Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်မှာ အရေးပေါ်​သွေးရှာမရလို အမျိုးသမီးတဦးသေဆုံး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇွန် ၂၆။

ကျောက်တော်မြို့နယ်မှာ အရေးပေါ်လူနာအမျိုးသမီးကြီးတဦးအရေးပေါ်သွေးရှာမရလို့ ဇွန်လ ၁၉ ရက်နေ့က သေဆုံးသွားပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ဝါးတောင်ကျေးရွာကားဂိတ်နေ အသက် ၇၄ နှစ်အရွယ်ဒေါ် ခိုင်စိန်လှဖြစ်တယ်ပါတယ်။

သူမဟာ ကျောက်တော်မြို့နယ်ရှိ ဆေး ခန်းတခုကို သွားပြခဲ့ရာအစာအိမ်သွေးကြောပြတ်ရောဂါဖြစ်ပွားနေတာဖြစ်တယ်လို့ မိသားစုတွေက ဆိုကြပါတယ်။

အဲဒီအစာအိမ်သွေးကြောပြတ်ရောဂါကို ကုသဖို့အတွက် သွေးရှာကြချိန်မှာသွေးရှာမရလို ဇွန်လ ၁၉ရက်နေ့ညနေမှာ သေဆုံးသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“သွေးရှာတာ ဘယ်လိုမှရှာလို့မရဘူး။ မိုးထဲလေထဲ တနေကုန်ရှာရတယ်။ပြီးတော့ ဖုန်းလိုင်းတွေမရတာ ပိုဆိုးတယ် ။အရင်ကဆို ဖုန်းဆက်ရင်သွေးအမျိုးအစားတူတာတွေကို ချက်ချင်းရနိုင်မှာ။ခုက ဆွေမျိုးထဲက သွေးတူတာတွေရမလားဆိုပြီး ဆိုင်ကယ်နဲ့သွားခေါ်။မတူရင်ပြန်ပို့။ထပ်ရှာနဲ့အချိန်လည်းကြာတယ်။သွေးရှာရတာ တနေကုန်တယ်။သွေးရတဲ့အချိန်မှာက သွေးသွင်းလို့မရတော့ဘူး။အသက်ဆုံးရှုံးသွားတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်တော်မြို့က သွေးလှူရှင်အသင်းတွေ၊အရပ်ဖက်လူမှုအဖွဲ့အစ ည်းတွေကို ချိပ်ဆက်အကူအညီတော င်းရှာခဲ့တယ်လို့ မိသားစုတွေကဆိုကြပါတယ်။

အဲလိုရှာခဲ့လို့ လိုအပ်တဲ့​အေသွေးတလုံးရှာလို့ရခဲ့ပေမယ့် သွေးသွင်းမယ့်အချိန်မှာ သွေသွင်းလို့မမီတော့ဘဲ အသက်ဆုံးရှုံးသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“သွေးရှာမရလို့ ဆုံးသွားတာကို အသက်ကြီးနေလို့ ဆုံးသွားတာပါဆိုပြီး ဖြေသာပါသေးတယ်။အသက်အရွယ်လ ည်းမကြီးသေးတဲ့သူဆိုတော့ သွေးရှာမရလို့ဆုံးသွားတာကို ဘယ်လိုမှဖြေနိုင်မယ်မထင်ဘူး။သွေးရတဲ့အချိန်မှာ သွေးသွင်းဖို့သွေးရလာပြီလို့ ဆရာဝန်တွေကို သွားပြောတဲ့အချိန်မှာပဲ အဖွားက မျော့ပြီးဆုံးသွားတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရေးပေါ်သွေးလိုအပ်လာရင်ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာမို့ ပုံမှန်သွေးအလှူရှင်တွေကို ဆက်သွယ်မရတာမို့ သွေးရှာရ
ခက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တခြားဒေသတွေကို ထွက်ခွာသူများပြားသွားတာတွေကလည်း ပုံမှန်သွေးလှူသူနည်းပါးသွားစေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ သွေးအလှူရှင်အသင်းတွေ၊ပုံမှန်သွေးလှူသူတွေရှိခဲ့တာမို့အ ရေးပေါ်သွေးလိုအပ်လာရင် သွေးအလွ ယ်တကူရနိုင်ခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် စစ်ပွဲတွေစတင်ပြီးနောက် စစ်ကောင်စီတပ်ကလမ်းပန်းဆက်သွယ် ရေးတွေပိတ်ဆို့ထားတွေ၊ဖုန်းလိုင်း၊အ င်တာနက်လိုင်းတွေ ဖြတ်တောက်ထား
တာတွေကြောင့် သွေးရရှိမှုအခက်အခဲတွေဖြစ်နေကြတာလို့ ဆိုကြပါတယ်။

အဲဒီအပြင် သွေးအလှူရှင်များအသင်းတွေလည်း ငွေကြေးအခက်အခဲတွေကြောင့် ပုံမှန်မလည်ပတ်နိုင်ကြတော့တာမို့ သွေးရရှိမှုအခက်အခဲတွေဖြစ်နေကြတာလို့ ဆိုကြပါတယ်။

အဲဒါကြောင့်သွေးလိုအပ်တဲ့လူနာတွေအတွက် သွေးအမျိုးအစားအလိုက်အေသွေးတလုံးကို ကျပ်နှစ်သိန်း၊ အေဘီသွေးတလုံးကို ကျပ်နှစ်သိန်းခွဲ၊ဘီသွေးနဲ့အိုသွေးအမျိုးအစားတလုံးကို ကျပ်​တသိန်းမှတသိန်းခွဲထိပေးပြီး ဝယ်ယူနေကြရတယ်လို့လည်း သွေးလှူရှင်အသင်းတွေဆီက ဆိုကြပါတယ်။

အာရက္ခဒေသမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုင်းနဲ့စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ် ရာရရှိသွားသူတွေဟာ အရေးပေါ်သွေးလိုအပ်ပေမယ့် သွေးရှာမရတာလို့အ သက်ဆုံးရှုံးသွားသူတွေလည်း အများကြီးရှိလာနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousကျောက်ကြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်နှစ်ဦးဖမ်းမိ
Next“သွေးသွင်းတာနောက်ကျသွားလို့ပဲထင်ပါတယ်။”Next
Previous Post

ကျောက်ကြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်နှစ်ဦးဖမ်းမိ

Next Post

“သွေးသွင်းတာနောက်ကျသွားလို့ပဲထင်ပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ကစယ်ဒိုမှာမိုင်းနင်းမိလို့ အရပ်သားတဦးခြေထောက်တဖက်ပြတ်ထွက်

March 10, 2026

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

March 10, 2026

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

March 10, 2026

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

March 10, 2026

​ကစယ်ဒိုမှာမိုင်းနင်းမိလို့ အရပ်သားတဦးခြေထောက်တဖက်ပြတ်ထွက်

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

Releated Post

​ကစယ်ဒိုမှာမိုင်းနင်းမိလို့ အရပ်သားတဦးခြေထောက်တဖက်ပြတ်ထွက်

March 10, 2026

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

March 10, 2026

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

March 10, 2026

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

March 10, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page