ်များ၏ထွက်ခွာခွင့်အား” ပြန်လည်တည်ဆောက်ရေးတွင် ပညာတတ်များ၏ အင်အားကိုလိုအပ်သည့်အတွက်ဟု အကြောင်းပြပါက “တည်ဆောက်ရမည့်မူဝါဒနှင့်ပတ်သက်၍ ပညာတတ်များတွင် မေးခွန်းထုတ်ခွင့်ရှိသည်။

ပြည်သူလူထု၏ဆန္ဒအမှန်ဖြစ်မှုနှင့် မေတ္တာစေတနာအား အမိန့်အာဏာဖြင့်ဖန် တီး၍မရေပ။ အမိန့်အာဏာဖြင့်ဖန်တီးပါက ပြည်သူလူထု၏ဆန္ဒနှင့်မေတ္တာစေတနာအားရမည်တော့မဟုတ်ပေ။အ ခွင့်အရေးသမားများနှင့်သာပေါင်းညာစားအုပ်စုအနည်းငယ်၏ဟန်ပြမေတ္တာစေတနာကိုသာရမည်ဖြစ်သည်။ ပွင့်လင်းလွတ်လပ်သောပုံစံအခင်းအကျင်းအောက်မျိုးမဟုတ်သော ထိန်းကွပ်ခံ အကြောက်တရားရှိနေသောအခြေအနေအောက်တွင် လူထု၏အသံဆိုသည်မှာလည်း ကွက်ကျော်ရိုက်ဝါဒဖြန့်မှုသာ ဖြစ်နေပေလိမ့်မည်။

ပြည်သူလူထု၏ထွက်ခွာခွင့်အား “ဘေးအန္တရာယ်ကင်းစေရန်အတွက်” ပိတ်ပင်ရသည်ဟုအကြောင်းပြလျှင် ထွက်ခွာခွင့်မရသောနယ်မြေ၏ဘေးကင်းလုံ ခြုံမှုကိုလည်း ပြည်သူလူထုတွင် ဆန်း စစ်ခွင့်ရှိသည်။ပြည်သူလူထု၏ ထွက်ခွာခွင့်အပေါ် နယ်မြေအား ထိန်းချုပ်ထားသူတိုင်းသည်”အချုပ်အခြာအာ ဏာအတွက်၊တည်ဆောက်ရေးအတွ က်၊လွတ်လပ်မှုအတွက်”စသဖြင့် အ ကြောင်းပြချက်များကို အကျိုးအ ကြောင်းညီညွှတ်မှု၊တရားမျှတမှု၊တန်း တူညီမျှမှု၊တရားနည်းလမ်းကျမှုများမပါဘဲ စိတ်ထင်တိုင်းပိတ်ပင်ထားခြင်း (Arbitrary Detention)မျိုးနှင့်အကြော င်းပြချက်မဲ့ငြင်းပယ်ခြင်း(Blanket Denial)မျိုးကို ပြုလုပ်နေ၍မရပေ။

နိုင်ငံတကာစံနှုန်းများအရ တရားမျှတမှုရှိသော ဥပဒေအမိန့်များက အချုပ်အ ခြာအာဏာကိုကာကွယ်ရန်၊နိုင်ငံကိုတ ည်ဆောက်ရန်အတွက် ချမှတ်ကျင့်သုံးခွင့်ရှိပေသည်။တရားမျှတမှုရှိသောဥပေဒ၊အမိန့်များဖြင့် စစ်မှုထမ်းခြင်းမျိုး ၊အမှုထမ်းခြင်းမျိုးကို ကျင့်သုံးခွင့်ရှိပေသည်။

သို့ရာတွင် မည်မျှပင်တရားမျှတမှုရှိသောဥပဒေ၊ အမိန့်များကို ထုတ်ထားစေ။လက်ရှိမြေပြင်အနေအထာတွင်…။

၁။ ပြည်သူလူထုအားခွဲခြားဖိနှိပ်မှုကိုပြု လုပ်ခြင်းဖြစ်သော (ဘာသာစကား၊ လေယူလေသိမ်း၊နယ်မြေဒေသ၊ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအမြင်အပေါ်တွ င်အခြေခံ၍လည်းကောင်း၊လုပ်ပိုင်ခွင့်အားအသုံးချ၍လည်းကောင်း အောက်ခြေအာဏာပိုင်များ၏ခွဲခြားဆက်ဆံမှုများရှိနေခြင်း၊ထိုသို့ခွဲခြားဆက်ဆံမှုအား ဆက်လက်ဖြစ်ပွားနေသည်ကို တမင်တကာလျစ်လျူပြုထားခြင်း)။

၂။ ပြည်သူလူထုအား အကျပ်အတည်းများအောက်တွင် နေခိုင်းခြင်းသဘောမျိုးဖြစ်သော(ဗုံးကြဲခံရနိုင်မှု၊ စားဝတ်နေရေးအကျပ်အတည်းဆိုက်မှု၊လူလု ပ်ကပ်ဘေးသင့်မှု၊သဘာဝကပ်ဘေးသင့်မှု၊ကျန်းမာရေးဆိုင်ရာကူးစက် ရောဂါဖြစ်မှု၊လူမှုစီးပွားဘဝပျက်သုဥ်မှု စသည့်နယ်မြေများတွင် စစ်ရေး၊နိုင် ငံရေးအရအသုံးချရန် အာဂျင်တာအ တွက်နေခိုင်းခြင်း)။စသည့်အချက်များ ရှိနေပြီး ထိုကဲ့သို့ ကပ်ဘေးသင့်နယ်မြေထဲမှ လူထု၏ထွက်ခွာခွင့်အား “ဥပဒေအရ၊အမိန့်အရ၊တာဝန်အရ” ဟုဆိုကာ တားမြစ်ပိတ်ပင်မှုသည်လည်း နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ပြည်သူလူထုအား အမိုးဖွင့်အကျဉ်း ထောင်(Open Air Prison)ထဲတွင် ထည့်ထားခြင်းပင်ဖြစ်သည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းသည် မှုခင်း၏မူရင်းနေရာတွင် တရားမစွဲဆိုနိုင်ပါက အခြားသောနေရာတွင် တရား စွဲဆို၍ရသောနိုင်ငံတကာနယ်လွန်တ ရားစီရင်မှု(Universal Jurisdiction) အောက်တွင်ရှိနေသည့် အမှုမျိုးဖြစ်သ ည်။

ထွက်ခွာခွင့်၊ပြန်လာခွင့်နှင့်ပတ်သက်၍အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်(ILO)တွင်လည်း ပဋိညာဉ်များရှိသေးသည်။ ILO ပဋိညာဉ်လွမ်းခြုံထားသောနယ်မြေပေါ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထိုပဋိ ညာဉ်အပေါ်တွင် လေးစားလိုက်နာရန်တာဝန်ရှိသည်။

ခြေထောက်ဖြင့်ဆန္ဒထုတ်ဖော်ခြင်း

ပြည်သူလူထုသည် နိုင်ငံရေးအခြေအ နေတခုအား မနှစ်သက်သောအခါ၊ ထိုအခြေအနေကိုလည်း အပြောင်းအလဲဖြစ်ရန်ပတ်ဝန်းကျင်အခြေအနေလည်း မရှိသောအခါ ထိုနိုင်ငံရေးအခြေအနေကို မနှစ်သက်ကြောင်း ဆန္ဒအပေါ် အ ကောင်းဆုံးထုတ်ပြမှုသည် ထိုအခြေအ နေအောက်မှထွက်ခွာခြင်းပင်ဖြစ်သည် ။

ထိုစကားလုံးအား Voting with Their Feet သို့မဟုတ် ခြေထောက်ဖြင့်မဲပေးခြင်းဟု ခေါ်သည်။လူထု၏ဆန္ဒအပေါ် အသိအမှတ်ပြုမှုမပါသော မည်သည့်နိုင်ငံရေးအာဂျင်တာမှ မအောင်မြင်တ တ်ချေ။လူထုအား အမိုးဖွင့်အကျဉ်း ထောင်တွင်ထည့်ထား၍ လောကကိုအလှဆင်၍လည်းမရချေ။

လက်ရှိအရှိတရားအရတော့ နိုင်ငံတ ကာလူသားချင်းစာနာမှုယန္တရားများသည် ပဋိပက္ခများဖြစ်နေသည့်အချိန်တွင် အကာအကွယ်ပေးနိုင်ခြင်းက အားနည်းပေသည်။

သို့ရာတွင် နိုင်ငံတကာအဆင့် ရာဇဝတ် မှုဖြင့်တရားစွဲဆိုခံရပါက နိုင်ငံရေးအနာဂတ်သာယာသော ခေါင်းဆောင်မျိုးလည်း မရှိသေးချေ။

PrevPreviousအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကခိုးထွက်သူတွေကို ဖမ်းဆီးစစ်မှုထမ်းခိုင်း
Nextအာရက္ခဒေသက ကူရ်ဘာနီအီးဒ်ပွဲတော် (ဓာတ်ပုံသတင်း)Next
Previous Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကခိုးထွက်သူတွေကို ဖမ်းဆီးစစ်မှုထမ်းခိုင်း

Next Post

အာရက္ခဒေသက ကူရ်ဘာနီအီးဒ်ပွဲတော် (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-Watan

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

March 5, 2026
Photo-KNU

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

March 5, 2026

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

March 5, 2026
Photo-SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

March 5, 2026

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

​ထိုင်းနဲ့ မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက်တွေ့ဆုံ

Releated Post

Photo-Watan

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

March 5, 2026
ဓာတ်ပုံ-တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

March 5, 2026
Photo-KNU

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

March 5, 2026

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

March 5, 2026
Photo-SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

March 5, 2026
​Photo -  Royal Thai Army

​ထိုင်းနဲ့ မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက်တွေ့ဆုံ

March 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page